CATEGORY

စစ်ရေး

သီပေါမြို့နယ် စစ်ကောင်စီတပ် ခမရ(၁၄၇)ကို MNDAA တိုက်ခိုက်သိမ်းပိုက်

သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကြီးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၁၄၇ ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ် လက်အောက်ခံ...

လားရှိုး စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချမှုဖြစ်ပွား

သျှမ်းပြည် လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရှောင်ပြည်သူများ နေအိမ်သို့ ပြန်မရောက်ခင် နေအိမ်များ ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့သို့ ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့သိမ်း တိုက်ပွဲသည် ဇူလိုင်လ ၂ရက်နေ့တွင် စတင်ခဲ့ရာ သြဂုတ်...

ပင်လောင်း ပြောင်းပွဲစား ၄ဦး ကို PNO ဖမ်းဆီးငွေညစ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် တောင်ဘက်ကျေးရွာများတွင် ပြောင်းလိုက်ဝယ်နေသူ ပြောင်းပွဲစား ၄ဦးကို ပအိုဝ်းပြည်သူ့စစ် PNO က ဖမ်းဆီးပြီး ငွေဖြင့် ပြန်လာရွေးခိုင်းကြောင်း သတင်းရရှိသည်။ ဇူလိူင်လ အတွင်းတွင် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ပြောင်းပွဲစားမှာ နမ်းဖာမူရွာ ပွဲစား၂ဦး၊ဂျာမနီလမ်း စမ်းရေကြည်ဖက် ပွဲစား၂ဦးတို့ဖြစ်ကြောင်း သိရသည်။ "PNOက အရမ်းယုတ်မာတယ်။ အကြောင်းရင်း ဘာမှမရှိဘဲ...

သီပေါတိုက်ပွဲ ၃ ရက်တွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ အရပ်သား ၂၀ ဦးနီးပါး သေဆုံး

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၁၀ ရက်မှ စတင်ပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊...

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့...

“လူကောင်မမြင်ဘူး၊ သူတို့ကပစ်ပစ်ဆိုလို့ ပစ်လိုက်တာ”

စစ်ကောင်စီ အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ မဖြစ်မနေစစ်သင်တန်းကို တက်ခဲ့ရပြီးနောက် ရှေ့တန်းကို ပို့ခံလိုက်ရသည့်သင်တန်ဆင်းတစ်ဦးက အထက်ပါအတိုင်း ဖွင့်ဟပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ပြည်သူ့စစ်မှုထမ်း စစ်သင်တန်းတက်ခဲ့ရပြီးသည့်နောက် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ခမရ (၄၂၄) တပ်ရင်းထံ အပို့ရသည်ဟု သူကဆိုသည်။ သြဂုတ် ၁၀ ရက်တွင်...

ဆီဆိုင် သူခိုးများ သောင်းကျန်းမှုကြောင့် တိုက်ပွဲကြား ဒေသခံအချို့ စစ်မရှောင်ရဲ

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ကျေးရွာ ဒေသခံများသည် သူခိုးများသောင်းကျန်းနေသောကြောင့် စစ်မရှောင်ဘဲ အိမ်စောင့်ရန် အမျိုးသားများ ကျန်နေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၆ရက်) မှ စပြီး ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA ) နှင့် စစ်ကောင်စီ ၊ ပအိုဝ်းပြည်သူ့စစ်...

လားရှိုးမြို့ အရပ်သားနေအိမ် ပြန်လာနေထိုင်ရန် MNDAA ပြော၊ လေကြောင်းစိုးရိမ်မှုနေရသေး

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို မိမိနေအိမ်သို့ ပြန်လာနေထိုင်ရန် ပြောဆိုနေသော်လည်း လေကြောင်းအန္တရာယ် စိုးရိမ်မှုကြောင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခကို ဩဂုတ်လ ၃ ရက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို...

စစ်ကောင်စီမှ တောင်ကြီး ညဈေးဆိုင်များကို ပိတ်ခိုင်း

သျှမ်းပြည် တောင်ကြီးမြို့ ရှိ ညပိုင်းတွင် ဖွင့်လှစ်ထားသည့် ညစျေးဆိုင်များကို စစ်ကောင်စီ လက်အောက်ခံ စည်ပင်မှ ပိတ်ခိုင်းကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အ.ထ.က (၁) ၏ မြောက်လက်ရှိ ညဈေးတွင် ဖွင့်လှစ်ထားသော စျေးဆိုင်များကို စစ်ကောင်စီလက်အောင်ခံ စည်ပင်သာယာရေးမှ သြဂုတ်လ ၁၁...

နမ့်ဆန်မြို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လာရောက်ဗုံးကြဲ ၊ အရပ်သားတစ်ဦးသေ

သျှမ်းပြည်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး၊ အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဩဂုတ် ၁၂) ရက် ည ၁၁နာရီ ကျော်တွင် စစ်ကောင်စီမှ လာရောက်ဗုံးကြဲကာ နေအိမ်အဆောက်အဦး ပျက်စီးမှုများရှိပြီး၊ အမျိုးသားတစ်ဦးထိခိုက်သေဆုံးခဲ့ကြောင်း မြို့နယ်ခံ အမျိုးသားတစ်ဦးက...

Latest news