မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည်သူ့စစ် ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲပြုလုပ်

သျှမ်းပြည် လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မိုင်းဟ/မိုင်းဟိုင်း ပြည့်သူ့စစ်တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးခန်းအသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

Photo – Credit ( မိုင်းဟပြည်သူ့ရုံးခန်းဖွင့်ပွဲ)

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် မိုင်းရယ်မြို့ နှင့် မိုင် ၃၀ ဝန်းကျင် ကွာဝေးသည့် မိုင်းဟပြည့်သူ့စစ် ဌာနေ မိုင်းဟ/မိုင်းဟိုင်းမှ မန်မုံကျေးရွာတွင် ဆက်ဆံရေးရုံး အသစ် တစ်ခု ဖွင့်လှစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆောက်နေတာကတော့ တစ်နှစ်နီးပါး ရှိနေပြီ၊ ပြီးခဲ့တဲ့ လထဲမှာပဲ ပြီးသွားတာ၊ အစပိုင်းက ဆောက်နေတာ မြင်တုန်း ကတော့ ဘယ်သူ့အိမ်လဲပေါ့၊ အခု ဆိုင်းဘုတ်တွေ့တော့မှ ပြည်သူ့စစ်ရဲ့ ဆက်ဆံရေးရုံးဖြစ်မှန်း သိရတာ” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပြည်သူ့စစ် ဆက်ဆံရေးရုံး အသစ် ဖွင့်ပွဲကို မိုင်းရယ်မြို့မှ ဌာနဆိုင်ရာ ဝာာဝန်ရှိသူများဖြစ်ကြသည့် ထွေအုပ်မှ ဝာာဝန်ရှိသူများ၊ မြို့မ ရဲစခန်းမှ တာဝန်ရှိသူများ ၊ မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေး တချို့နှင့် တခြား ဝာာဝန်ရှိသူများလည်း တက်ရောက်ဖြစ်ခဲ့ကြောင်း သိရသည်။

Photo – Credit ( မိုင်းဟပြည်သူ့ရုံးခန်းဖွင့်ပွဲ)

ယင်းကဲ့သို့ မိုင်းဟပြည်သူ့စစ်မှ ဆက်ဆံရေးရုံး အသစ်ဖွင့်လှစ်ခြင်း နှင့် ပတ်သက်ပြီး ဒေသအတွင်း ထူးခြားမှု တစ်ခုဖြစ်နေကြောင်း နှင့် ယခင်ချိန်များတွင် ဒေသအတွင်းမှ ဌာနေပြည်သူ့စစ်များ ရုံးခန်းဖွင့်လှစ်ခြင်း မရှိခဲ့ဖူးကြောင်းလည်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ထူးတော့ထူးခြားတာပေါ့နော်။ တောရွာက ဆက်ဆံရေးရုံး ဆိုပေမဲ့ RC တိုက်နဲ့ ခေတ်မှီလက်မှီပုံစံပါပဲ၊ အရင် ကတည်းက ပြည်သူ့စစ်တပ်ဖွဲ့ သွားလာလှုပ်ရှားမှု ရှိတယ် ဆိုပေမဲ့ ခုလိုမျိုး ရုံးနဲ့ မမြင်ဖူးသေးဘူးလေ” ဟု ဒေသခံများက ပြောသည်။

မိုင်းဟပြည်သူ့စစ်တပ်ဖွဲ့သည် မိုင်းရယ်မြို့နယ် နှင့် တန့်ယန်းမြို့နယ် တစ်လျှောက် သွားလာလှုပ်ရှားနေသည့် တပ်ဖွဲ့ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မိုင်းရယ်မြို့နယ် မန်ပန်ကျေးရွာအုပ်စု ကြူကွမ်ကျေးရွာနေ အမျိုးသမီးကို မိုင်းဟ ပြည်သူ့စစ် တစ်ဦးက ရည်းစားစကားလိုက်ပြောရာမှ အဖြေ ပြန်မပေးသောကြောင့် သေနတ်ဖြင့် ပတ်ခတ်ခဲ့သည့်ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...