Saturday, February 14, 2026

CATEGORY

စစ်ရေး

နောင်ချို စစ်ဘေးရှောင် ၃၀၀၀ ကျော် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအကူအညီ အရေးပေါ်လိုအပ်

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန် တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သင်္ကြန်ကာလ ဧပြီ ၁၄ ရက်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ်ကို မန္တလေး-PDF တပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပြင်ဦးလွင်နှင့် နောင်ချိုအကြားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က...

လောက်ကိုင် MNDAA အရာရှိအပါအဝင် (၇)ဦး သေဒဏ်ပေးခံရ

ကိုယ်ကန့်ဒေသ လောက်ကိုင်မြို့ရှိ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA)၏ အရာရှိအပါအဝင် ရာဇဝတ်မှုကျူးလွန်သူ ၇ ကို ဥပဒေနှင့်အညီ သေဒဏ်ပေးခဲ့ကြောင်း MNDAA ယမန့်နေ့ (ဧပြီ ၂၄)ရက်တွင် ထုတ်ပြန်ခဲ့သည်။ အပြစ်ကျူလွန်ပြီး သေဒဏ်ပေးခံရသည့် အမျိုးသား ၁၀ ဦးသည် MNDAA ၏ ဒုတပ်ရင်းမှူး၊ပြည်သူ့စစ်၊စစ်ကြောင်မှူးနှင့်...

တကျော့ပြန် စစ်ရေးပြင်းထန်လာတဲ့ နောင်ချို

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန် တိုက်ပွဲ ထပ်မံဖြစ်ပွားလာသည်မှာ သင်္ကြန်ကာလအတွင်းက စစ်တပ်မြို့ဟု ခေါ်ဆိုကြသည့် ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်များ တိုက်ခိုက်ခံရပြီးနောက် ပြန်လည်ပြင်းထန်လာသည်။ “၁၀၂၇ စစ်ဆင်ရေး” စတင်စဉ်ကလည်း ပြင်ဦးလွင်မြို့မှ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီ ထောက်ပို့စစ်ကြောင်းများကို ညီနောင်မဟာမိတ်နှင့် မန္တလေး-PDF ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ...

သျှမ်းပြည်တပ်မတော် SSA နှစ် (၆၀) ပြည့်အခမ်းအနား AA ဒုစစ်ဦးစီးချုပ် တက်ရောက်ခဲ့

သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ် (၆၀)ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်တွင် ကျင်းပခဲ့ပြီး ရက္ခိုင့်တပ်တော် AA မှ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၄ ရက်)တွင် ကျရောက်သည့် သျှမ်းပြည်တပ်မတော် SSA ထူထောင်ခြင်း နှစ်(၆၀)ပြည့်...

အထူးဒေသ (၁) ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း ဖွင့်လှစ်ခွင့်မပြု MNDAA ထုတ်ပြန်

သျှမ်ပြည် အထူးဒေသ( ၁) ပြန်လည် ထူထောင်ရေလုပ်ငန်းစဉ်တွင် ပုဂ္ဂလိက ဆေးရုံ နှင့် ဆေးခန်းအသစ် ဖွင့်လှစ်ရန် ခွင့်မပြုကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က ယမန်နေ့ (ဧပြီ ၂၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အထူးဒေသ (၁)တွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်း၏ စီမံခန့်ခွဲမှုကို ပိုမိုစနစ်တကျဖြစ်စေရန် နှင့်...

မူဆယ် ပစ်ခတ်မှုဖြစ်ပွား အမျိုးသားတစ်ဦး သေဆုံး

သျှမ်းပြည် မူဆယ်မြို့တွင် ယနေ့ (ဧပြီ ၂၃)ရက် နေ့လယ်ပိုင်း၌ အမည်မသိလက်နက်ကိုင် အဖွဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ကျည်ထိမှန်ကာ သေဆုံးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ တောင်ရပ်ကွက် ယနေ့ (ဧပြီလ ၂၃ ရက်နေ့) နေ့လည် တွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်လိုက်သည့်...

ကွတ်ခိုင် ညီနောင်မဟာမိတ်အချင်းချင်းကြား ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွား

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား အချင်းချင်း ခြိမ်းခြောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နှင့် တာမိုးညဲမြို့အကြားရှိ မော်ဟန်ကျေးရွာအုပ်စုအနီး တအာင်း(ပလောင်) တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့...

စစ်ဇုန်ဖြစ်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ရှောင်များနေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု ဒေသခံများထံမှသိရသည်။ တိုက်ပွဲကြောင့် အခြားရပ်ရွာများသို့ စစ်ဘေးရှောင်ရသည့် ဒေသခံများအနေဖြင့် လာမည့် ဧပြီလ ၂၄ ရက်မှစ၍ မိမိနေအိမ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဟု စစ်ကောင်စီက အထွေထွေအုပ်ချုပ်ရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဒေသခံများကို ပြောဆိုခိုင်းထားကြောင်း ဆီဆိုင်မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တစ်ဦးကပြောသည်။ “...

အောင်ပန်း စစ်ဘေးရှောင် နှစ်ထောင် ကျော် စားနပ်ရိက္ခာ၊ဆေးဝါးများ လိုအပ်

သျှမ်းပြည် အောင်ပန်းမြို့နယ်တွင် စစ်ဘေးရှောင် နှစ်ထောင် ကျော်အတွက် အလှူရှင်များ မရှိ၊စားနပ်ရိက္ခာမျာ နှင့် ဆေးဝါးများ လိုအပ်နေကြောင်း သိရသည်။ သျှမ်း-ကရင်နီနယ်စပ်တကြောမှ အောင်ပန်းသို့ ထွက်ပြေးသိမ်းရှောင်လာသူ နှစ်ထောင်ကျော်သည် လက်ရှိမှာ အလှူရှင် နှစ်လကျော်ကြာ မရှိသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများလိုအပ်နေကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိအောင်ပန်းစစ်ဘေးရှောင် နှစ်ထောင်ကျော်ထဲမှ အချို့သည်...

နောင်ချို လေကြောင်းဗုံးကြဲတိုက်ခိုက် အမျိုးသမီး ၂ ဦး အပါအဝင် ၄ ဦးသေဆုံး

သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများအတွင်း အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၄ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက် ၁၀ နာရီကျော်တွင် သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်ကြားရှိ သရက်ကုန်းကျေးရွာနှင့်...

Latest news