Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် တစ်ရက်တည်း KIA နဲ့ စကစ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။

KIA

ယမန်နေ့ (ဇူလိုင်လ ၁၆) ရက် မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာနား အရောက် စစ်ကြောင်း ချီတက်လာသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် KIA စစ်ကြောင်း နှင့် ထိတွေ့မိပြီး တိုက်ပွဲဖြစ်ပွားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

“စစ်ကောင်စီက နမ့်ဖတ်ကာဘက်ကနေ တက်လာတာပါ။ ခိုမုန်းရွာနားက အရောက်မှာ KIA နဲ့တွေ့ပြီး တိုက်ပွဲတွေ ဖြစ်သွားတယ်၊ ပစ်ခတ်မှုက တစ်နာရီလောက်တော့ ကြာတယ်၊ ရွာနဲ့လည်း သိပ်မဝေးတော့ အသံတွေ ကြားရ တယ်” ဟု ဒေသအတွင်း ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ပွဲအပြီး မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ် ဖာခတ်ကျေးရွာအနီးမှာလည်း စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီတပ် နှင့် KIA တို့က ထိတွေ့တိုက်ပွဲ ထပ်မံ ဖြစ်ပွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ဒီ တိုက်ပွဲတော့ လက်နက်ကြီး ၊ လက်နက်ငယ် အသံတွေကို ကြားရတယ်၊ နာရီဝက်လောက်တော့ ပစ်ကြတာ၊ အဲ့နောက်ပိုင်းတော့ အသံတွေ ငြိမ်သွားပြီ၊ ဒီနေ့လည်း အသံတွေ မထွက်လာသေးဘူး” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် KIA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံသို့ ဖုန်းဆက်သွယ်မေးမြန်းရာ ထိတွေ့တိုက်ပွဲမှ ကျဆုံးသူများလည်း ရှိနေကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ်၊ မနေ့က ထိတွေ့တိုက်ပွဲ ဖြစ်တယ်ဆိုတာ ကျနော့်ဆီကို အကြောင်းကြားလာတာ ရှိတယ်။ ပြီးတော့ တိုက်ပွဲအတွင်းက စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုတွေ ရှိတယ်ဆိုတာလည်း သိရတယ်။ ဒါပေမဲ့ အတိအကျတော့ မသိရသေးဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခု ဇူလိုင်လ အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲသည် သျှမ်းမြောက်အတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလာသည်ကို တွေ့ရသည်။

ထို့အပြင် ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) ရှိရာ လိုင်ဇာဒေသအနီးမှာလည်း အာဏာသိမ်း စစ်ကောင်စီ နှင့် KIA တို့က နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...