ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO တို့က စစ်အသုံးစရိတ်ကောက်ခံခြင်းမရှိဟု လိမ်လည်ဝါဒဖြန့်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့ စစ်အသုံးစရိတ် ကောက်ခံမှုမရှိဟု လိမ်လည်ဝါဒဖြန့်နေသည်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ် ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media မှ “ ဆီဆိုင်မြိုမှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်အဖွဲက စစ်အသုံးစရိတ်ခေါင်းစဥ်ဖြင့် ငွေကြေးကောက်ခံနေကြောင်း သတင်းအမှားတွေကို Khit Thit Media က လုပ်ကြံရေးသားဖြန့်ဝေနေတယ်လို PNO တာဝန်ရှိသူတစ်ဦးထံမှ သိရ” ဟု ဆိုကာ Khit Thit Media မှရေးသားထားသည့် သတင်း၊ ရုပ်ပုံနှင့်အတူ ဖြန့်ချိထားသည်။

ထိုလိမ်လည်ဝါဒဖြန့်ပိုစ့်ကို ကြည့်ရှု့သူပေါင်း ၇၀၀ ကျော်ရှိသည်။

မူရင်းလင့်ခ် – https://archive.ph/ChmmO

သျှမ်းသံတော်ဆင့် အချက်အလက် စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ဧပြီလမှစ၍ ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ပြီးသည့်နောက် အခြားမြို့နယ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို နေရပ်ပြန်လာနေကြရန် ခေါ် ပြီး၊ ထို့နောက် ဒေသခံများကို ထမင်းဟင်းထုပ် ပို့ခိုင်းခြင်းရှိခဲ့သည်ဟု နေရပ်ပြန်သွားသည့် ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ကရွာလုံခြုံရေးကို လာယူပေးတယ်။ ဒါကြောင့်မို့ သူတို့ထမင်းဟင်းထုပ် ပို့ပေးရမယ်လို့ ပြောတယ်။ တကယ်လည်း သွားပို့ပေးရတာရှိတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ပို့ပေးရတာ” ဟု ၎င်းကပြောသည်။

အလားတူ ၎င်းတို့စစ်အသုံးစရိတ်အတွက် ရွာလုံခြုံရေးအကြောင်းပြပြီး ပိုက်ဆံကောက်ခံခဲ့ဖူးကြောင်း ၎င်းကဆိုပြန်သည်။

“အရင်က ပိုက်ဆံကောက်တာရှိတယ်။ ဘယ်လိုကောက်လဲဆိုတော့ မင်းတို့ရွာရဲ့ လုံခြုံရေးအတွက် ဘာညာဆိုပြီး အကြောင်းပြတာ။ အပြီးတော့ အစည်းအဝေးခေါ်တယ်၊ တစ်အိမ်ကို ဘယ်လောက်ဆိုပြီး ပြောတယ်။ အခုနောက်ပိုင်းတော့ ကျနော်တို့ဘက်မှာတော့ မကြားသေးဘူး။ ဒါပေမဲ့ တခြားရွာတွေမှာတော့ မပြောတတ်ဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။

ဆီဆိုင်မြို့နယ် ဆီဆိုင်ကြီးကျေးရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့၏ စစ်အသုံးစရိတ်အတွက် တစ်အိမ်လျှင် ၅ သိန်းကျပ် ကောက်ခံနေသည့်အပြင် နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သူများလည်း တစ်အိမ်လျှင် ၈ သိန်းကျပ် ထည့်ပေးရမည်ဖြစ်ကြောင်း ဇွန်လ ၁၇ ရက်ကပြုလုပ်ခဲ့သည့် အစည်းအဝေးအတွင်း ပြည်သူ့စစ် PNO က ပြောဆိုပြီးကောက်ခံခဲ့သည်ဟု PNLA ကထုတ်ပြန်ထားသည်။

မူရင်းလင့်ခ် – https://shorturl.at/2zmso

PNLA ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက “ဒါကတော့ တော်တော်ကြီးကို အောက်တန်းကျတဲ့ လုပ်ရက်ပေါ့ဗျာ။ ဥပမာ- လက်နက်ရှိတယ်ဆိုပြီးတော့ ပြည်သူလူထုရဲ့ သွေးတွေ၊ ပြည်သူလူထုရဲ့ ချွေးတွေကို ကုပ်သွေးဆုပ်နေတဲ့လုပ်ရက်ဖြစ်တယ်” ဟု ပြောသည်။

ထို့အပြင် ဆီဆိုင်မြို့တိုက်ပွဲကြောင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံပြည်သူများအတွက် စစ်ကောင်စီက ပြန်လည်ထောက်ပံ့ပေးခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာမှ ကြေညာခဲ့သည်အထိ တကယ့်မြေပြင်တွင် ဆန်၊ ဆီ၊ ဆားမှလွဲ၍ အခြားထောက်ပံ့မှုများမရရှိခဲ့ကြောင်း ဆီဆိုင်မြို့ဒေသခံများက ပြောသည်။

ဒေသအတွင်း သတင်းမီဒီယာဖြစ်သည့် ခမ်းသားငေါဝ်းသတင်းဌာနကလည်း ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့က စစ်အသုံးစရိတ်အတွက် ကျပ်ငွေ ၅ သိန်းကောက်ခံနေသည်ဟု ရေးသားဖော်ပြထားသည်။

မူရင်းလင့်ခ် – https://shorturl.at/aBx3P

ထို့ကြောင့် အထက်ပါအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါမှာ ဆီဆိုင်မြို့နယ် ဒေသခံများထံ စစ်အသုံးစရိတ်ကောက်ခံခြင်းမရှိဟု ပြောဆိုရာမှာ စစ်ကောင်စီကလိမ်လည်ဝါဒဖြန့်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာက ဒေသခံ ၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းမီဒီယာများကရေးသားဖော်ပြခဲ့ရာမှာ ၎င်းတို့ကဖမ်းဆီးခြင်းမရှိခဲ့ဟု လိမ်လည်ဝါဒဖြန့်ချိခဲ့ဖူးသည်။

မူရင်းလင့်ခ် – https://burmese.shannews.org/archives/41510

စစ်ကောင်စီသည် သတင်းမီဒီယာများမှ ရေးသားဖော်ပြသော သတင်းများကို မဟုတ်မမှန်ကြောင်း၊ သတင်းမှားဖြစ်ကြောင်းဆိုပြီး သတင်းမီဒီယာများအပေါ် ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင် မကြာခဏ ဝါဒဖြန့်လေ့ရှိသည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...