ဖယ်ခုံမြို့နယ် တိုက်ပွဲများ ပြန်ပြင်းထန်လာမှာကို ဒေသခံများ စိုးရိမ်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွေ ပြန်ပြင်းထန်လာမှာကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်း သိရှိရသည်။

ဖယ်ခုံမြို့နယ် စစ်ကောင်စီ တဖက်သတ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသည့်နေအိမ်

ပြီးခဲ့သည့် ဇူလိုင် ၉ ရက်မှစပြီး စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၄ ရက်တွင်လည်း စစ်ကောင်စီ၏ ရိက္ခာတင်လာသည့်ကားကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) က မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီက အထိနာခဲ့သည့်အတွက်ကြောင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည် ဖြည့်တင်း လာကြောင်း ဖယ်ခုံမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့ ဒီလအတွင်းမှာလည်း စစ်ကောင်စီ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ပွဲဖြစ်ကြတယ်လေ။ ပြီးတော့ ဟိုနေ့ကလည်း သူတို့ ရိက္ခာတင်ကားကို PDF တွေက မိုင်းဆွဲ တိုက်ခိုက်တယ်။ စစ်ကောင်စီကလည်း အထိနာတယ်။ အဲ့နေ့မှာ သူတို့ စစ်အင်အားတွေ ပိုဖြည့်တင်းလာတယ်။ ဒီ ရက်ပိုင်းတွေမှာကတော့ တိုက်ပွဲ ပြန်ငြိမ်နေတယ်” ဟု ဖယ်ခုံမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၄ ရက်တွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ လွိုင်ပန်ဆုံကျေးရွာကို လက်နက်ကြီး ပစ်ခတ်ခဲ့သည့် အတွက်ကြောင့် စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ဟိုနေ့ကလည်း လွိုင်ပန်ဆုံကျေးရွာကို တိုက်ပွဲမရှိပဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခဲ့တယ်။ အဲ့နားက စာသင်ကျောင်း ပျက်သွားတယ်။ လူထိခိုက်တာတွေတော့ မရှိဘူး။ ကျောင်းပဲ ပျက်သွားတာ။ အခုတိုက်ပွဲ ငြိမ်တာက ပိုကြောက်ဖို့ကောင်းတယ်။ အရင်တွေကလည်း တိုက်ပွဲနည်းနည်းဖြစ်ပြီး ပြန်ငြိမ်သွားရင် နောက်ပိုင်း တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်။ အခုလည်း အရင်လိုဖြစ်မှာ ကြောက်နေရတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာ အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သည် ဇွန်လ ၁၅ ရက်မှစပြီး တလအတွင်း ၁၄ ကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF Pekhon ထံမှ သိရသည်။

အလားတူ ဇွန်လအတွင်း တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...