လေကြောင်းတိုက်ခိုက်မှုကြား ကျောက်မဲရှိ တပ်စခန်းများကို TNLA အလုံးစုံ သိမ်းပိုက်

သျှမ်းပြည် ကျောက်မဲမြို့ရှိ တပ်စခန်းများ မကျဆုံးရှုံးရေး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ခုခံတိုက်ခိုက်နေသည့်ကြားထဲ ထိုတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )နှင့် ပူးပေါင်းတပ်တို့ အလုံးစုံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ် စကခ-၁နှင့် ခြေမြန်တပ်ရင်း ခမရ ၅၀၁၊ ၅၀၂ တို့ကို တအာင်းတပ်ဖွဲ့ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ရာ ယနေ့ (သြဂုတ် ၆)ရက် နံနက်ပိုင်းမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဒီမနက်ပိုင်းမှာ အလုံးစုံ သိမ်းပိုက်နိုင်ပြီ။ လေကြောင်းဗုံးကြဲမှုကတော့ ကြောက်နေရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသခံများထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလိုင်းပြတ်တောက်မှုများကြောင့် လက်တလောတွင် ဆက်သွယ်၍မရသေးပေ။

ကျောက်မဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ဇွန်လ ၂၅ ရက်နေ့ကစတင်၍ တအာင်းတပ်ဖွဲ့ TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ပြီး ၁ လကျော်ကြာသည်အထိ သြဂုတ် ၅ ရက်မှ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း တပ်စခန်းများမကျစေရေး စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် အပြန်းအထန် ဗုံးကြဲခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့တစ်နေ့တည်းတွင် စခန်းကုန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Y 12 လေယာဉ်ဖြင့် ဗုံး (၉၆) လုံး၊ ပတ္တမြားစေတီအနီးတဝိုက်သို့ ဗုံး (၂) လုံး နှင့် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...