လူထုအသက်အိုးအိမ်ကို ကာကွယ်ဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ
SHAN -
“…. ကျယ်ပြန့်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကို ကာကွယ်ဖို့ ဒေသခံတွေဖိတ်ခေါ်မှု နဲ့ ဝ တပ်ဖွဲ့တွေ တန့်ယန်းမြို့နယ်ထဲကို ရောက်ရှိလာရတယ်လို့ ” - ဇူလိုင် ၁၁ ရက်နေ့တုန်းက UWSA လားရှိုးရုံးတာဝန်ခံ ဉီးညီရန်းက မီဒီယာကို ပြောသွားပါတယ်။ အဲဒီအချိန်မှာ တန့်ယန်းမြို့ နဲ့ အနီးအနားဝန်းကျင်မှာ သေနတ်သံ...
MNDAA တပ်သား မိုင်းရယ် အမျိုးသားတစ်ဦးကို ပစ်သတ်
သျှမ်းပြည် မိုင်းရယ်မြို့နယ်၌ ဟိုတိကျေးရွာအတွင်းနေထိုင်သည့် အမျိုးသားတစ်ဦးကို ယနေ့ (ဇူလိုင် ၂၂)ရက် နံနက် ၂နာရီဝန်းကျင်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင် ၂၂) ရက် နံနက် ၂နာရီတွင် စစ်ကောင်စီသည် မိုင်းရယ်မြို့နယ် ဟိုတိကျေးရွာအတွင်း MNDAA...
လားရှိုးဒေသခံများကို MNDAA က ကာကင်းကျင်းတူးခိုင်းနေ
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း၌ ကိုးကန့်တပ်ဖွဲ့ MNDAA သည် အရပ်သားဝတ်စုံဖြင့် ဝတ်ဆင်ပြီး အရပ်သားနေအိမ်တွင် နေရာယူကာ ဒေသခံများကို ကာကင်းကျင်းတူးခိုင်းနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့သည် ဇူလိုင် ၃ရက်မှ စတင်ကာ ယနေ့(ဇူလိုင် ၂၂)ရက်အထိ စစ်ရေးပြင်းထန်နေပြီး လားရှိုးဒေသခံအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အချို့ မထွက်ပြေးနိုင်သည့်...
ကျောက်မဲ တိုက်ပွဲပြင်းထန်၊ ၃ရက်အတွင်းလေကြောင်း ဗုံးဒဏ် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံး
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၃ ရက်အတွင်း အရပ်သား ၁၅ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ပေါ် ရပ်ကွက်များသို့ ဇူလိုင် ၂၀ရက်မှစတင်ပြီးစစ်ကောင်စီ ဘက်မှ စစ်အင်အားဖြည့်တင်းလာသဖြင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်ကောင်စီတပ်ဘက်မှ...
လားရှိုးမှ စစ်ရှောင်လာသူ ကား ပျောက်ဆုံး
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် စစ်ဘေးရှာင် တစ်ဦး၏ ကား ယမန်နေ့ (ဇူလိုင် ၂၁)ရက် ညတွင် ခိုးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ အဆိုပါ ကားသမားသည် လက်ရှိ စစ်ရေးပြင်းထန်နေသည့် လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်လာပြီး ဆောင်ကြဲကျေးရွာသို့ ကားခေတ္တရပ်ဆိုင်းနေစဉ် ယမန်နေ့ (ဇူလိုင် ၂၁)ရက် ကားမှန်ဖောက်ခွဲပြီး...
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပဋိပက္ခအတွင်း ပါဝင်နေကြသည့် အဖွဲ့များအားလုံး စာသင်ကျောင်းများကို မတိုက်ခိုက်ရန် ရန်ကုန်ဗြိတိန်သံရုံးက တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ အဖျက်ဆီးခံနေရပြီး အရပ်သားများလည်း စိုးရိမ်ရအောင် ထိခိုက်မှုရှိနေရုံသာမက ပညာရေးအခွင့်အလမ်းများလည်း ဆုံးရှုံးနေသည်ကိုတွေ့နေရကြောင်း ရန်ကုန်ရှိ ဗြိတိသျှသံရုံးဆက်သွယ်ရေးဆိုင်ရာ တာဝန်ခံ မစ္စ Lisa Gill က ဇူလိုင်...
MNDAA အပစ်ရပ်ကာလ လားရှိုးတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တိုက်ခိုက်
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့တွင် ယနေ့ (ဇူလိုင်လ ၂၁ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး မြို့တွင်း ကျန်ရှိနေသည့်ပြည်သူ အများအပြား ထွက်ခွာရန် ကြိုးစားခဲ့သည်ဟု မြို့ခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ အထွက် မုဒ်ဦး၌ မြို့တွင်းမှ ထွက်ခွာမည့် ယာဥ်အစီးရေ ရာနှင့်ချီ ပိတ်မိခဲ့သည်ဟု မြို့ခံ တစ်ဦးက ပြောသည်။ “နားမခေါ်၊ မယ်ဟန်၊ အောင်သစ္စာဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်တယ်။ မြို့အထွက် စစ်တပ်က ပိတ်ထားတော့ မနက်က ပြန်လှည့်တဲ့သူတွေများတယ်။ တိုက်ပွဲပါးရင်တော့ လမ်းဖွင့်ပေးတယ်။ ဖွင့်လိုက်ပိတ်လိုက် ဆိုတော့ ထွက်မဲ့သူတွေ နားစွင့်သွားကြပါ” ဟု ယနေ့ နံနက်ပိုင်း အခြေအနေကိုမြို့ခံ တစ်ဦးက ရှင်းပြသည်။ ထို့အပြင် မြို့အတွင်း စစ်ကောင်စီ သံချပ်ကာကားများ သွားလာနေသည်ဟု ၎င်းကဆက်ပြောသည်။ ယနေ့ နံနက်ပိုင်းမှ ညနေပိုင်း အထိ တိုက်ပွဲ ဧရိယာတဝိုက် လေယာဥ်ဖြင့် ဗုံးကြဲမှုများ ရှိနေသော်လည်း မြို့တွင်း၌ သွားလာသူတချို့ရှိပြီး ရပ်ကွက် စျေးဆိုင်အချို့ ရောင်းချပေးနေဆဲဖြစ်သော်လည်း စားနပ်ရိက္ခာ နည်းပါးနေပြီဟု ၎င်းကဆိုသည်။ နေ့လည်ပိုင်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၄၁) တပ်ကို ကိုးကန့်တပ်က သိမ်းပိုက်လိုက်ပြီး ညနေပိုင်းတွင် (၅၀၇) တပ်တွင်းအထိဝင်ရောက်နေပြီ ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်ကြောင်း အခြား မြို့ခံ တစ်ဦးကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ရေးက သေချာသိဖို့ခက်တယ်။ တဖက်ကဝင်လိုက် ဗုံးကြဲလိုက်၊ ပြန်ဆုတ်လိုက် အဲလိုတွေ ဖြစ်နေတယ် ကြားတယ်။ လေယာဥ်ကတော့ တနေကုန် ဗုံးကြဲနေတယ်” ဟု ၎င်းက ပြောသည်။ လားရှိုးမြို့ ယနေ့ အခြေအနေနှင့် ပတ်သက်၍ ပညာရေးကောလိပ်ဘက်၊ ရပ်ကွက် (၇)၊ ဘူတာဘက် စသည်ဖြင့် နေရာအများစု အခြေအနေကောင်းမွန်သော်လည်း ရပ်ကွက် (၄) နှင့် (၅) ဘက် အခြေအနေ မကောင်းကြောင်း (၅၀၇) တပ်နှင့် (၄၁) (၆၈) တပ်များဘက် ယနေ့ (ဇူလိုင် ၂၁)ရက် ညပိုင်းအထိ တိုက်ပွဲ ပြင်းထန်နေကြောင်း မြို့တွင်း၌ ပြည်သူများအား အကူအညီပေးနေသည့် Freedom Youth Volunteers- FYP တာဝန်ရှိသူ တစ်ဦးက လူမှုကွန်ရက်မှ တစ်ဆင့် တိုက်ရိုက်ပြောသည်။ “ရေကန်တောင်ဘုရားလည်း စုတ်ပြတ်သတ်သွားပြီ။ ရပ်ကွက် (၅) ကို ကယ်ဆယ်ရေး သွားချင်ပေမည့် ၅၇ လမ်းကို ကျော်လို့မရဘူးပေါ့”၊“ရပ်ကွက် ၈ ကတော့ ကောင်းသေးတယ်၊ ……နားက လောင်းကစားဝိုင်းတောင် ဖွင့်နေသေးတယ် ဆိုတော့ အခြေအနေကောင်းလား မကောင်းလား စဥ်းစားကြည့်ပေါ့” ၎င်းက ရှင်းပြသည်။ လက်ရှိ လားရှိုးမြို့ အမြင့်ပိုင်းများတွင် MPT၊ MYTEL ဖုန်းနှင့် အင်တာနက်လိုင်း အသုံးပြု၍ရကြောင်း၊ ဝိုင်ဖိုင်ရသည့် နေရာတချို့ အခမဲ့ ပေးသုံးနေကြောင်း ယင်းက ထပ်လောင်းဆိုသည်။ ထို့အပြင် လားရှိုး ပြည်သူ့ဆေးရုံ၌ ဆရာဝန်များ ရှိနေဆဲဖြစ်ပြီး မွေးလူနာနှင့် အရေးကြီး လူနာများ လက်ခံ ကုသပေးနေကြောင်း သိရသည်။ Freedom Youth Volunteers- FYP အဖွဲ့ အနေဖြင့် ကိုယ်ဝန်ဆောင် ၃၀ ခန့် အပါအဝင် သံဃာတော်များနှင့် တကွ ရာနှင့်ချီသည့် စစ်ဘေးရှောင်များကို လက်ခံစောင့်ရှောက်နေကြောင်း ပင်ပန်းသော်လည်း မညည်းညူရဲကြောင်း ၎င်းကရှင်းပြသည်။ “ထောင်ဘက် အခြေအနေ ကောင်းပါတယ်။ ရပ်ကွက် ၁၂ အခြေအနေ ကောင်းပါတယ်၊ အောင်သစ္စာ ရှမ်းကုန်း မပါဘူးပေါ့နော်။ အခု ရပ်ကွက်….ကနေ LIVE လွှင့်နေတာပါ။ ရပ်ကွက် ၈ အခြေအနေ ကောင်းပါတယ်။ မကောင်းတဲ့ ရပ်ကွက်က ရပ်ကွက် ၅ ရှိမယ်၊ ရပ်ကွက် ၅ မှာ တိုက်ပွဲ ဖြစ်နေပါတယ်။ မကောင်းတဲ့ဘက်က အောင်သစ္စာရှိမယ်။ ၆၈ ဘက်၊ ၄၁ ဘက်ရှိမယ်၊ ချယ်ရီမြိုင် ဒီ ၅ ခုပဲ မကောင်းတာဗျ။ ရှော့တိုက်ဒုံး ကျတာတွေတော့ ရှိတာပေါ့နော်” ဟု FYP တာဝန်ရှိသူ ပြောဆိုသည်။ ယနေ့ည ၈ နာရီကျော်ခန့်က ယင်းသို့ လူမှုကွန်ရက်မှ တိုက်ရိုက် ပြောဆိုနေစဥ် ဗုံးသံများကြားနေရပြီး အနည်းဆုံး ဗုံး ၅ လုံး ကြဲချခဲ့ရာ မြို့ပြင်နေရာများဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “လားရှိုး တက္ကသိုလ်ဘက် ဘာမှမဖြစ်၊ ---အေဒီတံတားချိုးတယ်ဆိုတာ မဟုတ်ပါဘူး” “ဗျူဟာလမ်းဘက် အအခြေအနေကောင်းတယ်။ စစ်ရှောင်မဲ့သူတွေ ရှမ်းမြောက်ထဲပဲဆိုရင် ရှောင်လည်းမထူးဘူး။ ရပ်ကွက် ၉ သံလမ်းဘက် ကောင်းပါတယ်။ အခု လေယာဥ်နဲ့ ဗုံးကြဲတာ အမြင်အရရပ်ကွက် ၄-၅ ဘက်” ဟုဆိုသည်။ လက်ရှိ လားရှိုးမြို့တွင် နံနက် ၆ ၊ ည ၆ မာရှယ်လော မရှိတော့ကြောင်း၊ ရပ်ကွက် စစ်ဘေေးရှောင်များ ထောင်လာဂျီ၊ ကား ဆိုင်ကယ်များနှင့် အလံဖြူ တလူလူထောင်ကာ ဘေးကင်းသည်ဟု ယူဆရသည့် ရပ်ကွက်များသို့ ညပိုင်း သွားလာနေကြောင်း သိရသည်။ ယခု သတင်းရေးသားနေချိန်အထိ လားရှိုးမြို့ ဆင်ခြေဖုံး ဒေသများတွင် တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီးသံ၊ ဗုံးကြဲသံများ ကျယ်လောင်စွာကြားနေရကြောင်း၊ မြို့တွင်း တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း မြို့ခံ တချို့က ပြောသည်။
“တော်လှန်ရေးပြီးမှ အိမ်ပြန်မည်”
“အဓိက ကတော့ စစ်အာဏာရှင်ကို တော်လှန်ဖို့၊ အာဏာရှင်တွေရဲ့ လက်အောက်မှာ မနေချင်လို့” ဟု ပြောဆိုသူကတော့ အသက် ၂၀ ကျော် လူငယ် တစ်ဦး ဖြစ်သည်။ သူ့ခံယူချက်က ရှင်းလင်း ပြတ်သားသည်။ အာဏာရှင်စနစ်ကို မလိုလား။ အာဏာရှင်စနစ် မှန်သမျှ တိုက်မည်၊ ခိုက်မည်။ သူကတော့ သျှမ်းပြည်တောင်ပိုင်း၊...
တန့်ယန်းလမ်းခွဲတွင် ကားသမားတစ်ဦးကို MNDAA ပစ်သတ်
သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ယမန်နေ့ ( ဇူလိုင် ၂၀)ရက် နံနက် ၅နာရီဝန်းကျင်တွင် ကားသမားတစ်ဦးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မန္တလေးမြို့မှ လားရှိုးမြို့သို့ ပြေးဆွဲနေသည့် အသက် ၂၆နှစ်အရွယ်ရှိ ကားသမား ကိုဝေယံထွန်း သည် ယမန်နေ့...
ညောင်ရွှေမြို့နယ် တိုက်ပွဲကြောင့် ကလေးအပါအဝင် ၃ ဦးထိခိုက်၊ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရ
သျှမ်းပြည် ညောင်ရွှေမြို့နယ် စံကားဒေသတွင် စစ်ကောင်စီတပ်နှင့် ကရင်နီလက်နက်ကိုင် တော်လှန်ရေးအင်းအားစုများအကြား တိုက်ပွဲဖြစ်ပွားကာ ကလေးအပါအဝင် အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဖယ်ခုံမြို့နှင့် မိုင် ၅၀ ခန့်သာကွာဝေးသည့် စံကားကျေးရွာအနီးကို နှစ်ဘက်တပ်ဖွဲ့ အပြန်အလှန် စစ်ကြောင်းထိုးလာသောကြောင့် ဇူလိုင် ၁၉ ရက်မှစ၍...





