Friday, February 13, 2026

CATEGORY

စစ်ရေး

လားရှိုး ဒေသခံများကို အလှည့်ကျရေခပ်၊ ဆိုင်ကယ်ငှားရမ်းပေးရန် TNLA မှအတင်းစေခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့နယ် ဒေသခံများကို အလှည့်ကျရေခပ်ပေးရန်နှင့် ဆိုင်ကယ်ငှားရမ်းပေးရန်အတွက် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှအတင်းစေခိုင်းနေကြောင်း စုံစမ်းနေကြောင်းသိရသည်။ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုနှင့် ခုန်စုန်ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် TNLA တပ်ဖွဲ့မှ တပ်ရင်း ၅၅၇ အောင်ဆာဆိုသူက ၎င်းတို့ ချိုးရေ၊ သုံးရေအတွက် ဒေသခံများကို အလှည့်ကျရေခပ်ခိုင်းစေသည့်အပြင် တပ်သားများ သွားလာရန်အတွက် ဆိုင်ကယ် နှစ်...

နမ္မတူ လက်နက်ကြီးဆော့ကစားပြီး ပေါက်ကွဲ ကလေး ၁ ဦး ပွဲချင်းပြီး သေဆုံး၊ ၁ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် နမ္မတူမြို့နယ်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီး ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၁ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၃ ရက်နေ့က နမ္မတူမြို့နယ် နမ့်ခွန်လုံ (ခ) တောင်သုံးလုံးကျေးရွာတွင် မပေါက်ကွဲသေးသည့် စစ်အကြွင်းအကျန် လက်နက်ကြီးကို ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး...

မိုင်းပွန်မြို့နယ် လက်နက်ကြီးငယ်သံကြား၊လမ်းယာယီပိတ်

သျှမ်းပြည် မိုင်းပွန်မြို့နယ် ယနေ့ (မတ်လ ၅ ရက်) နံနက်ပိုင်းတွင် တိုက်ပွဲပြန်ဖြစ်သဖြင့် လမ်း ယာယီ ပြန်ပိတ်လိုက်ပြီး ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။ သျှမ်းပြည် မိုင်ပွန်မြို့နယ် ပုံးအယ်အနီးတဝှိက် (မတ်လ ၅ရက် ) နံနက်ပိုင်း ၌ လက်နက်ကြီးသံများကြားရသဖြင့် မိုင်းပွန်- ထမ်စမ်းဂူ...

မင်းအောင်လှိုင်၏ လည်မျိုကိုညှစ်နေသည့် တရုတ် ဖမ်းဝရမ်း

ကျားဖြန့်ခေါ် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် သျှမ်းမြောက်၌ စတင်ခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကာလ အတွင်း တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသားများကို ဖမ်းဝရမ်းများ ထုတ်ခဲ့သည်။ ယင်းသို့ တရုတ်နိုင်ငံက ဖမ်းဝရမ်း ထုတ်ခဲ့သူများ အနက် ကိုးကန့်ဒေသကို အုပ်ချုပ်နေသည့် မိသားစုကြီး...

ဖယ်ခုံအမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦးဒဏ်ရာရ

သျှမ်း-ကရင်နီ (ကယား) ပြည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။  ဖယ်ခုံမြို့ စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးဖြင့် ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်နီးပါးလိုပင် ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလ ၂၅ ရက်နှင့်...

“NCA ကို စစ်ကောင်စီကိုယ်တိုင် ဖျက်ဆီးခဲ့” ဟု ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်ခဲ့သူ စဝ်ဟန်ယောင်ဟွေ ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို စစ်ကောင်စီကိုယ်တိုင် ဖျက်စီးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့သူ စဝ်ဟန်ယောင်ဟွေက ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလက ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု...

နမ့်စန်မြို့ စစ်မှုထမ်းရန် လူဦးရေစာရင်း လိုက်လံ ကောက်ခံနေ ၊ ပိုက်ဆံပါ ပေးဆောင်ရ

သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ အိမ်ထောင်စုစာရင်းများမှ စစ်မှုထမ်းရန် အတွက် လူဦးရေ စာရင်းကို အာဏာသိမ်း စစ်ကောင်စီမှ လိုက်လံ ကောက်ယူနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၉) ရက်တွင် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဌာန (ထွေ/အုပ်) မှ တစ်ဆင့် နမ့်စန်မြို့ ရှိ...

သျှမ်းတောင် မြို့အများအပြား တပတ်ကြာ မီးပျက်မှုကြုံနေရ

သျှမ်းပြည်တောင်ပိုင်း မြို့အများအပြား တစ်ပတ်ကျော်ကြာ မီးပြတ်နေပြီး ပြည်သူများ အခက်အခဲကြုံတွေ့ နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်းအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်ခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစပြီး မိုင်းပွန်မြို့ တွင် တစ်ပတ်ကျော်ကြာ မီးပျက်ခဲ့ပြီး၊ လက်ရှိမှာ လွိုင်လင် ၊ပင်လုံ၊လဲချား၊မိုင်းရှူး...

တိုက်ပွဲကြား မိုင်းပွန်တံတား ပြန်ဖွင့်

သျှမ်းပြည် တစ်ပတ်ကျော်ကြာ ပိတ်ထားသော မိုင်းပွန် တံတားကို ယနေ့ (မတ်လ ၁) ရက် နံနက်ပိုင်းတွင် ပြန်ဖွင့် လိုက်ကြောင်း သတင်းရရှိသည်။ မိုင်းပွန်မြို့နှင့် ဟိုပုံးမြို့ကြားတွင် တိုက်ပွဲများဖြစ်ပွားနေသော်လည်း လမ်းကို ပြန်လည်ဖွင့်လစ် လိုက်သည့်အတွက် ဒေသခံနှင့် ကားသမားများအတွက်တော့ စိုးရိမ်နေရကြောင်း သိရသည်။ " လက်ရှိမှာ တိုက်ပွဲက...

ညောင်ရွှေမြို့နယ် လက်နက်တင် ကားတစ်စီးကို စစ်ကောင်စီ စစ်ဆေးဖမ်းဆီးရမိ

သျှမ်းပြည်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်အနီး၌ လက်နက်များ တင်ဆောင်လာသည့် ကားတစ်စီးကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ၎င်း၏ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ PNA တို့က စစ်ဆေးဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ နှင့် ပအိုဝ်းပြည်သူ့စစ် PNA တို့...

Latest news