Monday, May 6, 2024

ဖယ်ခုံမြို့အတွင်း ရိက္ခာ နှင့် လက်နက် သယ်ဆောင်လာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

Must read

သျှမ်းပြည် ဖယ်ခုံမြို့အတွင်း ရိက္ခာ နှင့် လက်နက်ပစ္စည်းများ သယ်ဆောင်လာသည့် စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းကို PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

ပြီးခဲ့သည့် ဇူလိုင် ၉ ရက် ညနေ ၉ နာရီဝန်းကျင် အချိန်မှစ၍ ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့အတွက် လိုအပ်သော ရိက္ခာနှင့် စစ်လက်နက် ပစ္စည်းများ သယ်ဆောင်လာသည့် စစ်ကောင်စီထောက်ပို့ ယာဉ်တန်းကို ရှမ်းတောင်မဟာ မိတ်တပ်ပေါင်းစုများက ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်ရင်းက ယနေ့ (ဇူလိုင် ၁၄) ရက်တွင် ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှ CQ တစ်ဦး၊ တပ်ကြပ်၊ ဒုတပ်ကြပ် အပါအဝင် ၄ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

သိမ်းဆည်းခံရသည့် လက်နက်ခဲယမ်းများမှာ MA 1 တစ်လက်၊ စက်လက် (ငါးမြင်းမြီး) တစ်လက်၊ 60 သီး 16 လုံး၊ 18 မိုင်း 1 လုံး၊ Tecno mobile Phone တစ်လုံး၊ အခြားစစ်လက်နက်ခဲယမ်းများနှင့် စစ်ရိက္ခာများ သိမ်းဆည်းရမိကြောင်း ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article