နမ္မတူမြို့နယ် ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီမှ လက်နက်ကြီး တပ်ဆင်ထား

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်မှ လက်နက်ကြီး တပ်ဆင်ထားကြောင်း စုံစမ်းသိရသည်။

နမ္မတူမြို့

ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာ နမ္မတူမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာအုပ်စုအတွင်း အာစာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ စစ်ရေးတင်းမာမှု ရှိခဲ့ရာ စစ်ကောင်စီက ဆိုင်းခေါင်ကျေးရွာအုပ်စု၊ တုန်ဟုန်းခမ်း (တူၼ်ႈႁုင်းၶမ်း )ဘုန်းတော်ကြီးကျောင်း၌ လက်နက်ကြီး တပ်ဆင်ထားကြောင်း မြေပြင် သတင်းအချက်အလက်သိရသည်။

“စစ်ကောင်စီက ၆၀ မမ အမျိုးအစား လက်နက်ကြီးကို ဘုန်းကြီးကျောင်းဝင်းထဲမှာ ထောင်ထားတယ်၊ ပြီးတော့ ကျောင်းပတ်ပတ်လည်လည်း ကင်းတွေချထားတယ်။ အခု အဲ့ဘုန်းကြီးကျောင်းက ဆရာတော်၊ ဦးဇင်း နဲ့ ကိုရင် တွေ ထွက်ပြေးပြီ၊ သူတို့ စစ်အင်အားကတော့ ၅၀ လောက်ပေါ့” ဟု လုံခြုံရေး အရအမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားပြီး လက်နက်ကြီးပါ တပ်ဆင်ထောင် ထားသည့်အတွက် ကျောင်းထိုင်ဆရာတော်နှင့် ကိုရင်များ ထွက်ပြေးရသည့်အပြင်၊ ဒေသခံ တချို့လည်း နမ္မတူ မြို့ပေါ် နှင့် အမျိုးရှိရာ နီးစပ်သည့် ကျေးရွာများသို့ ထွက်ပြေးသွားရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“တိုက်ပွဲက ဘယ်အချိန်မဆို ဖြစ်နိုင်တယ်ဆိုပြီး စစ်တပ်ကလည်း ရွာသားတွေကိုလာပြောတာတဲ့၊ စစ်တပ်နဲ့ TNLA တပ်စွဲထားတဲ့နေရာကလည်း အရမ်းနီးနေကြတယ်။ အဲ့ကြောင့် တချို့က အိမ်စောင့်တစ်ယောက်ထားပြီး ထွက်ပြေးတယ်။ တချို့လည်း တအိမ်သားလုံး ထွက်ပြေးတာပေါ့။” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNL) သည် တုန်ဟုန်းခမ်း (တူၼ်ႈႁုင်းၶမ်း) ကျေးရွာ နှင့် ၂ မိုင်နီး ပါးသာ ကွာဝေးသည့် နမ့်မန်းဆာ (ၼမ့်မႅင်းသႃး) ကျေးရွာ၌ တပ်စွဲနေရာယူထားပြီး အဝင်အထွက်လမ်းကို ပိတ်ဆို့ စစ်ဆေးကာ နှစ်ဖက် စစ်ရေးတင်းမာနေလျက်ရှိကြောင်း ဒေသခံများထံမှ သတင်းသိရသည်။

“TNLA အင်အားလည်း ၅၀ ကျော်ကျော်လောက်ရှိတယ်။ သူတို့က ကျေးရွာထဲမှာနေပြီးတော့ ရွာထိပ် ဟိုဘက် ဒီဘက် စောင့်ပြီး လမ်းကိုလည်း ပိတ်ဆို့စစ်ဆေးတာ။ တခြားရွာကို သွားမယ်ဆိုရင် ဘယ်အချိန်ရွာထဲ ပြန်ဝင်ရ မလဲဆိုတာ ပြောရတယ်၊ တခြားရွာကလာရင်လည်း ဘယ်သူ့အိမ်ကိုလဲ၊ ဘာကြောင့်လာရလဲဆိုတာ ပြောပြီးမှ ပေးထွက်တာ” ဟု ဆိုင်းခေါင်ကျေးရွာအုပ်စုမှ အသက် (၅၀) ဝန်းကျင် အမျိုးသားက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က စစ်ရေးတင်းမာနေလျက်ရှိပြီး ကြိုတင်စစ်ရှောင်နေရသည့် ဒေသခံများကလည်း နေရပ်မပြန်နိုင်ကြသေး ကြောင်း သိရသည်။

ထို့အပြင် အချို့ဒေသခံများသည် ရိပ်သိမ်းပြီးသားစပါးများကို ပုံထားပြီး မသိမ်းရသေးသည့်အတွက် စိတ်ပူရကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန် လာပါက ကောက်ပဲသီးနှံများ ဆုံးရှုံးမည်ကိုလည်း စိုးရိမ်ရကြောင်း ဒေသခံများ က ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကွတ်ခိုင်တက်မည့် ကုန်တင်ကားများကို သိန္နီတိုးဂိတ်တွင် MNDAA ဖြတ်သန်းခွင့်ပိတ်ထား

0
သျှမ်းပြည် သိန္နီမြို့ရှိ အေးရှားဝေါလ်တိုးဂိတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကွတ်ခိုင်မြို့ဘက် သွားရောက်မည့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား တစ်လနီးပါးကြာ ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...