လားရှိုးမြို့ တွင်းသို့ ၁၃ မျဉ်းစောင်း လရန မှတ်ပုံတင် ကိုင်ဆောင်သူများသာပေးဝင်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်းကို ၁၃ မျဉ်းစောင်း လရန နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကိုင်ဆောင် ထားသော ဒေသခံများသာ ဝင်ရောက်နိုင်ကြောင်း သတင်းရရှိသည်။

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက်‌ ဒေသခံများ နီးစပ်ရာမြို့နှင့် ဆွေမျိုးစီသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး သြဂုတ် ၃ရက်တွင် MNDAA ဘက်မှ လားရှိုးမြို့သို့ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် လက်ရှိ ၃ ရက်သာအတွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး လားရှိုးမြို့ ရပ်ကွက် (၃) ၊ရပ်ကွက် (၄) ၊ရပ်ကွက် (၅) အတွင်းသို့ လွတ်လပ်စွာ သွားလားနိုင်သည်။

သို့သော် လားရှိုး မြို့တွင်းတွင် ကိုးကန့်တပ်ဖွဲ့ ၏ စစ်ဆေးမှုများရှိနေပြီး ၁၃မျဉ်းစောင်း လရန (၁၃/လရန (နိုင်) နိုင်ငံသားစိစစ်မှတ်ပုံတင် ကိုင်ဆောင်ထားသော ဒေသခံများသာ မြို့အတွင်းသို့ ဝင်ရောက်နိုင်ကြောင်း လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုလောလောဆယ်တော့ လွတ်လွတ်လပ်လပ်သွားလာလို့ရတဲ့ အနေအထားတော့ရှိတယ်။ ဒါပေမဲ့ ကိုးကန့်တပ်ဖွဲ့တွေက ရပ်ခိုင်းရင်တော့ ရပ်ပေါ့ဗျာ။ သူတို့က ဘယ်သွားမလဲ ဘာညာတော့ မေးလိမ့်မယ်၊ ဖြေနိုင်ရင်တော့ သူတို့လည်း ပေးသွားတယ်။ လားရှိုးကိုဝင်ရင် မှတ်ပုံတင်က လားရှိုးကဖြစ်ရမယ်။ လားရှိုးက မှတ်ပုံတင် မဟုတ်ရင် ဝင်လို့မရဘူး။”ဟု လားရှိုးမြို့‌ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုပြင်လားရှိုးမြို့အတွင်း၌ အလောင်းများကို ကိုးကန့်တပ်ဖွဲ့ မှ ဦးဆောင်၍ ကျန်ရှိနေသော ပြည်သူအချို့ နှင့် သန့်ရှင်းရေးများ လုပ်ဆောင်ပေး နေ‌ကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ကဆက်ပြောသည်။

“အဓိက လမ်းမကြီးတွေပေါ့။ လူသေအလောင်းတွေလည်း တွေ့ပါတယ်။ အလောင်းတွေတော့ရင်တော့ ရှင်းတယ်။ အလောင်းတွေကို လိုက်ရှာပြီး ရှင်းတာတော့မရှိသေးဘူး။ လမ်းပေါ်မှာ သေနေတဲ့အလောင်း တွေကိုတော့ သဲတွေဖုံး၊ ကား တာယာနဲ့ အုပ်ပြီး မီးရှို့ဆိုတာပေါ့။ အခုအလောင်း သွားမြုပ်ဆိုလည်း ဘယ်သူမှမသွားရဲတော့ဘူး။ အိမ်ဝန်း၊ ခြံဝန်းထဲမှာ သေနေတဲ့အလောင်းတွေတော့ မတွေ့ရင် မကောက်ဘူးပေါ့ဗျာ။”ဟု ၎င်းက ပြောသည်။

လားရှိုးမြို့တွင် ကျန်ရှိနေသော ဒေသခံအချို့သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေကြပြီး၊ အခြားမြို့သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများလည်း နေရပ်သို့ ပြန်ရန် စိုးရိမ်နေကြကြောင်း လားရှိုးမြို့‌ ဒေသခံအမျိုးသားတစ်ဦးကဆက်ပြောသည်။

“ကျနော်တို့ကတော့ လေယာဉ်ကိုပဲ ကြောက်တယ်။ ပြီးတော့ အရမ်းကြောက်ဖို့ကောင်းတာတစ်ခု ညဘက်ကျနော်တို့အိပ်ပျော်နေတဲ့အချိန်မှာ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို အကြောက်ဆုံးပဲ။ လောလောဆယ် ပြည်သူတွေတော့ မပြန်ရဲကြသေးဘူး။ လေယာဉ်နဲ့ ဗုံးလာကြဲမှာကို ကြောက်တာ၊ စိုးရိမ်တာကြောင့်လည်း ပြန်မလာနေကြသေးဘူး။”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ လားရှိုးမြို့အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သွားလာလှုပ်ရှားနေပြီး၊ လားရှိုးမြို့ အကျဉ်းထောင် အတွင်းတွင်လည်း အကျဉ်းသား ၆၀၀ ကျော် ကျန်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက် လားရှိုး ရမခ အလုံးစုံ သိမ်းပိုက်မှုအတွင်း စစ်သည်နှင့် မိသားစု ၄၇၀၀ ကျော် အလံဖြူထောင် လက်နက်ချခဲ့ပြီး ထိပ်တန်း စစ်အရာရှိ ၃ ဦးကို ကိုးကန့်တပ်ဘက်က ဖမ်းမိထားသည်။

လက်ရှိ လားရှိုးမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲများကြား အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး မြို့တွင်းတွင် ရုပ်အလောင်းများ မကောက်နိုင်အောင် ရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်စပြီး ဇူလိုင် ၃၁ ရက်အထိ သျှမ်းပြည် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော “ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း အရပ်သား စုစုပေါင်း ၁၃၀ ကျော်သေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရှိထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...