အင်းလေးဒေသတွင် ပျူစောထီးနှစ်ဦး ပစ်သတ်ခံရ

သျှမ်းပြည် အင်းလေးဒေသတွင် ဆက်ကြေးလိုက်ကောက်နေသည့် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် နှစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသတွင်းမှ မြင်တွေ့ရသည့် စစ်ကောင်စီ လက်အောက်ခံ ရဲ နှင့် စစ်သား

သျှမ်းပြည် အင်းလေးဒေသ မင်းချောင်းနောက်ကျေးရွာ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) ည ၆ နာရီဝန်းကျင်တွင် ဆက်ကြေးလိုက်ကောက်သည့် စစ်တပ်လက်အောက်ခံပျူစောထီးအဖွဲ့ ခေါင်းဆောင်နှင့် နောက်လိုက်တစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ပစ်သတ်ခဲ့ကြောင်း ဒေသခံများက သျှမ်းသံ‌တော်ဆင့်ကို ပြောသည်။

“မနေ့ညနေ မီးပွဲမှာ ဆက်ကြေးကောက်ပြီး အပြန်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်သွားတာ။သူတို့ကို ၁၀ ချက်လောက်ရှိမယ်။ကြားတာ။ပျူစောထီးတို့မှာလည်း သေနက်တွေပါတယ်။မီးပွဲကလည်း တပတ်တခါ လုပ်တယ်။လူလည်းစည် တယ်။သူတို့တွေက အပတ်တိုင်းလိုက်ကောက်တာ” ဟုဒေသခံ အသက် ၃၀ ခန့် အမျိုးသားတစ်ဦးက ‌ပြောသည်။

ထိုသေဆုံးသွားသည့်အမျိုးသားသည် ပျူစောထီခေါင် ကိုအောက်စိုးလွင် နှင့် ကိုကျော်ဟိန်းတိုဖြစ်ပြီး၊ အလောင်းများကို ‌ညောင်ရွှေမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အင်းလေးဒေသမှ စစ်ကောင်စီကို အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

ယမန်နေ့တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်းစီ၊စစ်ကောင်စီလက်အောက်ခံ ပျူစောထီအဖွဲ့နှင့် ရဲ များစစ်ဆေးရေးတင်းကြပ်နေကြောင်း ပြည်သူဒေသခံများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“မနေ့ကဆိုရင် အဲ့လမ်းတလျှောက် သွားနေတဲ့သူမှန်သမျှ အကုန်ထိန်းထားတယ်။ ၈ နာရီလောက်မှ ပြန်လွှတ်ပေးတာ။ဒီနေ့လည်း စစ်ဆေးရေးတွေလုပ်နေတယ်။ခုနေ့လည်လည်း စစ်နေတာပဲ”ဟု အင်းလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ညောင်ရွှေမြို့နယ်တွင် လက်ရှိ စစ်ရှောင်ဦးရေ တစ်သောင်းနှစ်ထောင်ခန့် ရှိနေပြီး ထိုစစ်ရှောင်များသည် ဘုရားဆောင်းတန်းများ၊ ဘုန်းကြီးကျောင်းများ နှင့် ဇရပ်များမှာ အဆင်ပြေသလို ခင်းကျဉ်းနေထိုင်ကြပြီး စစ်ရှောင်စခန်း တစ်ခုလျှင် လူဦးရေ (၂၀၀) ခန့် စုပေါင်း နေထိုင် နေကြရသည်။

ညောင်ရွှေမြို့ရှိ စစ်ရှောင် စခန်းများသို့ ကရင်နီပြည်မှ တိမ်းရှောင်ရသူများမှာ ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေသကဲ့သို့ ရွှေ့ပြောင်းနေစဉ် ကာလအတောအတွင်း အမြတ်ထုတ်သူများကြောင့်လည်း အခက်အခဲများ ကြုံတွေ့ကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...