ကရင်နီ စစ်ရှောင်များ အကူညီပေးရေး ပိုခက်ခဲလာနေ
ကရင်နီ (ကယား) ပြည်ရှိ စစ်ရှောင်များသည် ထွက်ပြေးတိမ်းရှောင်ချိန် ကြာလာသည်နှင့်အမျှ အကူညီပေးရေး ပိုမို ခက်ခဲလာနေကြောင်း စစ်ရှောင်ကူညီထံမှ သတင်းသိရသည်။ ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ (ကယား) ပြည်တွင် တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ...
“ကျနော်တို့မှာ ပြန်လာစရာ နေအိမ် ဆိုတာ မရှိတော့ဘူး ။ အရမ်းကြီး ဝမ်းနည်းသလို ၊ စိတ်ဓာတ်လည်း ကျတယ်” လို့ တုန်ရီရီနေတဲ့ အသံနဲ့ ကိုကြည်ညှိက ပြောပါတယ်။ ကိုကြည်ညှိဟာ အသက် ၂၈ နှစ် အရွယ်ရှိပြီး ပရဟိတ အလုပ်လုပ်ဖို့ ဝန်မလေးတဲ့ သူတစ်ဦး...
ဖယ်ခုံမြို့နယ် တိုက်ပွဲများ ပြန်ပြင်းထန်လာမှာကို ဒေသခံများ စိုးရိမ်နေ
သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွေ ပြန်ပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၉ ရက်မှစပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင်လည်း စစ်ကောင်စီ၏ ရိက္ခာတင်လာသည့်ကားကို ပြည်သူ့ကာကွယ်ရေးတပ်...
ကွတ်ခိုင်မြို့နယ် တစ်ရက်တည်း KIA နဲ့ စကစ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား
သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆) ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာနား...
စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့ကြား တိုက်ပွဲ အပြီး မိုင်းငေါ့ အရပ်သား နှစ်ဦး မိုင်းနင်းမိ
သျှမ်းပြည် ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ် (ခွဲ) မှ နမ့်တွေကျေးရွာအနီး ဖြစ်ပွားသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီတို့ အကြား တိုက်ပွဲအပြီးတွင် အရပ်သား နှစ်ဦးက မိုင်းနင်းမိခဲ့ကြောင်း စုံစမ်း သိရသည်။ ဇူလိုင်လ ၁၀...
ဖယ်ခုံ တစ်လကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၁၉ ဦး သေဆုံး
သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် တလကျော်ကြာ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံးပြီး၊ ဖယ်ခုံ (PDF) ရဲဘော် တဦးကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းပိုင်းမှစပြီး ဇူလိုင် ဒုတိယပတ်အထိ တစ်လကျော်ကြာ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်...
သျှမ်းပြည် ဖယ်ခုံမြို့အတွင်း ရိက္ခာ နှင့် လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၉ ရက် ညနေ ၉ နာရီဝန်းကျင် အချိန်မှစ၍ ဖယ်ခုံမြို့ရှိ...
ကရင်နီ စစ်ရှောင်စခန်း ဗုံးကြဲခံရ ကလေးအပါအဝင် ၂ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ
ကရင်နီ (ကယား) ပြည်ရှိ စစ်ဘေးရှောင်စခန်း (၂) နေရာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် (၂) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( ဇူလိုင် ၁၂) ရက် မနက် ၂...
“လမ်းများအားလုံး…နေပြည်တော်သို့” သို့မဟုတ်တောင်ပိုင်းစစ်ဒေသကို လေ့လာခြင်း
SHAN -
နိဒါန်း ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူး စသည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ နေပြည်တော်နှင့် ဆက်စပ်နယ်မြေများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများကို စုစည်းကာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက “တောင်ပိုင်းစစ်ဒေသ” အဖြစ် စုဖွဲ့ထားပါသည်။ ယင်းတောင်ပိုင်းစစ်ဒေသကို တောင်ပိုင်းနှင့် အလယ်ပိုင်းမှ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (၂) ခုဖြစ်သော...
မူဆယ်မြို့နယ် ၁၀၅ မိုင် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ TNLA ဘက် တစ်ယောက်ကျဆုံး
သျှမ်းပြည် မူဆယ်ခရိုင် ၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ အခွန်လာကောက်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့သည် ယနေ့ (ဇူလိုင် ၁၁) ရက် နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ...






