Wednesday, January 28, 2026

မူဆယ် – နမ့်ခမ်း စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

သျှမ်းမြောက် မူဆယ်မြို့ အနီး နှင့် နမ့်ခမ်းမြို့ တွင် ယနေ့ ( ဒီဇင်ဘာ ၁၆) ရက် ည ၁၀ နာရီဝန်းကျင်မှ စပြီး စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ (၁၆) ရက် ည ၁၀ နာရီဝန်းကျင်မှ စတင်ပြီး နမ့်ခမ်းမြို့ နှင့် မူဆယ်မြို့ အနီးတွင် လေကြောင်းဖြင့် အလေးချိန် ပေါင် ၃၀၀ရှိ ဗုံး လာရောက်ကြဲခဲ့ကြောင်း သိရှိသည်။

“မူဆယ်မှာ ဒီနေ့ ည အသံအကျယ်ကြီးပဲ လေကြောင်းနဲ့ ဗုံးလာကြဲသွားတယ်။ အိမ်တောင် တုန်သွားတယ်။ ဘယ်နေရာလဲတော့ သေချာမသိရသေးဘူး။ မူဆယ်မြို့နဲ့တော့ တော်တော်နီးတယ်ထင်တယ်။ ” ဟု မူဆယ်ဒေသခံ တစ်ဦး ကပြောသည်။

အလားတူ နမ့်ခမ်းမြို့မှာလည်း  စခန်းသစ်ကုန်း မကျရေးအတွက် စစ်ကောင်စီမှ ရက်ဆက်တိုက် ဆိုသလို လေကြောင်းဖြင့် ဗုံးကြဲမှုများ ပြုလုပ်လျက်ရှိပြီး ယနေ့ ဒီဇင်ဘာ (၁၆) ရက်ညတွင် ပေါင် (၅၀၀) အလေးချိန်ရှိ ဗုံးကို စစ်ကောင်စီဘက်မှ လက်ရှိ သတင်းတင်ဆက်ချိန်ထိ (၄) ကြိမ် လာရောက် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“နမ့်ခမ်းမှာလည်း ပေါင် (၅၀၀) ဗုံး လာရောက်ပစ်ချသွားတယ်။ ဘယ်နေရာတွေ ပစ်ချလည်းတော့ မသိရဘူး။ စခန်းသစ်ကုန်း မကျဆုံးရေးအတွက် စစ်ကောင်စီဘက်ကလည်း ကာကွယ်နေသလို  မဟာမိတ်ဘက်ကလည်း  တိုက်ယူနေတယ်။ ၂ ဖက် တိုက်ပွဲက တင်းမာနေတုန်းပဲ” ဟု နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့မှ စစ်ကောင်စီကို ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲသည့်  ၁ လကျော် ကာလတွင် စစ်ကောင်စီရဲ့ ခြေကုပ် စခန်းကြီး /ငယ် ပေါင်း (၃၀၀) ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး  ဒီဇင်ဘာ (၁၄) ရက်တွင် မူဆယ် (၁၀၅) မိုင်ရှိ စစ်ကောင်စီ ဗျုဟာကုန်းကို ညီနောင်မဟာမိတ်တို့  စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ (၁၅) ရက်တွင် လက်နက်ခဲယမ်း နှင့်အတူ စစ်ကောင်စီ ရဲ့ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိ သျှမ်းမြောက်ဒေသ မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်းဘေးတိမ်းရှောင်သည့် ဒေသခံ (၈၀၀၀) ကျော်သည် စားနပ်ရိက္ခာ အရေးပေါ် အကူအညီ လိုအပ်နေသကဲ့သို့ မူဆယ် – နမ့်ခမ်း ကားလမ်းများ ပိတ်ထားခြင်းကြောင့် နမ့်ခမ်းမြို့နယ်ရှိ စစ်းဘေးရှောင်များအတွက် ဆေးဝါး အခက်အခဲ ဖြစ်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...