ကျားဖြန့်လုပ်ငန်း ပတ်သက်မှု ပြည်ထဲရေး ဒုဝန်ကြီးနှင့် ဗိုလ်ချုပ်များ စစ်ကြောရေးရောက်

အွန်လိုင်းလိမ်လည်ဂိုဏ်း-ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း အပါအဝင် စစ်ဗိုလ်ချုပ်များ စစ်ကြောခံနေရသည်ဟု စစ်ဘက် သတင်းရင်းမြစ်က ယနေ့ (ဧပြီလ ၄ ရက်) တွင် အတည်ပြု ပြောသည်။

တရုတ်နိုင်ငံမှ ပေးပို့သည့် သျှမ်းမြောက်နှင့် ကရင်ပြည်နယ်၊ ရွှေကုက္ကိုဒေသ အခြေစိုက် ငွေလိမ်ဂိုဏ်းများနှင့် ပတ်သက်၍ ယင်းဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပြည်ထဲရေး ဒုဝန်ကြီးနှင့် စစ်ဗိုလ်ချုပ်များကို ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်က စတင်ခေါ်ယူ စစ်ကြောနေခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း ပါတယ်။ အရပ်ဘက် ပြောင်းထားတဲ့ ဒုဝန်ကြီး တစ်ယောက်ပါတယ်။ နောက်အငြိမ်းစားယူထားတဲ့ ဗိုလ်ချုပ်တွေလည်းပါတယ်” ဟု ၎င်းက အတည်ပြုသည်။

နေပြည်တော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်ရုံး (စရခ) က ဦးဆောင် စစ်ဆေးနေသည့် ဗိုလ်ချုပ်များ စာရင်းကိုမူ ၄င်း၏လုံခြုံရေးအရ ဆိုကာ ပြောဆိုခြင်း မပြုပေ။
NLD အစိုးရလက်ထက် လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်လင်းထွန်း သည် ယင်းကာလ ကိုးကန့်ဒေသကို အုပ်ချုပ်နေသည့် ကျားဖြန့်ဂိုဏ်းခေါင်းဆောင်ဟု တရုတ်က စွပ်စွဲထားသည့် ပယ်၊ ဝေ၊ မြီ နှင့် လျို မိသားစု လေးစုနှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသော ကိုးကန့် အုပ်ချုပ်သူများ ဖြစ်ခဲ့သည့် ပယ်ဆောက်ချိန်၊ ဝေဆန်း၊ လီကျိန်းချန် (ခ) လျိုအားပေါက် အပါအဝင် ၁၀ ဦးကို စစ်ကောင်စီ ခိုလှုံခွင့် ပေးထားရာမှ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်၊ ညပိုင်း၌ နေပြည်တော်လေဆိပ်တွင် တရုတ်ရဲတပ်ဖွဲ့လက်အပ်ခဲ့သည်။

ယင်းနောက် ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်သည့် စစ်ဗိုလ်ချုပ်များ အပါအဝင် ထွေအုပ်၊ လဝက စသည့် အုပ်ချုပ်ရေးဌာနများမှ ပါဝင်ပတ်သက်သူများ စာရင်းကို တရုတ်ဘက်က နေပြည်တော်သို့ အဆက်မပြတ် ပေးပို့နေသည်ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

“နောက်ဆက်တွဲ စစ်ဆေးခံရမယ့် စာရင်းတွေကတော့ အများကြီး ရှိအုံးမယ်။ တချို့ နောက်ခံတောင့်တဲ့ သူတွေကတော့ လွတ်နေသေးတယ်။ ဥပမာ ဗိုလ်ချုပ်ကြီးညိုစော နဲ့ ပတ်သက်တဲ့ တယောက်ဆို နေပြည်တော်ကနေ ရာထူးတိုးနဲ့ ပြောင်းဖို့ စောင့်နေတာမျိုးရှိတယ်” ဟု ၄င်းကဆက်ပြောသည်။

စစ်ဘက်သာမက အရပ်ဘက် စီးပွားရေးများကို ကိုင်တွယ်နေသည့် ဗိုလ်ချုပ်ကြီးညိုစော သည် ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ် ဖယ်ရှား ခံရပြီးနောက် မင်းအောင်လှိုင် ၏ အယုံကြည်ရဆုံးလူ ဖြစ်လာသည်။

“စာရင်းမှာ အရင် NLD လက်ထက် ကတည်းက မူဆယ်ထွေအုပ်မှာ လက်ဇောင်းထက်ခဲ့တဲ့ တစ်ယောက်ပါတယ်။ သူက အခု နေပြည်တော်မှာပေါ့။ ဗိုလ်ချုပ်ကြီးညိုစော နဲ့ ပတ်သက်နေတော့ ရာထူးတိုးနဲ့ နေရာကောင်းကို ပြောင်းဖို့စောင့်နေတယ်” ဟု သတင်းရင်းမြစ်က ထောက်ပြသည်။

လက်ရှိ မြန်မာနိုင်ငံ အတွင်း တရုတ် ထောက်လှမ်းရေးများစွာ လှုပ်ရှားနေသည့်နည်းတူ ကျားဖြန့် ငွေလိမ်းဂိုဏ်း ခေါင်းဆောင်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်ကြောင်း တရုတ် သတင်း ဘလော့ စာမျက်နှာများက အဆက်မပြတ် ဖော်ပြနေသည်ဟု တရုတ်-မြန်မာ အရေး လေ့လာသူ တစ်ဦးက ပြောဆိုထားသည်။

လက်ရှိ ကျားဖြန့် ကိစ္စနှင့် စစ်ကြောရေး ရောက်နေသည့် စစ်တက္ကသိုလ် အပတ်စဉ် (၃၃) ဆင်း ဗိုလ်ချုပ်အောင်လင်းထွန်း သည် စစ်အာဏာသိမ်းပြီးတဲ့နောက်မှ ကာကွယ်ရေး ဒုဝန်ကြီးဖြစ်လာပြီး ချမ်းသာကြွယ်ဝသူ ဖြစ်သည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...