ကွတ်ခိုင်မြို့နယ် စစ်ရှောင် ၁ ထောင်ကျော် စားဝတ်နေရေးခက်ခဲနေ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၁ထောင်ကျော် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစိမ်းသိရသည်။

ကွတ်ခိုင် စစ်ရှောင်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုန်းစီကျေးရွာတွင် (အောက်တိုလာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁၀ ရက်)ထိ တိုက်ပွဲများကြောင့် ထွက်ပြေး လာရောက် တိမ်းရှောင်နေသူ စစ်ဘေးရှောင် ၁ထာင်ကျော် ရှိနေပြီ နမ့်မော၊နမ့်ဝမ်း၊နမ့်ဆာ စသည့် ကျေးရွာ ၁၀ ရွာတွင် လာရောက် စစ်ဘေးရှောင်နေကြကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“စစ်ဘေးရှောင်တွေ တော်တော်များများကတော့ သျှမ်းရွာက နေလာကြတာ။ တချို့တွေက တော့ ရွာနဲ့ နီးတဲ့ ဘုန်းကြီးကျောင်းမှာ စုနေကြတာ။” ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကွတ်ခိုင် စစ်ရှောင်များ

ယင်းကဲ့သို့ တိုက်ပွဲ ကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စုစုပေါင်း စစ်ရှောင်ဦးရေ ၁၇၃၀ ဝန်းကျင်အထိ ရှိလာပြီး၊ စားဝတ်နေရေး ခက်ခဲနေကြောင်း စစ်ဘေးရှောင် ကူညီနေသည့် အမျိုးသမီး တစ်ဦး ကဆိုသည်။

“စားဝတ်နေရေးအခက်အခဲကတော့ လှူလာတဲ့ ဟာတွေကို ခွဲပြီး ဆန်နဲ့ ဟင်နဲ့ ဝယ်ထားတာပေါ့။ တနေ့ကို နှစ်နပ်ပဲကျွေးတာ မနက်နဲ့ညပါပဲ နေ့လည်တော့ မကျွေးပါဘူး။ လာကူညီနေတဲ့ ဟာတွေကလဲ စစ်တပ်နဲ့ဝေးတဲ့ရွာကနေ လာကူနေရတာ။ ကျေးရွာအချင်းချင်း ရှိတာ ကူညီကြတဲ့သဘောပါ။ဆန်၊ဆီ၊ ဆီတိုဖူး အခြောက်အခြမ်းတွေပေါ့ ” ဟု ၎င်းကပြောသည်။

ကွတ်ခိုင် စစ်ရှောင်

အောက်တိုဘာ ၂၇ ရက်မှစ၍ “ ၁၀၂၇ စစ်ဆင်ရေး” ခေါင်းစဉ်ဖြင့် စတင်ခဲ့သည့် သျှမ်းမြောက် ဒေသတလျောက် တိုက်ပွဲကြောင့် စုစုပေါင်း စစ်ရှောင်ဦးရေ ၅ သောင်းခန့်အထိ ရှိလာပြီဖြစ်ကြောင်း သျှမ်သံတော်ဆင့်မှ ကောက်ထားသည့် စာရင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...