Wednesday, January 28, 2026

မဘိမ်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ကလေးနှစ်ဦး အပါအဝင် အရပ်သား ၆ ဦး သေဆုံး

သျှမ်းပြည် မဘိမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က‌ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးနှစ်ဦးနှင့် ရဟန်းတစ်ပါး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဧပြီလ ၂ ရက် ည (၇) နာရီခန့်တွင် မဘိမ်းမြို့နယ်အတွင်းရှိ မိုးလုံးကျေးရွာကို တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးနှစ်ဦးနှင့် ရဟန်းတစ်ပါး အပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မဘိမ်းဒေသခံများက ပြောသည်။

“မိုးလုံးက မဘိမ်းမြို့နဲ့ တော်တော်လေး ဝေးသေးတယ်၊ စစ်ကိုင်းအဆက်က ရွှေလီမြစ်နားမှာ ရှိတာ။ အဲ့မှာ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ လေယာဉ်ပေါ်ကနေ ဗုံးလာကြဲသွားတယ်။ ဘုန်းကြီးကျောင်းနဲ့ သူ့နားက ဈေးတန်းပေါ် ကျကွဲပြီး ဦးပဉ္ဇင်းတစ်ပါးနဲ့ ယောကျ်ား ၅ ယောက်ကတော့ ဆုံးသွားတယ်”ဟု မဘိမ်းမြို့နယ်မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မဘိမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးရသူများမှာ မိုးလုံးကျေးရွာမှ ဦးနိုင်ဝင်းချို (၃၆ နှစ်)၊ ဦးချစ်ထွေး (၃၇ နှစ်)၊ မောင်တိမ်ယံမိုး (၂၇ နှစ်)၊ မောင်လင်းခန့်နိုင် (၁၆ နှစ်)နှင့် မောင်ဖူဆယ် (၅ နှစ်)တို့ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုးလုံးကျေးရွာအုပ်စုရှိ ပေါက်မွန်ကျောင်းတိုက်မှ အသက် ၄၀ ကျော်အရွယ်ရှိ ရဟန်းတစ်ပါးလည်း ပျံလွန်သွားခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် ဈေးဆိုင်တန်းများလည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း မဘိမ်းမြို့နယ် ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့် မဘိမ်းမြို့နယ်အတွင်းရှိ မိုးလုံးကျေးရွာသည် သျှမ်း၊ ကချင်နှင့် စစ်ကိုင်းတိုင်း နယ်စပ်တွင် တည်ရှိပြီး မဘိမ်းမြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးကြောင်း သိရသည်။

၎င်းလေကြောင်း တိုက်ခိုက်မှု မတိုင်မီ နာရီပိုင်းအလိုက မိုးလုံးကျေးရွာနှင့် အလှမ်းမဝေးသည့် ‌‌ကျေးရွာတစ်ခုတွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF တပ်ဖွဲ့များက အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၎င်းနေရာသို့ ဗုံးလာကြဲခြင်း ဖြစ်နိုင်ကြောင်း မဘိမ်းဒေသခံများထံမှ သိရသည်။

မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလ တတိယပတ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၉ ရက်တွင် မိုးမိတ်နှင့် မဘိမ်းမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး မာရှယ်လော ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...