CATEGORY

စစ်ရေး

နမ္မတူမြို့နယ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီမှ လက်နက်ကြီး တပ်ဆင်ထား

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ လက်နက်ကြီး တပ်ဆင်ထားကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုအတွင်း အာစာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)...

နမ့်ဆန်မြို့ကို TNLA တပ်ဖွဲ့ ထိန်းချုပ်နိုင်ပြီ

သျှမ်းပြည် နမ့်ဆန်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းသိရသည်။ နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် တအာင်း(ပလောင်)တပ် TNLA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊...

လားရှိုးမြို့ရှိ တက္ကသိုလ်ကျောင်းသားများကို စစ်ပွဲကြောင့် ပြည်မသို့ ကျောင်းပြောင်းတက်ခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့ရှိ တက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို အခြားမြို့များနှင့် ပြည်မရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်ရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများကို သျှမ်းပြည်အတွင်းရှိ တောင်ကြီး၊ ပင်လုံနှင့် ပြည်မရှိ မန္တလေး၊...

မူဆယ်မြို့နယ်အတွင်း စစ်တပ်လေယာဉ် နေစဉ်ပျံဝဲနေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီမှ လေယာဉ်ဖြင့် နေ့စဉ်နီးပါး ပျံ့ဝဲနေပြီး အရပ်သားများက နေအိမ်ပေါ် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၇ ရက် ) မွန်းလွှဲပိုင်းအချိန်တွင် မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးဖြင့် ပျံ့ဝံနေလျက်ရှိပြီး မူဆယ်မြို့ ဘောလုံးကွင်းမှာ ရိက္ခာလာချသွားကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးက...

အင်းလေးဒေသတွင် ပျူစောထီးနှစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည် အင်းလေးဒေသတွင် ဆက်ကြေးလိုက်ကောက်နေသည့် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် အင်းလေးဒေသ မင်းချောင်းနောက်ကျေးရွာ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) ည ၆ နာရီဝန်းကျင်တွင် ဆက်ကြေးလိုက်ကောက်သည့် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ ခေါင်းဆောင်နှင့် နောက်လိုက်တစ်ဦးကို...

တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ အများစု ကျန်းမာရေး အရေးပေါ်လို၊ အမြတ်ထုတ်မှုကြုံတွေ့

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့ရှိ စစ်ရှောင် စခန်းများသို့ ကရင်နီပြည်မှ တိမ်းရှောင်ရသူများမှာ ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေသကဲ့သို့ ရွှေ့ပြောင်းနေစဉ် ကာလအတောအတွင်း အမြတ်ထုတ်သူများကြောင့်လည်း အခက်အခဲများ ကြုံတွေ့ကြရကြောင်း သိရှိရသည်။ ညောင်ရွှေမြို့နယ်၊ လက်ရှိ စစ်ရှောင်ဦးရေမှာ တစ်သောင်းနှစ်ထောင်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုစစ်ရှောင်များသည် ဘုရားဆောင်းတန်းများ၊...

မူဆယ် – နမ့်ခမ်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

သျှမ်းမြောက် မူဆယ်မြို့ အနီး နှင့် နမ့်ခမ်းမြို့ တွင် ယနေ့ ( ဒီဇင်ဘာ ၁၆) ရက် ည ၁၀ နာရီဝန်းကျင်မှ စပြီး စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁၆) ရက် ည...

သျှမ်းမြောက် မူဆယ် – နမ့်ခမ်း စစ်ရှောင် (၈၀၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁ လ နီးပါး ရှိလာပြီဖြစ်သည့်အတွက် စစ်ရှောင် ၈၀၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ်တွင်းရှိ စစ်ရှောင်များသည် ကျောင်းခမ်းဘုန်းကြီးကျောင်း (၅၀၀) ကျော်၊ ကွန်ဟိုင်းဘုန်းကြီးကျောင်း မြောက်ဘက် (၈၈၀)...

မူဆယ် (၁၀၅) မိုင် စစ်ကောင်စီ တပ်စခန်း တိုက်ပွဲပြင်းထန်ဖြစ်ပွား

မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီ တပ်စခန်းကို ညီနောင် မဟာမိတ် (၃) ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဒီဇင်ဘာ (၁၄) ရက် မနက် ၇ နာရီခွဲဝန်းကျင်က ညီနောင်မဟာမိတ်...

နမ့်ခမ်းမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် ထိခိုက်သေဆုံးသူ နှင့် ဒဏ်ရာရသူ (၃၀) ခန့်ရှိ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်း ၂ ပတ်ဆက်တိုက် စစ်ကောင်စီမှ လေကြောင်း နှင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက်ကြောင့် ပြည်သူ ၈ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၄၀ ခန့် ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ (၁) ရက်မှ (၁၂) ထိ နမ့်ခမ်းမြို့တွင်း စစ်ကောင်စီမှ...

Latest news