လက်နက်ကိုင်တွေရဲ့ မြေစာပင်

“ကျနော်တို့မှာ ပြန်လာစရာ နေအိမ် ဆိုတာ မရှိတော့ဘူး ။ အရမ်းကြီး ဝမ်းနည်းသလို ၊ စိတ်ဓာတ်လည်း ကျတယ်” လို့ တုန်ရီရီနေတဲ့ အသံနဲ့ ကိုကြည်ညှိက ပြောပါတယ်။

စစ်ကောင်စီမှ ကျေးရွာရှိ နေအိမ်တွေကို မီးရှို့ဖျက်စီး

ကိုကြည်ညှိဟာ အသက် ၂၈ နှစ် အရွယ်ရှိပြီး ပရဟိတ အလုပ်လုပ်ဖို့ ဝန်မလေးတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ အခုမှာတော့ ပရဟိတတွေ လုပ်ရင်း ပြေးရင်းနဲ့ ပြန်စရာ နေအိမ်လည်း မရှိတော့ပါဘူး။

စစ်တပ်အာဏာ မသိမ်းခင်တုန်းက သျှမ်းပြည် မိုးဗြဲမြို့ရှိ လူမှုကူညီရေး အသင်းတစ်ခုမှာ အလုပ်လုပ်နေရင်း ကနေ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ဘေးရှောင် တစ်ဦးအဖြစ်လည်း ရောက်ရှိလာပါတယ်။

နောက်ပိုင်းမှာတော့ ကိုကြည်ညှိတယောက် စစ်ဘေးရှောင်ဘဝကနေပြီး စစ်ဘေးရှောင်ကို ကူညီတဲ့သူတစ်ဦး ဖြစ်လာပါတယ်။

တိုက်ပွဲကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီး

“အရင်ကတည်းက ကျနော်တို့က လူမှုကူညီရေး အသင်းအဖွဲ့ဝင် ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းတော့ ကျနော်တို့မြို့မှာ တိုက်ပွဲဖြစ်တော့ စစ်ဘေးရှောင်ရတယ်။ ကျနော်လည်း စစ်ဘေးရှောင်ရင်း နဲ့ပဲ စစ်ဘေးရှောင်တွေကို ကူညီပေးဖြစ်ခဲ့တာပါ” လို့ ကိုကြည်ညှိက ပြောပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေတာကနေ စစ်ကောင်စီ ရဲ့ စောင့်ကြည့်မှုကိုလည်း ခံနေရပေမယ့် ဖမ်းဆီးခံရမှာကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ဆက်ပြီး လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူနေထိုင် လှုပ်ရှားနေတဲ့ မိုးဗြဲမြို့ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနစ် မတ်လ မှာ စစ်ကောင်စီ ရဲ့ စခန်းကို စတင်တိုက်ခိုက်ခဲ့တဲ့ နေရာဖြစ်ပြီး ဒီကနေ့ချိန်ထိ မိုးဗြဲမြို့ ဟာ စစ်ရေး အရှိန်တင်းမာနေဆဲ ဒေသတစ်ခုဆိုရင်လည်း မမှားပါဘူး။

စစ်ရှောင်စခန်း

မိုးဗြဲမြို့ပေါ်မှာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ပြည်သူတွေလည်း နေရပ်မှာ အခြေချ နေထိုင်ဖို့အတွက် စိန်ခေါ်မှုတွေ အများပြား ရှိနေပါတယ်။

ဒါကြောင့် မြို့ဒေသခံတွေက စစ်ရှောင်စခန်းတွေမှာပဲ နေ့စဉ်ဘဝကို ကျင်လည်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲ တစ်ဖန်ပြန် ဖြစ်ပွားခဲ့ပြီး အဲ့ဒီ တိုက်ပွဲအတွင်းမှာ နှစ်ဖက်လုံးက လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

မြို့တွင်း တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်သားတွေက ပြည်သူတွေရဲ့ နေအိမ်မှာ တပ်စွဲပုန်းခိုနေထိုင်နေသလို PDF တပ်သားတွေကလည်း ပြည်သူနေအိမ်တွေမှာ နေထိုင်ကြပါတယ်။

စစ်ရှောင်စခန်း

စစ်ကောင်စီတွေ ပြည်သူနေအိမ်ထဲ တပ်စွဲနေတာကြောင့် PDF တွေက ဒရုန်း နဲ့ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ပြည်သူနေအိမ်တွေ အချို့လည်း ပျက်စီးသွားခဲ့ပါတယ်။ အဲ့ဒီ ပျက်စီးသွားတဲ့ အိမ်တွေထဲမှာ ကိုကြည်ညှိရဲ့ အိမ်လည်း ပါဝင်ပါတယ်။

“အဲနေ့က စစ်ကောင်စီ တပ်သားတွေက ကျနော်တို့ အိမ်ထဲမှာ ဝင်ပုန်းတာ။ PDF တွေကလည်း ဒရုန်း နဲ့ အပေါ်ကနေ ပစ်ချခဲ့တာ။ အဲ့ဒါကြောင့် ကျနော်တို့ အိမ်ကလည်း ပျက်စီးသွားခဲ့တာ။ တချို့သူများ အိမ်တွေကလည်း လက်နက်ကြီးကြောင့် ပျက်စီးသွားတာရှိတယ်” လို့ ကိုကြည်ညှိက သူတို့ ပျက်စီးသွားရတဲ့ အကြောင်းကို ပြောပါတယ်။

အာဏာသိမ်း ၂ နှစ်သာ ကာလအတွင်း မိုးဗြဲမြို့ပေါ်မှာ ပြည်သူနေအိမ် တစ်ဝက်လောက်က တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့တယ်လို့ မိုးဗြဲမြို့အတွင်း တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မိုးဗြဲမြို့ ဒေသခံနေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီး

“အရင်ကတော့ ကျနော်တို့ စာရင်းကောက်ထားတာ ရှိတယ်။ အခုတော့ မြို့ထဲလည်း ဝင်လို့မရတော့ဘူးလေ။ ပျက်စီးတာတော့ အများကြီးပါပဲ။ မြို့ရဲ့ တစ်ဝက်လောက်တော့ ရှိမယ်ထင်တယ်” လို့ ၎င်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အထိတော့ မိုးဗြဲမြို့မှာ နေအိမ်ပျက်စီးမှု ၁၀၀ ကျော်ရှိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အလားတူ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း နေအိမ် ၊ အဆောက်အအုံ ၃၆,၀၀၀ ကျော်လောက် မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ ISP Myanmar က ၂၀၂၂ စက်တင်ဘာလအတွင်းမှာ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်လောက် စုဆောင်းပြီး ဆောက်ထားတဲ့ ကိုကြည်ညှိတို့ရဲ့ အိမ်ကလည်း မိနစ်ပိုင်းအတွင်းမှာပဲ အကုန်ပျက်စီးသွားခဲ့တဲ့အတွက် “ ကံတရားပေါ့” ဆိုတဲ့ စကားတလုံးကလွဲပြီး ဖြေသိမ့်စရာ စကားမရှိပေ။

မိုးဗြဲမြို့တွင်း

“ကျနော်တို့ ခံစားချက်ကို ထုတ်ဖော်ဖို့က တခါတလေ ကျနော်တို့လည်း အရမ်းကို ခံစားရပါတယ်။ ကျနော်တို့ ဘယ်လို ပြန်တည်ဆောက်ရမလဲ။ ကျနော်တို့ မိဘတွေ နှစ်ပေါင်း ၅၀ လောက် စုဆောင်းပြီး ဆောက်ထားတဲ့အိမ်က ပျက်စီးသွားတော့ အခုချိန်မှာ သူတို့ကလည်း ဒီလိုမျိုး ပြန်ဆောက်နိုင်တော့မှာ မဟုတ်တော့ဘူး။ နောက်ဆုံးတော့လည်း ကံတရား ပဲပေါ့” လို့ ကိုကြည်ညှိက ဆိုပါတယ်။

ဒါပေမဲ့လည်း ကိုကြည်ညှိဟာ လက်ရှိမှာတော့ ခိုကိုးရာမဲ့ ဘဝကနေပြီး နိုင်ငံရေး ပြန်ကောင်းလာဖို့ အတွက် ဆုတောင်း ရုံမှတပါး တော်လှန်ရေး အောင်မြင်ဖို့အတွက် ဆက်လက်အားပေး ထောက်ခံနေသွားမယ်လို့ ဆိုပါတယ်။

“အခုလို့ စိတ်ဓာတ်ကျနေလည်း ဘာမှလည်း မထူးပါဘူး။ ကျနော်တို့လည်း ပြန်ကုစားရအုန်းမှာပေါ့။ ကျနော်တို့ အသက်အရွယ် ငယ်သေးတယ်ဆိုနဲ့ပဲ အားတင်းထားတာပေါ့ “ လို့ ကိုကြည်ညှိက စိတ်မကောင်းစွာ ပြောပါတယ်။

ဒါပေမယ့် စစ်ရေး ပဋိပက္ခတွေကိုတော့ မြို့နဲ့ဝေးရာနေရာ နဲ့ စစ်ဘေးရှောင် ပြည်သူတွေ ခိုလှုံတဲ့နေရာ အနီးတွေမှာ မဖြစ်စေချင်ကြောင်း သူက အနူးအညွတ် တောင်းဆိုလိုက်ပါတယ်။

မိုးဗြဲမြို့ ဒေသခံနေအိမ်များ လက်နက်ကြီးထိမှန်ပျက်စီး

“တကယ်တော့ စစ်ဖြစ်တယ်ဆိုရင်လည်း မြို့နဲ့ဝေးတဲ့နေရာဖြစ်ရင် ပိုကောင်းတာပေါ့နော်။ တောတောင်တွေမှာ ဖြစ်တာတော့ ပိုကောင်းတာပေါ့။ စစ်တပ်ကလည်း ပြည်သူတွေရဲ့ နေအိမ်တွေကို အဓိက ကာကွယ်ပြီးနေတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ကလည်း မဖြစ်မနေ တိုက်ရမှာပေါ့နော်” လို့ ကိုကြည်ညှိက ဆိုပါတယ်။

တိုက်ပွဲတွေက မြို့ထဲမှာ ဖြစ်ရတယ်ဆိုတာက စစ်ကောင်စီတွေက မြို့ပေါ်မှာ နေရာယူထားတာကြောင့် နဲ့ ရွာဘက်တွေကို ဦးတည်ပြီး လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်မှုကြောင့် မြို့ပေါ် တိုက်ပွဲဖြစ်နေရကြောင်း မိုးဗြဲ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုလိုက်ပါတယ်။

“မြို့ပေါ်မှာ တိုက်ပွဲဖြစ်တော့ အထိခိုက်တွေ အများပြား ရှိတာပေါ့။ ပြည်သူတွေကိုလည်း အရမ်းထိခိုက်ပါတယ်။ နေအိမ်တွေဆိုရင်လည်း အများကြီး ပျက်စီးသွားတာရှိတယ်” လို့ PDF တပ်ဖွဲ့ဝင် တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ဟာ ပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းပြီး သတ်ဖြတ်တာရှိသလို စစ်ဘေးရှောင် စခန်းတွေကိုလည်း လက်နက်ကြီး ပစ်တာရှိနေပါတယ်။

လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီး

ပြီးခဲ့သည့် ဇွန်လအတွင်း မိုးဗြဲမြို့ စစ်ကောင်စီ နဲ့ PDF တို့ တိုက်ပွဲကြောင့် ပြည်သူ ၁၇ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းမီဒီယာ Karenni’s Voice က ဇူလိုင်လ အတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ISP Myanmar ကလည်း အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်းမှာ သျှမ်းပြည်တွင်း အရပ်သား သေဆုံးမှု (၅) နေရာမှာ ရှိထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်သူတွေဟာ စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကြား စစ်မြေပြင်အတွက် မြေစာပင်တွေ ဖြစ်နေပါတယ်။

စစ်ရှောင်စခန်း

ဒါအပြင် လက်ရှိ သျှမ်းပြည်သူတွေဟာလည်း တိုင်းရင်းသား လက်နက်ကိုင်ရဲ့ ဖိနှိပ်မှုတွေအပြင် စစ်ကောင်စီရဲ့ ဖိနှိပ်မှုကိုပါ နေ့စဉ် ဒုနဲ့ဒေးလို့ ရင်ဆိုင် ခံစားနေကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း ပြည်တွင်း စစ်ဘေး‌ဒုက္ခသည် ၂ သန်းခွဲကျော်အထိ ရှိလာခဲ့ပါတယ်။

ပဋိပက္ခကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာ နေထိုင်ရတဲ့အခြေအနေမှာ UNHCR အနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေဖြစ်တဲ့ စောင်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ ခြင်ထောင်တွေ ရေပုံးတွေ အိပ်ဖျာတွေ အဝတ်အထည်တွေနဲ့ ဆိုလာမီးအိမ်တွေ အပြင် အခြေခံအိမ်သုံး ပစ္စည်းတွေပါ ကူညီပံ့ပိုးခဲ့ပါတယ်။

ဒါ့အပြင် အိမ်အမိုးသွပ်တွေနဲ့ နေရပ်စွန့်ခွာနေထိုင်ခါစ လူမှုအသိုင်းအဝန်းတွေအနေနဲ့ ၎င်းတို့ ခိုလှုံရာနေရာမှာ ကိုယ်တိုင် ဆောက်လုပ်နိုင်ဖို့အတွက် လုံလောက်တဲ့ ပစ္စည်းတွေကို ကူညီပေးပြီး၊ လက်ရှိမှာတော့ နေအိမ်အပျက်အစီးဆိုင်ရာ အချက်အလက်တွေကို UNHCR အနေနဲ့ အချက်အလက် စုဆောင်းထားခြင်းမရှိသေးပါပေ။

စစ်မြေပြင် အတွင်း နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ စစ်ဘေးရှောင် ကိုကြည်ညှိတစ်ယောက်အနေနဲ့ကတော့ ပဋိပက္ခတွေချုပ်ငြိမ်းသွားရင်တောင် ပြန်စရာ နေအိမ်မရှိတဲ့အတွက် စိတ်မကောင်း ဖြစ်နေပါတယ်။

“အခုချိန်မှာ အခြေနေ တင်းမာမှုကလျော့သွားလို့ နေအိမ်ပြန်လို့ရပြီဆိုရင် ကျနော်တို့မှာ ပြန်စရာ အိမ်မရှိတော့ဘူးပေါ့။ ကျနော်တို့ တခြားသူတွေရဲ့ နေအိမ်ပျက်စီးမှုတွေ ထပ်မကြုံစေချင်တော့ဘူး ” လို့ ကိုကြည်ညှိက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...