နှစ်နိုင်ငံအကြား ကြာခံငွေကြေးအသုံးမပြုဘဲ ကုန်ပစ္စည်းချင်းဖလှယ်သည့်စနစ် ကျင့်သုံးမည်ဟုဆို

အာဏာသိမ်းစစ်ကောင်စီက ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကြားခံငွေကြေးအသုံးမပြုဘဲ ကုန်ပစ္စည်းချင်း အပြန်အလှယ်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arra ngement-BTA) ကို ကျင့်သုံးရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်စွဲဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) က အဆိုပါကုန်ပစ္စည်းချင်း အပြန်အလှယ်ဖလှယ်သည့် ကုန်သွယ်မှုစနစ်နှင့် ပတ်သတ်၍ ကုန်သည်အသင်း အဖွဲ့များထံသို့ အကြောင်းကြားစာပို့ခဲ့ခြင်း ဖြစ်သည်။

“သူတို့ချမှတ်တဲ့ ပုံစံကတော့ အဲ့လိုပဲ။ နိုင်ငံခြားငွေနဲ့ မဟုတ်ဘဲနဲ့ ကုန်ပစ္စည်းချင်း ဖလှယ်ဖို့ပေါ့။ အဲ့ဒါလည်း ကိုယ့်လုပ်ငန်းအပေါ်မှာဘဲ မူတည်တယ်လို့ပဲ ထင်တာပဲ” ဟု မူဆယ်မြို့ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

ပို့ကုန်သွင်းကုန်ကုမ္ပဏီများသည် ပြည်ပကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုကာ ကုန်ဖလှယ်ရမည်ဖြစ်ကြောင်း၊ ပို့ကုန်ရငွေနှင့် သွင်းကုန်အတွက် နိုင်ငံခြားငွေပေးချမှုအပေါ် ဗဟိုဘဏ်၏ ကြားဝင်ထိန်းချုပ်မှုများမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကုမ္ပဏီများမှ နိုင်ငံခြားသို့ တင်ပို့ရောင်းချသည့် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်က တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် ဖြတ်ယူပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ အွန်လိုင်းငွေဈေးကွက်တွင် ပြန်လည်ရောင်းချရသည်။

စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်အကျော် နိုင်ငံခြားသုံးငွေ ပြတ်လပ်လာခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းပြီး ဒေါ်လာနှင့် ရွှေဈေးနှုန်း တဟုတ်ထိုးမြင့်တက်လာခြင်းတို့ကြောင့် စစ်ကောင်စီသည် ထိုကုန်ပစ္စည်းချင်း ဖလှယ်သည့် စနစ်ကိုကျင့်သုံးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

“ကျမတို့ကျတော့ ဒီကုန်ပစ္စည်းတွေတင်ပို့တယ်ဆိုပေမဲ့ သူ့ဝယ်လက်နဲ့ သူ့ဖောက်သည်နဲ့ သူဟာသူအကုန်က ဒီတိုင်းဖြစ်ပြီးသားလေ။ ကျမတို့က ပုံမှန်ကုန်တင်ပြီးရင် ပိုက်ဆံပဲပြန်ယူတာလေ။ သူတို့ဆီက ကိုယ်ကပြန်ယူစရာမှ မရှိတာ” ဟု မူဆယ်မြို့ကုန်သည်အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် ယခုနှစ်ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက် တိုးမြှင့်သတ်မှတ်ခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှု ပမာဏသည် ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာသန်း (၂၂၀) ကျော်လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်းကြီးဌာနကို ကိုးကား၍ ပေါ်ပြူလာ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

သျှမ်းမြောက်တွင် “ ၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားပြီးသည့်နောက်ပိုင်း ရပ်ဆိုင်းခဲ့ရသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြန်လည်ဖွင့်လှစ်ထားသော်လည်း စစ်ကောင်စီဘက်က ခွင့်မပြုသေးသောကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အတူ ကုန်သည်များကလည်း လုပ်ငန်းများကိုရပ်ဆိုင်းထားရသကဲ့သို့ အချို့ကုန်သည်မှာ သျှမ်းအရှေ့ မိုင်းပြင်း၊ ကျိုင်းတုံကို ဖြတ်၍ မိုင်းလားမြို့သို့သော်လည်းကောင်း၊ တာချီလိတ်မြို့သို့သော်လည်း ကုန်သွင်း၊ ကုန်ထုတ် ပြုလုပ်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...