သီပေါမြို့နယ် စစ်ကောင်စီတပ်နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်အပြိုင် စစ်အင်အားများ ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မှစတင်ပြီး သီပေါမြို့နယ် နောင်ကော်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA...
မူဆယ်မြို့ တရုတ်ယွမ် ၁၀၀၊ မြန်မာငွေ ကျပ် ခြောက်သောင်း ခုနစ်ထောင်ကျော် ထိမြင့်တက်
သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ (၁၀၀) ကို မြန်မာငွေကျပ် ခြောက်သောင်းခုနစ်ထောင်ကျော်အထိ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၂၉ ရက်)တွင် တရုတ်ယွမ် (၁၀၀) လျှင် မြန်မာကျပ်ငွေ ခြောက်သောင်းခုနစ်ထောင်ကျော် (၆၇,၀၀၀)ကျော်အထိ မြင့်တက်နေပြီး၊ နှစ်ပတ်အတွင်း မြန်မာကျပ်ငွေ လေးထောင်ကျော်ထိ...
သျှမ်းမြောက်တိုက်ပွဲ ရပ်စဲနိုင်ရန် သက်ဆိုင်သူများ ဆွေးနွေးရန် RCSS က တိုက်တွန်း
သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲ အပစ်ရပ်စဲနိုင်ရန်အတွက် RCSS က သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းလိုက်သည်။ အဆိုပါ တိုက်တွန်းချက်ကို ဇူလိုင် ၂၆ မှ ၂၈ ရက်နေ့အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ ၆ လပတ်အစည်းဝေးကို လွိုင်တိုင်းလျန်တွင် ပြုလုပ်ခဲ့ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်။ ထို ထုတ်ပြန်ချက်ထဲတွင် သျှမ်းပြည်မြောက်ပိုင်းတိုက်ပွဲအတွင်း ပြည်သူများ...
နေဝန်းနီတို့၏ နောက်ဆုံးနေ့ရက်များ
SHAN -
ရဲတောက်နေသည့် အနီရောင်ပေါ်တွင် ရွှေဝါရောင် ကြယ်တပွင့် ဆင်မြန်းထားသည့် အလံသည် မြို့တွင်းနေရာ အများအပြားတွင် နေရာယူ လွှင့်ထူထားသည်။ လူသူကင်းမဲ့နေသည့် လမ်းမများတွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်နေလေ့ရှိပြီး လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲသံများလည်း ဆူညံနေသည်။ လမ်းဘေးတွင် မည်သူမည်ဝါဟု ခန့်မှန်းရန် ခက်ခဲသည့် အသက်မဲ့ ခန္ဓာကိုယ် အချို့က...
လားရှိုးထောင်ပွင့်၊ အကျဉ်းကျခံသူအားလုံး လွတ်မြောက်
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့၊ ရပ်ကွက်ကြီး (၁၂) အနီးတွင် တည်ရှိသည့် လားရှိုးအကျဥ်းထောင်ကို ယနေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းက ဖွင့်ပေးလိုက် သဖြင့် အကျဉ်းကျခံနေသူ အားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း ထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုပြောသည်။ ယနေ့ နံနက်ပိုင်းက အကျဉ်းထောင်အနီး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး...
လားရှိုးမြို့”ဝ” ပြင်ပဆက်ဆံရေးရုံးနှင့်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် UWSA လုံခြုံရေးတပ်စွဲ
သျှမ်းပြည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေစိုက်ရာ လားရှိုးမြို့ပေါ်ရှိ ‘ဝ’ ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုကို ကာကွယ်ရန် အတွက် UWSA မှ ဝင်ရောက်နေရာယူ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်နေသည့် လားရှိုးမြို့ပေါ်သို့ ယမန်နေ့ (ဇူလိုင်လ ၂၇...
လားရှိုး ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်တင်ထွန်းအောင် ဒဏ်ရာပြင်းထန်
SHAN -
သျှမ်းမြောက်၊ လားရှိုး တိုက်ပွဲ အတွင်း စစ်မြေပြင်တွင် ကြီးကြပ် ကွက်ကဲနေသည့် ရမခ ဒုစစ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်းထွန်းအောင် ဒဏ်ရာပြင်းထန် သဖြင့် ဆေးကုသမှု ခံယူနေရသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၂၈ ရက်) တွင် ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၆...
သိန္နီမြို့ စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲ၊ မြေးအဖွား (၂)ဦး သေဆုံး
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ (ဇူလိုင် ၂၈)ရက် နံနက် ၂နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီ က လေကြောင်းဖြင့် ဗုံးကြဲသဖြင့် မြေးအဖွား (၂)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင် ၂၈)ရက် နံနက် ၂နာရီခွဲဝန်းကျင်တွင် သိန္နီမြို့ ကွမ်လုံလမ်းခွဲ အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့်...
ဘဏ်များပိတ်ဆိုင်း Kpayထုတ်ရခက် စစ်ရှောင်ကူညီရန်အခက်အခဲကြုံနေရ
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းစတင်လာပြီးနောက် သျှမ်းပြည်မြောက်ပိုင်း မြို့အချို့တွင် ဘဏ်များပိတ်ထားကြပြီး KPay ဖြင့် ငွေသားထုတ်ယူ၍မရသဖြင့် စစ်ဘေးရှောင်များကို ကူညီရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ဇွန်လ ၂၅ ရက်မှစပြီး နောက်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သိန္နီနှင့် လားရှိုးမြို့တို့တွင် တိုက်ပွဲဖြစ်ပွား လာပြီးနောက် ထိုမြို့ရှိဘဏ်များအားလုံး...
မိုင်းရယ် MNDAA တွင် စစ်ရှောင် မှတ်ပုံတင်၊ဖုန်းများစစ်ဆေး ဖမ်းဆီးမှုရှိနေ
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဆေးရေးဂိတ်တွင် လားရှိုးမြို့မှ စစ်ဘေးတိမ်းရှောင် လာသော စစ်ဘေးရှောင်များကို စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများကို မိုင်းရယ်မြို့နယ် ဟိုယ နှင့် တန့်ယန်းလမ်းခွဲရှိ ကိုးကန့်...






