စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့ကြား တိုက်ပွဲ အပြီး မိုင်းငေါ့ အရပ်သား နှစ်ဦး မိုင်းနင်းမိ

သျှမ်းပြည် ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ် (ခွဲ) မှ နမ့်တွေကျေးရွာအနီး ဖြစ်ပွားသည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) နှင့် အာဏာသိမ်း စစ်ကောင်စီတို့ အကြား တိုက်ပွဲအပြီးတွင် အရပ်သား နှစ်ဦးက မိုင်းနင်းမိခဲ့ကြောင်း စုံစမ်း သိရသည်။

စစ်ကျန်ပေါက်ကွဲပစ္စည်း

ဇူလိုင်လ ၁၀ ရက်နေ့တွင် ဖြစ်ပွားသည့် စစ်ကောင်စီ နှင့် တအာင်း(ပလောင်) တပ်ဖွဲ့ (TNLA) တို့၏ တိုက်ပွဲအပြီး ဒေသခံ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့က မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်တွေရွာ အနီးမှာ မိုင်းနင်းမိပေါက်ကွဲတာပါ။ အမျိုးသားဖြစ်သူက ခြေထောက်တွေ၊ ဝမ်းဗိုက်တွေမှာ ထိခိုက် ဒဏ်ရာ ရသွားတယ်၊ အမျိုးသမီးကတော့ ခြေကျင်းဝတ် နဲ့ လက်မောင်းတွေမှာ ဒဏ်ရာပြင်းထန်တယ်၊ နားရွက် မှာလည်း မိုင်းစတွေ ထိထားတယ်”ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုင်းနင်းမိ ဒဏ်ရာရသည့် အမျိုးသား နှင့် အမျိုးသမီးကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ လက်ခံ ဆေးကုသပေးနေကြောင်းလည်း TNLA မှ ထုတ်ပြန်ထားသည်။

ပေါက်ကွဲမှု ဖြစ်သည့် မိုင်းကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ ထောင်ထားသည်ကို မသိရကြောင်း နှင့် TNLA တပ်ဖွဲ့မှလည်း အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိပေ။

မိုင်းပေါက်ကွဲမှု မဖြစ်ခင် အဆိုပါ နေရာအနီးတစ်ဝိုက်၌ TNLA တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့၏ ထိတွေ့တိုက်ပွဲလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အဲ့နေ့က TNLA နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်သေးတယ်လေ၊ အဲ့တိုက်ပွဲ အပြီး ဈေးသွားဝယ်တဲ့ အဲ့နှစ်ဦးက မိုင်းကို နင်းမိတာ၊ ဒီမိုင်းက ဘယ်တပ်ဖွဲ့က ထောင်ထားမှန်းတော့ မသိရဘူး” ဟု အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့က မူဆယ်မြို့နယ်၊ ၁၀၅ မိုင်အနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး TNLA တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်းလည်း သိရသည်။

ယခု ဇူလိုင်လအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် TNLA တပ်ဖွဲ့ လှုပ်ရှားရာ နယ်မြေအတွင်းသို့ စစ်အင်အားဖြည့် လှုပ်ရှားမှုများ ခပ်စိပ်စိပ် ဖြစ်လာကြောင်း TNLA ပြန်ကြားရေးမှ သတင်း ထုတ်ပြန် ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...