CATEGORY

စစ်ရေး

PNO မှ ဟိုပုံးအရပ်သား (၂)ဦးကို ပစ်သတ်

သျှမ်းပြည်တောင်ပိုင်း ၊ ဟိုပုံးမြို့ နောင်ပဖါရပ်ကွက်နေ ပြည်သူ (၂)ဦး ကို ပအိုဝ်းပြည်သူ့စစ် ( PNO )ပစ်သတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး (PNLA) က ထုတ်ပြန်ကြေညာခဲ့သည်။ ဖြစ်စဉ်မှာ မေလ ၁၅ရက် ညနေ ၈နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ လက်အောက်ခံ PNO တို့သည့်...

သျှမ်းမြောက် စစ်ရေးတင်းမာ၊ ပြည်သူများ သတိရှိရန်လိုအပ်

သျှမ်းပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးတင်းမာမှု အမြင့်ဆုံး အ‌ခြေအနေ ရောက်ရှိနေသဖြင့် ဒေသခံပြည်သူများ အနေဖြင့် လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ရန် လိုအပ်နေပြီဟု ခိုင်မာသည့် စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇွန်လ ၁၃ ရက်) တွင် အကြံပြု ပြောဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊...

မဲနယ်တောင်ဒေသ စိုက်ပျိုးလုပ်ကိုင်သူများ လျော့နည်းလာ

သျှမ်းပြည် ဟိုပုံးမြို့နယ် ၊မဲနယ်တောင်ဒေသ နေထိုင်သူများသည် ထပ်ဆင့်စစ်ဘေးရှောင်ရမည်စိုး၍ စိုက်ပျိုးရေးလုပ်ကိုင်သူများ လျော့နည်းလာကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသ ဇန်နဝါရီ ၂၁ရက်နေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ် ပအိုဝ်းပြည်သူ့စစ်တပ်မတော်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO) တို့ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်ခဲ့ရပြီး စိုက်ခင်းများပျက်စီးခဲ့ရသည်။ ယခုကာလတွင်...

လွိုင်ကော်ခေတ္တပြန် စစ်ရှောင်များ ဆန်အိတ်သယ်လျှင် စစ်ဆေးမေးမြန်းခံရ

ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့သို့ ခေတ္တပြန်သည့် စစ်ရှောင်များကို လမ်းတွင် စစ်ကောင်စီမှ ဆန်အိတ်ပါလာလျှင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ကြောင်းစုံစမ်းသိရှိရသည်။ “လမ်းမှာ ကိုယ်စားဖို့ ဆန်အိတ်ပါရင်တောင်ရစ်တာပါ၊ ကိုယ်အိမ်နဲ့ကိုယ်နေမယ့်သူတွေကတော့ ပြန်ကြတာပေါ့၊ ဒါပေမယ့် ဘာအလုပ် ဘာဝင်ငွေမှမရှိတဲ့အတွက် ဒုက္ခရောက်ပါလိမ့်မယ်၊ ကျမတို့အိမ်ကတော့ ၁၅ ရက်လောက် ပြန်နေခဲ့ပြီးတော့ ညောင်ရွှေကိုပဲပြန်ရောက်လာတာပါ” ဟု ညောင်ရွှေမြို့တွင် စစ်ဘေးရှောင်နေသည့်...

ရွာငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူများလာ ပြည်သူများ လုံခြုံရေး စိုးရိမ်နေရ

သျှမ်းပြည် ရွာငံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုများလာသောကြောင့်  ပြည်သူများ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း  စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ  ကျေးရွာများတွင်  မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူပိုများလာပြီး ခိုးဆိုးလုယက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုနှင့် ဓားပြတိုက်မှုများလာခြင်းကြောင်း   ပြည်သူများက လုံခြုံမှု မရှိတော့ပဲ စိုးရိမ်စိတ်ဖြင့် နေရ ကြောင်းဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။  မူးယစ်ဆေးသုံးးစွဲသူများသည် ဆိုင်ကယ်၊ ဖုန်းနှင့် ရွှေ‌ငွေတွေအပြင် ဒေသထွက် သီးနှံကိုပါ ခိုးယူနေကြကြောင်းကို ဒေသခံ အမျိူးသမီးတစ်ဦးက ပြောသည်။ “ ဆေးသမားတွေက သူတို့ဆေးသုံးဖို့ ငွေလိုတော့ ပစ္စည်းတွေ လိုက်ခိုးကြတယ်။တချို့ဆို ပဲတွေ၊ ဆန်တွေ ‌ရောင်းလို့ ရတဲ့ဟာ အကုန်ခိုးတယ်။ညညဆို ဆေးကြောင်ပြီး အိမ်ပေါ်တက်လာတယ်။ ပိုက်ဆံတောင်းတယ်။ ကိုယ်ကကြောက်တော့ ပေးလိုက်ရတယ်။ ကိုယ့်ကို ဘာများလုပ်သွားမလဲဆိုပြီး ကြောက်နေရတာ။ ညဆို ကိုယ့်အိမ်နဲ့ ကိုယ်လဲ မလုံခြုံဘူး။”ဟု ၎င်းအမျိုးသမီးတစ်ဦးက ဆိုသည်။ ထို့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး သုံးစွဲနေတဲ့သူကိုလည်း ဥကဒေအရ ထိရောက်စွာ အရေးယူမှု မရှိပဲ ဆက်လက်ပြီး ရောင်းဝယ်ခွင့် ပြုထားကြောင်းသိရသည်။ “ ရွာကတစ်ယောက်က မူးယစ်ဆေး ရောင်းချနေတယ်။ သူ့ကိုရွာကလူတွေက ဖမ်း မိတယ်။ ရဲလက်အပ်လိုက်တယ်။ မကြာဘူး ပြန်လွတ်လာတယ်။ ရဲတွေကလဲ အရေးမယူပေးဘူး၊အဲတော့ ရွာကလဲ လွှတ်ထားလိုက်ရတယ်။ သူ့အိမ်ဘေးက ကလေးတွေကမှ အစ ပျက်စီး နေကြတယ်။ဥပဒေကမှ စိုးမိုးမှုမရှိတာ ဘာမှဆက်လုပ်လို့မရတော့ဘူး။”ဟု ဒေသခံ တစ်ဦးက ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံမြို့နယ်တွင် မူးယစ် ဆေးဝါးရောင်းဝယ်သူများ ပိုမိုများပြားလာကာ သုံးစွဲသူများမှာလည်း လူကြီးပိုင်းထက်လူငယ်တွေပိုမိုသုံးစွဲလာကြ ကြောင်း ဒေသခံများကပြောသည်။  လက်ရှိ ရွာငံတွင် စစ်ကောင်စီမှ ‌ကျေးရွာအများစုတွင် တပ်စွဲထားပြီး စစ်မှုထမ်းခါ်ရန်အတွက်ပြင်ဆင် နေပြီး လူငယ်များကို ပေါ်တာဆွဲမှုများလည်းရှိနေကြောင်း သိရသည်။  အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

KIA နှင့် TNLA ကြား သတ္တုရိုင်းကိစ္စ ပဋိပက္ခဖြစ် နမ္မတူ လမ်းပိတ်ဟု အပြန်အလှန် အပြစ်တင်လွှဲချ

သျှမ်းပြည် နမ္မတူမြို့နယ်တွင် အများပြည်သူ အသုံးပြုသည့်လမ်းမပေါ်  ကချင်လွတ်လပ်ရေးတပ် (KIA) တပ်ဖွဲ့က မြေတူးဖြတ်တောက်ပြီး သံဆူးချွန်မြှုပ်ထားကြောင်း TNLA တပ်ဖွဲ့ ထုတ်ပြန်ချက်ကို KIA က ငြင်းဆိုလိုက်သည်။ ဇွန်လ (၇) ရက်မှ စ၍ နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာအကြားရှိ အများပြည်သူ အသုံးပြုသည့် လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ လမ်းမကြီးကို မြောင်းဖောက် ဖြတ်တောက်သည့်အပြင် ရွှံ့နွံထဲ၌ သံဆူးချွန်များ...

ဝိုင်းမော်တိုက်ပွဲပြင်းထန် စစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် စီစဉ်နေ

ကချင်ပြည် ဝိုင်းမော်မြို့တွင် တိုက်ပွဲများပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ နေရပ်အသစ်သို့ ထပ်မံပြောင်းရွှေ့ရန် အခြေအနေရှိနေပြီး အခက်အခဲများကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ကောင်စီ နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF တို့ တိုက်ပွဲပြင်းထန်နေလျက်ရှိနေပြီး တိုက်ပွဲပြင်းထန်မှုကြောင့် စစ်ဘေးရှောင်များ ထပ်မံပြောင်းရွှေ့ရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက...

စစ်မှုထမ်းဥပဒေကြောင့် လက်နက်ကိုင်တော်လှန်းရေးထဲ လူငယ်ပါဝင်မှုတိုးလာ

အာဏာသိမ်း စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးသည့်နောက် အရွယ်ရောက်ပြီး လူငယ်များသည် စစ်ကောင်စီတပ်ထဲသို့ မဝင်လိုသောကြောင့် လက်နက်ကိုင်တော်လှန်ရေး အင်အားစု အသီးသီးထံသို့ ရောက်ရှိလာနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ စစ်ကောင်စီက ပြည်သူ့စစ် မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီးသည့်နောက်စစ်မှုထမ်းရန် အရွယ်ရောက်ပြီးလူငယ်များသည် နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံခြားသို့ ထွက်ပြေးခဲ့ရ...

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လုပ်ကြံရန် ကြံစည်သည့် ရန်ကုန် UG များဖမ်းမိဟု စစ်ကောင်စီကြေညာ

ရန်ကုန်တိုင်းရှိ သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ရန်ကြံစဉ်သည့် ရန်ကုန် UG အဖွဲ့ဝင်များအား ဇွန်လ ၈ ရက်၊ နံနက်ပိုင်းက ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းအတွင်း၊ သစ်သားလိုင်းခန်း အဟောင်း၌ ဖမ်းမိကြောင်း...

ရွာငံ စစ်ကောင်စီက ကျေးရွာတွင်း စစ်ကြောင်းထိုး၊ ပြည်သူတွေကိုရိုက်နှက်

သျှမ်းပြည် ရွာငံရှိ စစ်ကောင်စီ တပ်များက ကျေးရွာများတွင် စစ်ကြောင်းထိုးပြီး ပြည်သူများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၇ ရက်တွင် ဒေသခံတစ်ဦးမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ တောတောင်ဘက်တွင် ရှိနေသည်ဟု စစ်ကောင်စီကို...

Latest news