Wednesday, January 28, 2026

နမ့်ဆန်မြို့ကို TNLA တပ်ဖွဲ့ ထိန်းချုပ်နိုင်ပြီ

သျှမ်းပြည် နမ့်ဆန်မြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းသိရသည်။

နမ့်ဆန် TNLA သိမ်းပိုက်နိုင်ပြီ

နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်တွင် တအာင်း(ပလောင်)တပ် TNLA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာ ရုံးများကို သိမ်းပိုက်ရရှိခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

“နမ့်ဆန်မြို့ကို လုံးဝ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရပါပြီ။ စစ်ကောင်စီတပ်စခန်းရယ်၊ လက်ဖက်ခြောက်စက်ရုံရယ်၊ ရဲစခန်း၊ အစိုးရဌာနပေါင်း ၆ ခုရှိမယ်။ လက်နက်ကြီးတွေက ဟောင်ဝစ်ဇာ လက်နက်ကြီး ၄ လက်၊ ပြီးရင် အခြားလက်နက်မျိုးစုံ အမြောက်အများ သိမ်းပိုက်ရရှိထားပါတယ်”ဟု TNLA တပ်ဖွဲ့၏ သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဆန် TNLA သိမ်းပိုက်နိုင်ပြီ

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်မှ စတင်ခဲ့သည့် နမ့်ဆန်မြို့သိမ်းတိုက်ပွဲ တစ်ပတ်ကြာကာလအတွင်း စစ်သုံ့ပန်း ၃၀ ဦး၊ မိသားစုဝင် ၃ ဦးနှင့် ရဲ ၆ ဦး၊ ရဲမိသားစုဝင် ၂၅ ဦး၊ စုစုပေါင်း ၆၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ အမြောက် (၄)လက်၊ လက်နက်ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်၏ နမ့်ဆန်တပ်စခန်းကုန်းကို တိုက်ခိုက်နေစဉ်အတွင်း မန်တုံမြို့ရှိ ခလရ-၁၃၀ မှ လက်နက်ကြီးဖြင့် နမ့်ဆန်မြို့သို့ ပစ်ခတ်လာပြီး လေကြောင်းပစ်ကူတို့ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူနေအိမ် ၄၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“သေဆုံးသွားတာက အမျိုးသား ၃ ယောက်အထက်ပေါ့။ နေအိမ်ကလည်း ၁၅ လုံးအထက် ပျက်စီးသွားတယ်။ အခြားအဆောက်အဦးတွေလည်း ပျက်စီးသွားတာ ရှိပါတယ်”ဟု TNLA တပ်ဖွဲ့မှ ၎င်းသတင်းပြန်ကြားရေး တာဝန်ခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ၁၅ ရက်ကလည်း နမ့်ဆန်မြို့နှင့် ငွန်ဆိုင်းကျေးရွာတို့အား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ပြီး အသက် (၇၀)ကျော် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လခွဲကျော်ကာလအတွင်း နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး ၃ ဦး အပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ဆန်မြို့ ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...