ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့်

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူကျေးရွာ (ထီဗွာကျေးရွာ) မှ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့် နေသည်။

စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “တရားမဝင်ပြည်ဖျက် မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် လုပ်ကြံရေးထားခြင်းသာဖြစ်ပြီး ထီဗွာကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးထားခြင်းမရှိကြောင်း” ဟု ဆိုကာ ဖြန့်ချိထားသည်။

မူရင်းလင့် – https://shorturl.at/BGR24

အလားတူ စစ်ကောင်စီလက်အောက်ခံ MRTV အပါအဝင် ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်ပေါင်း ၆ ခုက အဆိုပါလိမ်လည်ဝါဒဖြန့် သတင်းမှားကို ထပ်မံဖြန့်ချိထားလျက်ရှိသည်။

Subscribe ပြုလုပ်သူ ငါးသောင်းကျော်ရှိသည့် Snow Queen အမည်နှင့် တယ်လီဂရမ်ချန်နယ်က ထိုသတင်းမှားကိုထပ်မံဖြန့်ချိခဲ့ရာမှာ ကြည့်ရှု့သူပေါင်း ၈ ထောင်ကျော်ရှိသည်။

မူရင်းလင့် – https://archive.ph/sh01g

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

မေလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ (ထီဗွာကျေးရွာ) သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေဖြူကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

“ဟုတ်တယ်။ ဖမ်းခံရတာတော့ ၉ ယောက်ရှိတယ်။ အဲ့ထဲမှာ ကယန်းလူမျိုးပါတယ်။ ကယားလူမျိုးပါတယ်။ ကျနော်ထင်တာတော့ ပုဒ်မ ၁၇ (၁) ပုံစံနဲ့ပဲ ဖမ်းသွားတာပဲထင်တယ်။ မတရားအသင်းအဖွဲ့ဝင်တွေကို ကူညီတယ် ဘာညာစွပ်စွဲပြီးတော့ ဖမ်းသွားတာပေါ့” ဟု ၎င်းကပြောသည်။

ထို့အပြင် ဈေးသုံးပြီး ရေဖြူရွာသို့ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ယုံကြည်စိတ်ချရသည့် သတင်းဌာနာများတွင်လည်း စစ်ကောင်စီက ရေဖြူကျေးရွာ (ထီဗွာကျေးရွာ)သို့ စစ်ကြောင်းထိုးလာစဉ် ဒေသခံများကြောက်ရွံ့ကာ စစ်ဘေးရှောင်ရန်ပြင်ဆင်နေသည့် ဒေသခံများကို ဖမ်းဆီးထားကြောင်း၊ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း PNLA ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ဖယ်ဒရယ် FM သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မူရင်းလင့် – https://shorturl.at/cjlRT

ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်းကလည်း ထိုကဲ့သို့ ရေးသားဖော်ပြထားသည်။

မူရင်းလင့် – https://shorturl.at/fENQ0

ထို့ကြောင့် အထက်ပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါမှာ ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ (ထီဗွာကျေးရွာ)မှ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီကလိမ်လည်ဝါဒဖြန့်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ ဆီဆိုင်မြို့နယ် ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု သတင်းမှားဖြန့်ချိခဲ့သည်။

ထိုသတင်းမှားကို သျှမ်းသံတော်ဆင့်မှ စီစစ်ခဲ့သည်။ မူရင်းလင့် – https://shorturl.at/juBFN

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...