တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ အများစု ကျန်းမာရေး အရေးပေါ်လို၊ အမြတ်ထုတ်မှုကြုံတွေ့

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့ရှိ စစ်ရှောင် စခန်းများသို့ ကရင်နီပြည်မှ တိမ်းရှောင်ရသူများမှာ ကျန်းမာရေး စောင့်ရှောက်မှုများ အရေးပေါ် လိုအပ်နေသကဲ့သို့ ရွှေ့ပြောင်းနေစဉ် ကာလအတောအတွင်း အမြတ်ထုတ်သူများကြောင့်လည်း အခက်အခဲများ ကြုံတွေ့ကြရကြောင်း သိရှိရသည်။

ညောင်ရွှေမြို့နယ်၊ လက်ရှိ စစ်ရှောင်ဦးရေမှာ တစ်သောင်းနှစ်ထောင်ခန့် ရှိနေပြီ ဖြစ်သည်။ ထိုစစ်ရှောင်များသည် ဘုရားဆောင်းတန်းများ၊ ဘုန်းကြီးကျောင်းများ နှင့် ဇရပ်များမှာ အဆင်ပြေသလို ခင်းကျဉ်းနေထိုင်ကြပြီး စစ်ရှောင်စခန်း တစ်ခုလျှင် လူဦးရေ (၂၀၀) ခန့် စုပေါင်း နေထိုင် နေကြရသည်။

ကလေးငယ်၊ ကိုယ်၀န်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များ ပါ၀င်ကြောင်း စစ်ရှောင်စခန်း ကူညီသူအမျိုးသမီး တစ်ဦးထံမှ သိရှိသည်။

“အစားအစာနဲ့ စောင်ထည်တွေတော့ ဒေသခံတွေနဲ့ အဖွဲ့အစည်းအချို့က လာရောက် ကူညီပေမယ့် လူများတာကြောင့် လောက်ငှမှုတော့ မရှိဘူးပေါ့။ စားသောက်ရတာ အာဟာရ သိပ်မရှိတာကြောင့်ရော အခုမှ မီးဖွားပြီးစ မိခင်တွေ၊ ကိုယ်၀န်ဆောင်တွေရယ် လေဖြတ်ထားသူတွေလည်း ရှိတော့ သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ တကယ်လိုအပ်ပါတယ်။ ပြီးတော့ အကုန်လုံးက သံမံတလင်းပေါ်မှာပဲ ဖျာခင်းအိပ်ရတော့ ရေရှည်အတွက် မကောင်းဘူး။ ယခုလက်ရှိထိတော့ ဆေး၀ါးထောက်ပံ့မှုတွေ မရှိသေးပါဘူး”ဟု အဆိုပါ အမျိုးသမီးမှ ပြောကြားသည်။

စစ်ရှောင်စခန်းများတွင် နေရာထိုင်ခင်း ကျပ်တည်းခြင်းနှင့် ကျန်းမာရေး လိုအပ်ချက်များကြောင့် အချို့သော မိသားစုများက အိမ်များ စုပေါင်းငှားရမ်းပြီး ပြောင်းရွှေ့နေထိုင်ကြသလို အချို့မှာလည်း မတတ်နိုင်သဖြင့် စစ်ရှောင်စခန်းများတွင် ခက်ခဲစွာ ဆက်လက်နေထိုင်ရကြောင်း သိရှိရသည်။

စစ်ရှောင်များ၏ ပြောကြားချက်အရ ကရင်နီပြည်မှ တိမ်းရှောင်ခဲ့စဥ်က လမ်းခရီးတွင် အမြတ်ထုတ်ခြင်းများကို ကြုံတွေ့ခဲ့ရပြီး အိမ်အငှားရှာရာတွင်လည်း အမှန်တကယ် ကူညီသူများရှိသလို ပွဲစားအချို့၏ အမြတ်ထုတ်ခြင်းများကို ထပ်မံ ကြုံတွေ့ရကြောင်း သိရှိရသည်။

“ကျမအဒေါ်ဆို ကိုယ်မြို့အပြင် တခြားနေရာ မရောက်ဖူးတဲ့သူဆိုတော့ လမ်းမှာလာတုန်းက နှစ်ရက်လောက်ကြာပြီး သူ့တစ်ယောက်ထဲကို လေးသိန်းတောင်းသွားတယ်။ အိမ်ငှားတော့လည်း တစ်လကို တစ်သိန်းနဲ့ အိမ်ရှင်က ငှားပေးတာကို ကြားလူက တစ်သိန်းရှစ်သောင်းနဲ့ ပြောယူသွားတာကို နောက်မှပြန်သိရတယ်။ ဒီလိုမျိုး ကြုံနေရတာ အများကြီးပါပဲ။ အများကြီး ကျော်ဖြတ်ပြီး ခက်ခဲနေတဲ့ အချိန်မှာ ဒီလို မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု စစ်ရှောင်တစ်ဦးမှ ပြောကြားသည်။

အိုးအိမ် စွန့်ခွာပြီး စစ်ရှောင်လာသူ အများစုသည် စား၀တ်နေရေး ခက်ခဲသဖြင့် ပါလာသော ပစ္စည်းများကို ရောင်းချနေရသလို ရေရှည်ရပ်တည်နိုင်ရန် ကြုံရာအလုပ်များကို လုပ်နေကြပြီး ရုန်းကန်နေကြကြောင်းလည်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်မပြန်နိုင်သေးသည့် လွိုင်ကော်စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံနေ

0
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့သို့ နေရပ်မပြန်နိုင်သေးသည့် ဒေသခံများ စားဝတ်နေရေးအခက်ခဲကြောင့် ရေရှည်ရှောင်တိမ်းရန် အခက်ခဲကြုံနေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ တွင်ဖြစ်ပွားခဲ့သော “၁၁၁၁”စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့ခံများ ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြီ ၂၀၂၅ ခုနှစ်တွင် စစ်ရေးအခြေအနေ ငြိမ်သက်လာသဖြင့် မြို့ခံအချို့အပါအဝင် အစိုးရဝန်ထမ်းအချို့ နေရပ်ပြန်နေထိုင်ခဲ့ကြသည်။ သို့သော် လွိုင်ကော်မြို့ပေါ်ရှိ ငွေတောင်ရပ်ကွက်နှင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...