ဆီဆိုင်ဒေသခံများ စားဝတ်နေရေး အသက်လောင်းကြေးထပ်ပြီး စိုက်ပျိုးရေး ပြန်လုပ်နေရ

သျှမ်းတောင် ဆီဆိုင်ဒေသခံများသည် စားဝတ်နေရးအခက်ခဲကြောင့် အန္တရာယ်ကြားမှ အသက်လောင်းကြေးထပ်ကာ စိုက်ပျိုးရေး ပြန်လုပ်ကိုင်နေရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

သျှမ်းတောင်၊ဆီဆိုင်မြို့နှင့် ကျေးရွာများတွင် နေရပ်ပြန်လာသည့်စစ်ရှောင်များသည် စားဝတ်နေရေး အခက်ခဲကြောင့် မြေမြုပ်မိုင်းအန္တရာယ်၊ လက်နက်ကြီး အန္တရာယ်ကြားကနေ စိုက်ပျိုးရေးကို ပြန်လုပ်ကိုင်နေရပြီး အလှူရှင်များ နည်းပါးလာတာကြောင့် စားဝတ်နေရေးအတွက် စွန့်စားစိုက်ပျိုးနေကြရပြီး အသက်အန္တရာယ်အတွက် စိုးရိမ်မှုများရှိကြောင်း သိရသည်။

“တောင်ယာမစိုက်ရင် နောက်နှစ်စားဝတ်နေရေးအတွက်က မသေချာဘူး။ စစ်တပ်က စိုက်မယ် ဆိုရင် နှစ်ရှည် လရှည်ပင်တွေ ပေးမစိုက်ဘူး။ ခုက ပြောင်းနဲ့ စပါး ပြန်စိုက်နေရတယ်။ မပေါက်ကွဲသေးတဲ့ မိုင်းတွေယော လက်နက်ကြီးတွေယော ရှိတော့ စိုက်တဲ့ အချိန်မှာ နင်းမိရင် ဘဝဆုံးပီ။ ဟု ဆီဆိုင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ ဆီဆိုင်မြို့ကို ပြန်လည်သိမ်းယူထားသော်လည်း နယ်မြေရှင်းလင်းရေးမလုပ်ဆောင်ပေးတာကြောင့် မြေမြုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးများ ရှိနေသေးကြောင်း သိရသည်။

ထို့အပြင်စစ်ကောင်စီဖက်မှ လက်နက်ကြီးများပစ်ခတ်မှုတွေ ပြုလုပ်တာကြောင့် ဒေသခံများစိုးရိမ်နေကြရပြီး တိုက်ပွဲပြန်ဖြစ်၍ ထပ်ဆင့်စစ်ဘေးရှောင်ရလျှင် နေစရာနှင့် စားစရာများအတွက် အခက်ခဲရှိကာ ဒုက္ခပြန်ရောက်မှာ စိုးရိမ်နေကြောင်းသိရသည်။

“ ခုကလက်နက်ကြီးတွေ ပစ်ခတ်နေတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ စစ်တပ်က သူတို့ဟာသူတို့ တဖက်သတ် ပစ်ခတ်နေကြတယ်။ တိုက်ပွဲထပ်ဖြစ်မှာတော့ စိုးရိမ်တယ်။ ရှိတဲ့ ပစ္စည်းတွေလဲကုန်ပြီ။ ရောင်းစားစရာမကျန်တော့ဘူး။ စစ်ဘေးသာ ထပ်ရှောင်ရရင် ပိုပြီး ဒုက္ခရောက်မှာ။” ဟုဆီဆိုင်ဒေသခံတစ်ဦးမှ ထပ်လောင်းပြောသည်။

လက်ရှိဆီဆိုင်မြို့နယ်တွင် နေရပ်ပြန်လာသူမှာ ၅၀ ရာခိုင်နူန်းမျှရှိပြီး စစ်ရှောင်နေရသူ ၆သောင်းနီးပါး ရှိကာ စစ်ကောင်စီမှ လက်နက်ကြီးများရမ်းသတ်ပစ်ခတ်မှုများ ဆက်လက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက မေ ( ၂၉)ရက် ထုတ်ပြန်ခဲ့သည်။

PYO ၏ ထုတ်ပြန်ချက်အရ မေလ ၁၉ ရက်မှ ၂၅ ရက်အတွင်း မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူမှာ (၁၁) ရာခိုင်းနူန်း ရှိကြောင်းသိရှိရသည်

ထို့အပြင် မိုင်း အန္တရာယ် ထိပါးမှုလျော့နည်းစေရန် PYO မှ အသိပညာပေးမှုကို အွန်လိုင်းတွင်သာပေးနိုင်ခဲ့ပြီး၊ မြေပြင် ကွင်းဆင်းပညာပေးမှု မလုပ်ဆောင်နိုင်သေးကြောင်း PYO က တာဝန်ရှိသူတစ်ဦးသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဓိက လုပ်ဖြစ်တဲ့အပိုင်းက မိုင်းအသိပညာကို ဗွီဒီယိုကို ပအိုဝ်းဘာသာနဲ့ ဗမာဘာသာနဲ့ ပြုလုပ်ပြီး ဆိုရှယ်မီဒီယာကနေ ဖြန့်ဝေတဲ့အပိုင်းတွေ/ မိုင်းအန္တာရာယ်ရင်ဆိုင်နေကြတဲ့ ဒေသခံပြည်သူများကို ကျန်းမာရေးဆိုင်ရာ ငွေကြေးပံ့ပိုးမှုတွေ/ အချက်အလက်ကောက်တဲ့အပိုင်းတွေ စသဖြင့် လုပ်နေတယ်။ နောက်ပိုင်းမှာ မိုင်းအသိပညာကို လက်တွေ့မြေပြင်မှာ လုပ်နိုင်ဖို့၊ မိုင်းအသိပညာအစီစဉ်ကို video animationနဲ့ ဆက်သွားနိုင်ဖို့၊ Poster Campaign သွားနိုင်ဖို့ ပြင်ဆင်နေတွေတော့ ရှိပါတယ်” ဟု ပအိုဝ်းလူငယ် အစည်းရုံး က ပြောသည်။

စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့၏ ဖိအားပေးမှုကြောင့် ဆီဆိုင်မြို့ပေါ် ပြည်သူများသည် နေရပ်ပြန်သွားကာ စစ်သားစုဆောင်းမှုခံနေရကြောင်းလည်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...