Friday, February 13, 2026

CATEGORY

စစ်ရေး

ကျောက်မဲ စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင်ရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အားဖြန့်ကျက်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ပတ်ဝန်းကျင် ကျေးရွာများသို့ လမ်းလျှောက်ပြီး စစ်အင်အား ဖြန့်ကျက်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ပထမပတ်အတွင်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-(၁)၊ ခမရ-၅၀၁/၅၀၂ နှင့် အမြောက်တပ်များမှ စစ်ကောင်စီတပ်သား အများအပြားသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ စစ်အင်အားဖြန့်ကျက်နေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။ “မနက်ဆိုရင် ကျောက်မဲမြို့အဝင် မုခ်ဦးနား အမြောက်တပ်ထဲက လမ်းလျှောက်ထွက်လာကြတာ။ မနေ့ကလည်း လျှောက်တယ်၊ ဒီနေ့နဲ့ဆို ၃ရက်ရှိပြီ ဆက်တိုက်သွားနေတာ။ တရက်ကို အင်အား ၁၀၀ လောက်တော့ ရှိမယ်။ စခန်းသာနဲ့ ခိုမုန်းကြားထဲမှာ တွေ့တာ။ လက်နက်နဲ့ ရေဘူးတွေပဲ ပါတာတွေ့တယ်”ဟု ကျောက်မဲမြို့မှ အသက် ၃၅နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကျောက်မဲမြို့မှ ပြည်ထောင်စုလမ်းမကြီးအတိုင်း လမ်းလျှောက်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို စခန်းသာနှင့် ခိုမုန်းကျေးရွာအကြားတွင် တွေ့ခဲ့ရပြီး ၎င်းစစ်ကြောင်းနောက်တွင် အိမ်စီးကား ၃/၄ စီးမှာ ဖြေးဖြေးချင်း ကပ်လိုက်လာပြီး စစ်ကားမဟုတ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ကျောက်မဲဘက်ကနေ နောင်ပိန်ဘက်ကို သွားတာ၊ တချို့ပြောတာလဲ ခိုအုံနားကနေ လှည့်ပြန်လာတယ်လို့ ပြောတယ်။ အရင်ရက် သွားတုန်းကတော့ အများကြီးသွားတယ်၊ တခါသွားရင် ၅၀ လောက်ရှိမယ် ၂ ခေါက်သွားတာ။ ပြန်လာတဲ့အချိန် ၁၀ ယောက်၊ ၁၅ ယောက်လောက်ပဲ ပြန်လှည့်လာတာ တွေ့တယ်။ ဘယ်ဘက်ကို ဦးတည်သွားလဲတော့ မပြောတတ်ဘူး”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။ အလားတူ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မိုင်းရယ်မြို့မှတဆင့် သီပေါမြို့သို့ ဦးတည်၍ မိုင်းရယ်-သီပေါ လမ်းမကြီးအတိုင်း မောင်းနှင်သွားသည့် စစ်ကောင်စီတပ်သား အပြည့်လိုက်ပါစီးနင်းသည့် ၁၂ ဘီးကား အစီးရေ ၂၀ ကျော်ကိုလည်း တွေ့ခဲ့ရကြောင်း မိုင်းရယ်မြို့ ဒေသခံများထံမှ သိရသည်။ ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို “၁၀၂၇ စစ်ဆင်ရေး”အတွင်း ၂၀၂၃ ဒီဇင်ဘာလက TNLA တပ်ဖွဲ့မှ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ၎င်းမြို့များတွင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရ ကန့်သတ်ချက်များကို ရုတ်သိမ်းကြောင်း TNLA တပ်ဖွဲ့က မတ်လ ၆ ရက်တွင် ကြေညာခဲ့သည်။ သို့သော် မတ်လ ၄ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည့် မာရှယ်လောတွင် နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့သာ ပါဝင်ပြီး လက်ရှိစစ်အင်အား ဖြည့်တင်းနေသည့် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို လွှမ်းခြုံ သက်ရောက်ခြင်း မရှိပေ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ TNLA တပ်ဖွဲ့ စခန်းချတပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံတွင် လက်မှတ်ရေးထိုးခဲ့သည့် “ဟိုင်ဂင် သဘောတူညီချက်”ကိုစစ်ကောင်စီတပ်က ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခဲ့ကြောင်း TNLA တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂ ရက်အတွင်း ယဉ်တိမ်းမှောက်ကာ ၉ ဦးသေ၊ ၆ ဦးဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ၂ ရက် အတွင်း ယဉ်တိမ်းမှောက်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းတွင် မတ်လ ၅ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ရွာငံ - မန္တလေး ပြည်ထောင်စု လမ်းမကြီးရှိ၊ မြို့ကြီးရွာအနီးတွင်...

တာချီလိတ် အွန်လိုင်းလောင်းကစား လူငယ် (၅၄၀) ဦး ပြန်မလွှတ်သေး

ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဖမ်းဆီးခံထားရသည့် အွန်လိုင်းလောင်းကစားလုပ်ကိုင်သည့် မြန်မာနိုင်ငံသားလူငယ် (၅၄၀) ဦး ရက်သတ္တ ၂ ပတ်ကြာ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးရှိ အွန်လိုင်းလုပ်ငန်းနေရာကို ဖေဖော်ဝါရီလ ၂၃ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသားအပါအဝင် မြန်မာနိုင်ငံသား...

TNLA နှင့် စစ်ကောင်စီတို့၏ မာရှယ်လောအကြား ဒေသခံများ ဒွိဟဖြစ်၊ လုံခြုံရေး စိုးရိမ်

သျှမ်းပြည် မြောက်ပိုင်းရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA က ထိန်းချုပ်နိုင်ခဲ့သည့် မြို့များတွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတို့၏ မာရှယ်လောကြောင့် ဒေသခံများ ဒွိဟဖြစ်ပြီး လုံခြုံရေးစိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၄ ရက်တွင် စစ်ကောင်စီတပ်က မန်တုံ၊ နမ့်ဆန်နှင့်...

ထိုင်းနယ်စပ်သွားလမ်းတလျှောက် လူငယ်များကို လက်နက်ကိုင်များ စစ်ဆေးဖမ်းဆီးမှုပြုလုပ်

သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ်သို့ သွားသည့်လမ်းတလျှောက်တွင် လက်နက်ကိုင်များက လူငယ်များကို စစ်ဆေး၊ဖမ်းဆီးမှုများ အပြိုင်အဆိုင်များ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်နယ်တောင်ပိုင်းမှ ထိုင်းနယ်စပ် သွားသည့်လမ်းတွင် ဖေဖော်ဝါရီလ နောက်ဆုံးပိတ်မှ စ၍ လက်နက်ကိုင်များ စစ်ဆေး ဖမ်းဆီးမှုများလာသဖြင့် လူငယ်များ၊ ခရီးသွားပြည်သူများက စိုးရိမ်နေကြပြီး ကားသမားများလည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ခရီးသွားပြည်သူများက...

မူဆယ်ဒေသခံများ လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံထံ ဆက်ကြေးပေးဆောင်ရ၊ လုံခြုံမှုမရှိ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံထံသို့ ဆက်ကြေးငွေ ပေးဆောင်နေရသော်လည်း လုံခြုံမှုမရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ဆက်ကြေးငွေ ပေးဆောင်ရသော်လည်း ၎င်းတို့မှ လုံခြုံရေး တာဝန်ယူမှုမရှိဘဲ အမည်မသိ လူစုများမှ လက်နက်ကိုင်တပ်ဖွဲ့...

မိုးမိတ်မြို့ စစ်ကောင်စီ က ဒေသခံ ပစ္စည်းများကိုခိုးယူပြီး ပြန်လည်ရောင်းစားနေ

သျှမ်းပြည် မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက် နေအိမ်၊ ဆိုင်ခန်းရှိ ဒေသခံပစ္စည်းများကို ခိုးယူပြီး ပြန်လည်ရောင်းစားနေကြောင်း စုံစမ်းသိရသည်။ မိုးမိတ်မြို့ကို ဇန်နဝါရီလ ၂၇ ရက်တွင် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီး ဒေသခံများ ဝင်ရောက် နေထိုင်ခွင့် မပြုသေးကြောင်းသိရသည်။ ထို့နောက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ၂၇၆ တပ်ရင်းမှ မိုးမိတ်မြို့...

ဆီဆိုင်မြို့နယ်အတွင်း PNLAတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို PNLA တပ်နှင့် ပူးပေါင်းမဟာမိတ် တော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့များက တစ်လကျော်ကြာ ထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်မှု များကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲကတော့ ဆီဆိုင်မြို့တွင်းမှာ...

နောင်ချို တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမည်ကို ကြံတောင်သူများ စိုးရိမ်နေကြပြီး၊ ဆမ္မဆယ် သကြားစက်လည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေ‌ဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး နောင်ချိုမြို့နယ် သုံးဆယ်နှင့် ဆမ္မဆယ် ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့်...

ပြည်သူ့စစ်သင်တန်းကျောင်းများ အဆင်သင့်ဖြစ်ပြီဟု စစ်ကောင်စီပြော

ပြည်သူ့စစ်သင်တန်းများစဉ်ဆက် မပြတ်ဖွင့်လှစ်နိုင်ရေး လေ့ကျင့်သင်ကြားပေးနိုင်မည့် သင်တန်းကျောင်းများကို လျားထားစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောဆိုလိုက်သည်။ အဆိုပါ ပြောဆိုမှုသည် ယမန်နေ့ (မတ်လ ၄ ရက်) တွင် နေပြည်တောင်၌ ကျင်းပပြုလုပ်သွားခဲ့သည့် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂)အတွင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းက...

Latest news