Tuesday, January 27, 2026

ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့်

သျှမ်းပြည် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ရေဖြူကျေးရွာ (ထီဗွာကျေးရွာ) မှ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီလိမ်လည်ဝါဒဖြန့် နေသည်။

စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “တရားမဝင်ပြည်ဖျက် မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန်အတွက် လုပ်ကြံရေးထားခြင်းသာဖြစ်ပြီး ထီဗွာကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးထားခြင်းမရှိကြောင်း” ဟု ဆိုကာ ဖြန့်ချိထားသည်။

မူရင်းလင့် – https://shorturl.at/BGR24

အလားတူ စစ်ကောင်စီလက်အောက်ခံ MRTV အပါအဝင် ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်ပေါင်း ၆ ခုက အဆိုပါလိမ်လည်ဝါဒဖြန့် သတင်းမှားကို ထပ်မံဖြန့်ချိထားလျက်ရှိသည်။

Subscribe ပြုလုပ်သူ ငါးသောင်းကျော်ရှိသည့် Snow Queen အမည်နှင့် တယ်လီဂရမ်ချန်နယ်က ထိုသတင်းမှားကိုထပ်မံဖြန့်ချိခဲ့ရာမှာ ကြည့်ရှု့သူပေါင်း ၈ ထောင်ကျော်ရှိသည်။

မူရင်းလင့် – https://archive.ph/sh01g

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။

မေလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ (ထီဗွာကျေးရွာ) သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေဖြူကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

“ဟုတ်တယ်။ ဖမ်းခံရတာတော့ ၉ ယောက်ရှိတယ်။ အဲ့ထဲမှာ ကယန်းလူမျိုးပါတယ်။ ကယားလူမျိုးပါတယ်။ ကျနော်ထင်တာတော့ ပုဒ်မ ၁၇ (၁) ပုံစံနဲ့ပဲ ဖမ်းသွားတာပဲထင်တယ်။ မတရားအသင်းအဖွဲ့ဝင်တွေကို ကူညီတယ် ဘာညာစွပ်စွဲပြီးတော့ ဖမ်းသွားတာပေါ့” ဟု ၎င်းကပြောသည်။

ထို့အပြင် ဈေးသုံးပြီး ရေဖြူရွာသို့ပြန်လာသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ယုံကြည်စိတ်ချရသည့် သတင်းဌာနာများတွင်လည်း စစ်ကောင်စီက ရေဖြူကျေးရွာ (ထီဗွာကျေးရွာ)သို့ စစ်ကြောင်းထိုးလာစဉ် ဒေသခံများကြောက်ရွံ့ကာ စစ်ဘေးရှောင်ရန်ပြင်ဆင်နေသည့် ဒေသခံများကို ဖမ်းဆီးထားကြောင်း၊ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း PNLA ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ဖယ်ဒရယ် FM သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

မူရင်းလင့် – https://shorturl.at/cjlRT

ဒေသအတွင်း သတင်းဌာနတစ်ခုဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်းကလည်း ထိုကဲ့သို့ ရေးသားဖော်ပြထားသည်။

မူရင်းလင့် – https://shorturl.at/fENQ0

ထို့ကြောင့် အထက်ပါ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသည့်အခါမှာ ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ (ထီဗွာကျေးရွာ)မှ ကိုယ်ဝန်သည် အမျိုးသမီး ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၉ ဦးကို ဖမ်းဆီးထားခြင်းမရှိဟု စစ်ကောင်စီကလိမ်လည်ဝါဒဖြန့်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ ဆီဆိုင်မြို့နယ် ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု သတင်းမှားဖြန့်ချိခဲ့သည်။

ထိုသတင်းမှားကို သျှမ်းသံတော်ဆင့်မှ စီစစ်ခဲ့သည်။ မူရင်းလင့် – https://shorturl.at/juBFN

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီများသို့ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...