ကွတ်ခိုင်အရပ်သားတစ်ဦး MNDAA ဖမ်းဆီးရိုက်နှက် သေဆုံး၊ ဖြေရှင်းချက်မပေးဘဲ တာဝန်မယူဟုပြော

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် အရပ်သားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရိုက်နှက်၍ သေဆုံးခဲ့ရပြီး ၎င်းအမှုကိစ္စကို ဖြေရှင်းချက်မပေးဘဲ တာဝန်မယူဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။

မတ်လဆန်းပိုင်းက ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် ရပ်ကွက် (၂) တွင် နေထိုင်သည့် အသက် ၃၅ နှစ်ခန့်ရှိ ဇော်ဆိုင်း ဆိုသူသည် နေအိမ်မှ ထွက်သွားပြီး ‌ရက်သတ္တပတ်ခန့်အကြာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဆွေမျိုးများနှင့် အိမ်နီးချင်းများက ဝိုင်းဝန်းစုံစမ်းခဲ့ရာ မတ်လ (၆) ရက်နေ့တွင် သိန္နီမြို့နယ် စယ်အူကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လူတစ်ဦးကို ဖမ်းဆီးစစ်ဆေးရင်း လက်လွန်သေဆုံးသွားခဲ့ကြောင်း သတင်းကြားသိရ၍ သွားရောက်ကြည့်ရှုခဲ့ရာ တစ်လနီးပါးကြာ ပျောက်ဆုံးနေသူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“စယ်အူမှာ ရုံးထိုင်တဲ့ သူတို့ရဲ့ တာဝန်ခံကို ရပ်ရွာက တာဝန်ရှိတဲ့လူတွေ သွားပြီး စကားပြောခဲ့တာ။ အဲ့အချိန်မှာ သူတို့ဘက်က အထက်ကို တင်ပြမယ်ပြောတယ်။ ဒါပေမယ့် အကြောင်းပြန်လာတဲ့နေ့က အလောင်းပြန်လာယူလို့ရတယ်၊ လျော်ကြေးတော့ မပေးနိုင်ဘူး။ ဒီတစ်ယောက်သည် သူတို့ စစ်သားနှစ်ယောက်ကို ဓားနဲ့ခုတ်တယ်ဆိုပြီးမှ ဆင်ခြေပေးခဲ့တာပေါ့”ဟု ကွတ်ခိုင်ဒေသခံ သေဆုံးသူ၏ အိမ်နီးချင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က ဖမ်းဆီးရိုက်နှက်ခဲ့၍ သေဆုံးခဲ့ရသူမှာ အိမ်ထောင်ရေး ပြိုကွဲမှုဒဏ်ကြောင့် စိတ္တဇပုံစံ ဖြစ်နေပြီး နားမကြားသူ တစ်ဦးဖြစ်ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများက ပြောသည်။

သိန္နီမြို့နယ် ဟူမင်ရွာအနီး တွေ့ရှိခဲ့သည့် သေဆုံးသူ၏ ရုပ်အလောင်းကို ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်တူးဖော်ခဲ့ရာ ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရပြီး ၎င်းရုပ်အလောင်းကို ကွတ်ခိုင်မြို့နယ် လွယ်အန်းရွာတွင် ခရစ်ယာန် ဘာသာရေးထုံးစံအရ ဆုတောင်းပေးပြီး ပြောင်းရွှေ့မြှုပ်နှံပေးခဲ့ကြောင်း သိရသည်။

“လူမျိုးရေး ပဋိပက္ခမဖြစ်အောင် ကိုးကန့်တွေနဲ့ အတတ်နိုင်ဆုံး သွားညှိခဲ့တာပဲ။ သူတို့ဘက်က တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မရှိတဲ့အပြင် တကယ်ကို မဖြစ်သင့်တဲ့ စကားပြောတာပေါ့လေ၊ တာဝန်မယူနိုင်ဘူး လျော်ကြေးမပေးနိုင်ဘူး ပြောတယ်။ သတ်တာလည်း သူတို့ဝန်ခံတယ်၊ ဒါကို သူတို့ တာဝန်မယူဘူး ပြောတော့ မဖြစ်သင့်တဲ့ အရာလေနော်”ဟု ကွတ်ခိုင်မြို့နယ်မှ ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် အသက် (၇၀) အရွယ်ရှိ မိခင်ဖြစ်သူနှင့် (၁၀)နှစ်အောက် ကလေးနှစ်ဦး ကျန်ရှိခဲ့ပြီး စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေပြီး သေဆုံးသည်အထိ ဖမ်းဆီးရိုက်နှက်မှု ကျူးလွန်ခဲ့သည့် ကိုးကန့်တပ်သားများကိုလည်း အရေးယူပေးရန် လိုလားကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများက ပြောသည်။

“အမေအိုနဲ့ ကလေးပဲ ကျန်ခဲ့တာဆိုတော့ ရပ်တည်ပေးမယ့်လူ မရှိဘူးလေ။ ကိုးကန့်လူကြီးတွေက လက်အောက်ငယ်သားတွေ မင်းမဲ့စရိုက်ဆန်ဆန် လက်နက်ကိုင်ပြီးတော့ ထင်ရာစိုင်းနေတဲ့ လုပ်ရပ်တွေနဲ့ ဒေသခံကို ခြိမ်းခြောက်နေတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုချင်တယ်”ဟု ကွတ်ခိုင်မြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း သိန္နီမြို့နယ် မိုင်းလီကျေးရွာ အုပ်ချုပ်ရေးမှူးကို ကိုးကန့်တပ်ဖွဲ့ MNDAAမှ လာရောက်ခေါ်ယူ စစ်ဆေးခဲ့ပြီး ရိုက်နှက်ထားသည့် ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည့် အလောင်းကိုသာ ပြန်ပို့ခဲ့ကြောင်း သိန္နီဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...