CATEGORY

စစ်ရေး

နောင်ချိုမြို့အနီး ကျောက်ကြမ်းရွာရှိ စစ်ကောင်စီတပ်ကို TNLA နှင့် မန္တလေး-PDF ပူးပေါင်းတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့၊ မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ အချိန်ခန့်မှ စတင်ပြီး နောင်ချိုမြို့အနီး ကျောက်ကြမ်းကျေးရွာရှိ စစ်ကောင်စီတပ်ကို TNLA တပ်ဖွဲ့နှင့် မန္တလေး-PDF တပ်ဖွဲ့တို့က...

သိန္နီမြို့ ညီနောင်မဟာမိတ်များ ခေတ္တထိန်းချုပ်ခဲ့

သိန္နီမြို့တွင် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက်အစောပိုင်း၌ ညီနောင်မဟာမိတ်တပ်များက ခေတ္တထိန်းချုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်ဖြစ်သည့် MNDAA၊ TNLAနဲ့ AAတို့ သည် ယနေ့ (အောက်တိုဘာ ၂၉)ရက် နံနက် ၇ နာရီခွဲဝန်းကျင်တွက် ထိန်းချုပ်လိုက်ခဲ့ကြောင်း သိရသည်။ "သိန္နီမြို့ကို ညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်နိုင်ခဲ့ပြီပြောတယ်။အခုထိတော့ ပစ်နေတုနိးပဲ။ ဘယ်မှထွက်လို့လဲမရဘူး"ဟု...

ကိုးကန့် စစ်ဘေးရှောင် ၅၀၀၀ ကျော်ကို ကူညီပေးထားဟု ” ဝ” တပ်ဖွဲ့မှ ဆို

သျှမ်းမြောက် ညီနောင်မဟာမိတ်သုံးဖော် နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေကြရသည့် ကိုးကန့်ဒေသမှ ပြည်သူ ၅၀၀၀ ကျော်ကို ကူညီထားပေးကြောင်း "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်း ၏ ပြောကြားချက်အရ သိရသည်။ အောက်တိုဘာလ ၂၇ရက်တွင် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့...

လားရှိုးမြို့ (၂) ည ဆက်တိုက် လက်နက်ကြီးသံ ပစ်ခတ်မှု ပြည်သူစိုးရိမ်ထိတ်လန့်

သျှမ်းပြည် လားရှိုးမြို့အတွင်း (၂) ည ဆက်တိုက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း စုံစမ်းသိရှိရသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ နှင့် စစ်ကောင်စီတို့ အောက်တိုဘာ (၂၇) ရက် နံနက် (၄) နာရီကစပြီး သျှမ်းပြည်မြောက်ပိုင်း တကြော လက်နက်ကြီး လက်နက်ငယ်ဖြင့်...

ချင်းရွှေဟော်တွင် အရပ်သား တစ်ထောင်ကျော်ပိတ်မိနေ၊ မိသားစုဝင်များ စိုးရိမ်နေ

သျှမ်းပြည် မြောက်ပိုင်း ချင်းရွှေဟော်မြို့ တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့တို့သည် ယမန်နေ့ (အောက်တိုဘာ ၂၇) ရက်မှ စတင်ပြီး တိုက်ပွဲ ပြင်းထန်ခဲ့ရာ ပြည်သူ တစ်ထောင်ကျော် ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ပိတ်မိနေသည့် ပြည်သူ တစ်ထောင်ကျော်သည် ချင်းရွှေဟော် ကယ်ဆယ်ရေးစခန်းတွင် ရှိနေသော်လည်း...

သိန္နီမြို့ပေါ် ဒရုန်းအသုံးပြု တိုက်ခိုက်မှု ပြင်းထန်နေ

သျှမ်းပြည်၊ လားရှိုး ခရိုင် သိန္နီမြို့ပေါ် ယနေ့ (အောက်တိုဘာ ၂၈)ရက်တွင် ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယနေ့ အောက်တိုဘာလ ၂၈ ရက် ၊ ညနေအချိန်မှ စတင်ကာ လက်ရှိ သတင်းရေးသားချိန် အထိ သိန္နိမြို့ပေါ် နှင့် အနီးပတ်ဝန်းကျင်တွင် ညီနောင်မဟာမိတ်တပ်...

နမ္မတူ မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ အရပ်သား (၃)ဦးထိမှန်

သျှမ်းပြည် နမ္မတူမြို့နယ် ရွာသစ်ပါင်ဆာကျေးရွာအတွင်းသို့ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ ၁နာရီတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် ဗုံး (၃)လုံးလာရောက်ကြဲကာ အမျိုးသား ၂ဦး၊ အမျိုသမီး (၁)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (အောက်တိုဘာ ၂၈)ရက် မွန်းလွဲ၁နာရီတွင် စစ်ကောင်စီဘက်မှ...

မိုင်းယော်တိုက်နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်နေ့)က လားရှိုးမြို့ နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်...

လားရှိုး စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄ လုံး ထိခိုက်ပျက်စီး

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုင်းတင်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ် ၄ အိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ် ခလရ-၆၈ မှ ၁၂၀ မမ (120 mm)အရွယ်ရှိ...

မူဆယ်၊ နမ့်ခမ်း ဖုန်းလိုင်း ပြတ်တောက်

မြန်မာ-တရုတ်နယ်စယ်ဒေသ တလျောက်ရှိ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တွင် ဖုန်းလိုင်းပြတ်တောက်မှုနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၇ရက်) တိုက်ပွဲဖြစ်ပွားချိန်မှစပြီး MTP ဆင်းကဒ် အသုံးပြုသူများသည် ဖုန်းလိုင်း ဖြတ်တောက်ခံရကာ လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ မနေ့ညတညလုံးဖုန်းလိုင်းတွေအကုန် ပိတ်ခံရတယ်။ ဒီနေ့ထိလည်း...

Latest news