လားရှိုးမြို့ရှိ တက္ကသိုလ်ကျောင်းသားများကို စစ်ပွဲကြောင့် ပြည်မသို့ ကျောင်းပြောင်းတက်ခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့ရှိ တက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများကို အခြားမြို့များနှင့် ပြည်မရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်ရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။

လားရှိုးတက္ကသိုလ်

လားရှိုးမြို့တွင် ဖွင့်လှစ်ထားသည့် လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များတွင် နေ့သင်တန်း တက်ရောက်နေသည့် ကျောင်းသား/သူများကို သျှမ်းပြည်အတွင်းရှိ တောင်ကြီး၊ ပင်လုံနှင့် ပြည်မရှိ မန္တလေး၊ ရန်ကုန် စသည့်မြို့ကြီးများသို့ ကျောင်းပြောင်းရွှေ့ တက်ရောက်ခိုင်းကြောင်း လားရှိုးမြို့တွင် တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/သူများက ပြောသည်။

“အခုကတော့ ယာယီ ကျောင်းပြောင်းတက်ခိုင်းနေတယ်။ လားရှိုးမှာ အခြေအနေမကောင်းလို့ ခဏပြောင်းတက်ရတာ။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်ကို ပြောင်းလို့ရတယ်။ တချို့လဲ တောင်ကြီးဘက်တို့၊ တချို့ဆိုရင် မန္တလေး၊ ရန်ကုန်တို့ဘက်အထိ ပြောင်းသွားကြတာရှိတယ်။ ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တစ်ကျောင်းလုံးပြောင်းရတယ်။ ဒီမှာက အခြေအနေ မကောင်းလို့ ကျောင်းတက်လို့ မရဘူး”ဟု လားရှိုးမြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များကို နိုဝင်ဘာလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လိုသူများအတွက် ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံနေကြောင်း တက္ကသိုလ်များရှိ ကျောင်းသားရေးရာဌာနမှ သိရသည်။

“ကျောင်းအပ်တာကတော့ လားရှိုးမှာပဲ အပ်ရတာ။ ဖုန်းဆက်ပြီး စာရင်းပေးတာမျိုးပဲ။ ပြီးမှ ကိုယ်သွားတက်ချင်တဲ့ကျောင်းကို ပြောလိုက်ရင် ကျောင်းသားရေးရာကနေ တခြားကျောင်းကို ဆက်သွယ်ပေးတာ။ ကိုယ်က မန္တလေးကို ပြောင်းချင်တယ်ဆိုရင် မန္တလေးမှာရှိတဲ့ တက္ကသိုလ်ကို ချပေးတာ။ လားရှိုးမှာရှိတဲ့ တက္ကသိုလ်တွေအကုန်လုံး တခြားကျောင်းကို ပြောင်းတက်ခိုင်းတယ်” လားရှိုးမြို့မှ ၎င်းကျောင်းသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုကဲ့သို့ လားရှိုးမြို့ရှိ တက္ကသိုလ်ကျောင်းသားများကို ကျောင်းပြောင်းရွှေ့ တက်ရောက်ခိုင်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနများရှိ အခြားသော တက္ကသိုလ်များသို့ ယာယီဖြစ်စေ၊ အတည်ဖြစ်စေ ပြောင်းရွှေ့ တက်ရောက်နိုင်ကြောင်းလည်း လားရှိုးမြို့ရှိ တက္ကသိုလ်အသိုင်းအဝိုင်းထံမှ သိရသည်။

“အခုအခြေအနေက အတည်ပြောင်းချင်လဲ ရတယ်၊ ယာယီပြောင်းချင်လဲရတယ်လို့ ပြောနေကြတာပဲ။ ပထမနှစ် ဆိုရင်တော့ အမှတ်တွေ ပြန်ကြည့်ဦးမယ်ထင်တယ်။ သင်ရိုးတူရင် နောက်ပြီး တစ်ဘက်ကျောင်းက လက်ခံရင်လဲ ပေးပြောင်းတယ်လို့ ဆရာမက ပြောထားတယ်။ လားရှိုးမှာပဲ ကျောင်းဆက်တက်ချင်တဲ့ သူတွေကိုကျတော့ အထက်ကို ပြန်တင်ပြပြီး ဖွင့်ဖြစ် မဖွင့်ဖြစ်ကတော့ မသေချာဘူး”ဟု လားရှိုးမြို့တွင် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

လားရှိုးတက္ကသိုလ်

လားရှိုးမြို့မှ အခြားမြို့များသို့ ကျောင်းပြောင်းရွှေ့တက်ရောက်ရန် ညွှန်ကြားထားသည့်အတွက် ကျောင်းသား/သူများမှာ လမ်းခရီးလုံခြုံရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးအတွက် ကုန်ဈေးနှုန်းမြင့်မားမှုတို့ကိုလည်း စိုးရိမ်ပူပန်နေကြောင်း သိရသည်။

“နယ်ကနေ မြို့ကြီးကို သွားတက်ရမှာဆိုတော့ ကျောင်းသားတွေ မြင်တဲ့ အမြင်ချင်း မတူဘူးလေ။ သူတို့က ကျတော်တို့ကို အမှတ်မမှီဘူးလို့ ပြောကြတယ်။ မေဂျာလိုချင်လို့ နယ်ပြောင်းသွားပြီးမှ အခုကျတော့ ကျောင်းပြောင်းရတယ်ဆိုတော့ အထင်မကြီးတဲ့ ပုံစံမျိုး ပြောကြတယ်။ စားစရိတ်၊ အဆောင်စရိတ်တွေလဲ ဈေးကြီးတော့ အကုန်လုံး စိတ်ပူတာပေါ့”ဟု လားရှိုးမြို့မှ တက္ကသိုလ်ကျောင်းသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်ကလည်း လားရှိုးတက္ကသိုလ်တွင် ဖြေဆိုနေသည့် အဝေးသင်စာမေးပွဲများကိုလည်း ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ပါမောက္ခချုပ် လက်မှတ်ရေးထိုးထားသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ၎င်း၏အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသယောင် ပြသနိုင်ရန်အတွက် တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို အသည်းအသန် ဖွင့်လှစ်ရန် ကြိုးစားနေပြီး တက်ရောက်နေသည့် ကျောင်းသား/သူ အများအပြားရှိနေကြောင်း ပညာရေးအသိုင်းအဝိုင်းများထံမှ သိရသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”စတင်သည့် အောက်တိုဘာလ နောက်ဆုံးပတ်မှစ၍ မြို့နယ် ၁၂ ခုထက်မနည်းတွင် အခြေခံပညာကျောင်းများလည်း ပိတ်ထားရပြီး ကလေးသူငယ်များမှာ ပညာသင်ယူရန် အခွင့်အလမ်းဆုံးရှုံးကာ တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်၍ သေဆုံးမှုများလည်း ရှိနေသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကူမင်းမြို့တွင် ဒီဇင်ဘာလ ဒုတိယပတ်၌ တွေ့ဆုံခဲ့ပြီးနောက် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က “၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားနေသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ ဒီဇင်ဘာလ ၁၀ ရက်နေ့က နေ့ချင်းပြန် လာရောက်ခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...