မူဆယ်မြို့နယ် ၁၀၅ မိုင် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ TNLA ဘက် တစ်ယောက်ကျဆုံး

သျှမ်းပြည် မူဆယ်ခရိုင် ၊ ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှာ အခွန်လာကောက်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တို့သည် ယနေ့ (ဇူလိုင် ၁၁) ရက် နံနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

Photo credit to owner (တိုက်ပွဲကြောင့် ပြည်သူနေအိမ်ပျက်စီး)

ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင် ၁၁) ရက် နံနက်ပိုင်းတွင် အရပ်ကားဖြင့် သေနတ်ကိုင်ဆောင်သည့် TNLA တပ်ဖွဲ့ သည် မူဆယ်မြို့နယ် ကုန်သွယ်ရေးဇုန် ၁၀၅ မိုင်၊ နမ့်တောင်းကျေးရွာအနီးတွင် အခွန်ကောက်နေစဥ်၊ စစ်ကောင်စီမှ ဝင်ရောက်ပစ်ခတ်ပြီး TNLA မှ တပ်သား တစ်ဦး ထိမှန် ကျဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“TNLA တို့က ကားတစ်စီး နဲ့ အခွန်ကောက် ရောက်လာတာပါ၊ ကြိုတင်အကြောင်းကြားမှု မရှိလို့ဘဲ ထင်တယ်၊ ဟိုဘက်က လှမ်း မြင်တာနဲ့ ပစ်တာ၊ TNLA ဘက်က တစ်ယောက်ကျသွားတယ်၊ စစ်ကောင်စီဘက်ကလည်း ထိခိုက်ကျဆုံး မှုတော့ ရှိမှာ၊ အတိအကျတော့ မသိရဘူး” ဟု လုံခြုံရေး အရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းပစ်ခတ်မှုသည် ၁၀ မိနစ်နီးပါး ကြာမြင့်ပြီး နှစ်ဖက် ကျဆုံးမှုများ၏ အရေအတွက်ကို တိတိကျကျ မသိရသေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်းတွင်လည်း ကျောက်မဲခရိုင်၊ မိုင်းငေါ့ (မြို့နယ်ခွဲ) အနီး နမ့်တွေ ကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

“မိုင်းငေါ့ကနေ နမ့်တွေကျေးရွာဘက် စစ်ကြောင်း တက်သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့က နမ့်တွေ ရွာအနီး စခန်း ချတဲ့ TNLA နဲ့ ထိတွေ့မှုဖြစ်ပြီး ပစ်ကြတာ၊ မိုင်းငေါ့က ရန်ကင်းတောင်ကနေ လက်နက်ကြီးနဲ့လည်း လှမ်းပစ်တယ်၊ ထိခိုက်ကျဆုံးမှုကတော့ မသိရဘူး” ဟု မိုင်းငေါ့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်ဖွဲ့တို့ အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း နှင့် ပတ်သက်ပြီး TNLA တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ထံသို့ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါ။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း လက်ရှိမြေပြင်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ တပ်ရင်း၊ ဌာနချုပ်များကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းတို့ အဆက်မပြတ် ပြုလုပ်လာသည်ကို တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...