မန္တလေးကို ဦးတည်တိုက်ခတ်လာသော လူမျိုးရေး အမုန်းစကားလှုံ့ဆော်မှုများ

အာဏာသိမ်းစစ်ကောင်စီ၏ အဓိက လက်နက်အဖြစ် သွေးခွဲအုပ်ချုပ်နည်းကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ သွေးခွဲအုပ်ချုပ်နည်းကို အာဏာရှင်အဆက်ဆက် လက်ခံကျင့်သုံးခဲ့ကြပါတယ်။ အထူးသဖြင့် အချုပ်အခြာအာဏာ သက်ရောက်မှုနည်းသည့် တိုင်းရင်းသားဒေသများတွင် ပိုမိုအသုံးပြုလေ့ရှိခဲ့ပါတယ်။

သွေးခွဲအုပ်ချုပ်နည်းထဲမှ လူမျိုးရေးဝါဒမှိုင်းသည် လည်း အာဏာရှင်အဆက်အဆက်က အဓိကလက်ကိုင်တုတ်အဖြစ်အသုံးပြုခဲ့ပါတယ်။

စစ်ကောင်စီက လည်း အာဏာသိမ်းပြီးကတည်းက အသုံးပြုလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယလှိုင်းမှာတော့ ဗမာလူမျိုး ဝါဒကို အခြေခံပြီး အမျိုးသားရေးအားကောင်းတဲ့ မန္တလေးကို ဗဟိုပြု၍ တရုတ်မုန်းတီးရေးကို အားကောင်းမောင်းသန် မောင်းနှင်လာခဲ့ကြပါတယ်။

တရုတ်နိုင်ငံက နောက်ကွယ်ကနေ ကူညီနေတာတွေ ရပ်တန့်ဖို့ အမျိုးသားရေးအမည်ခံတွေ ၁၀၂၇ ပထမ လှိုင်းမှာ ဆန္ဒဖော်ထုတ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တို့မှာ အမျိုးဘာသာသာသနာ ရှောက်စောင့်ရေး အမည်ခံ (မဘသ) သံဃာတော် တွေနဲ့ အမျိုးသားရေးသမားတို့က ဦးဆောင်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများနဲ့ ပတ်သက်လို့ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် မလုပ်ဆောင်ရန်၊ အကြမ်းဖက် အဖွဲ့အစည်း များကို ပံ့ပိုးခြင်း မပြုရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။ ဆရာတော် ဦးစန္ဒာသီရိ က “အကြမ်းဖက် အဖွဲအစည်းတွေကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေမှု တွေဟာ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်။ ဒါတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကို တရုတ်က ကူညီနေသလား။ တရုတ် အစိုးရအနေနဲ့ အိမ်နီးချင်း ကောင်းပီသစေချင်တယ်။ အကြမ်းဖက်အဖွဲတွေကို တရုတ်အစိုးရအနေနဲ့ လုံးဝ အားပေးအားမြှောက် မလုပ်ဖို့၊ ကူညီပံ့ပိုးတာတွေမလုပ်ဖို့အဓိကတောင်းဆိုပါတယ်” လို့ Myanmar National Post အမျိုးသားရေးမီဒီယာမှာပြောကြားခဲ့ပါတယ်။

တရုတ်မြို့တော်လို့ တင်စားခေါ်ဝေါ်တဲ့ မန္တလေးက လူမျိုးခြားမုန်းတီးရေး
မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့ဟာ တကျော့ပြန် အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ လူမျိုးရေး လှုံ့ဆော်မှုတွေ၊ လူ့အဖွဲ့အစည်းကြား ပဋိပက္ခတွေ ဖြစ် ပေါ်လာအောင် စတင်လှုံ့ဆော် ရာပစ်မှတ်ဖြစ်လာပါတယ်။

မန္တလေးဟာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်း ပြီးရင် မြန်မာနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံး ဒေသ ဖြစ်သလို နိုင်ငံရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းဒေသကိုချိတ်ဆက်ပေးထားတဲ့ ဗဟိုချက်ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေကို စစ်ရေးရော လုံခြုံရေးပါ ကွပ်ကဲတဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ထားတဲ့ ဒေသဖြစ်ပါတယ်။

ဒီမြို့မှာ စစ်တပ်အာဏာသိမ်းထားချိန်အတွင်း နိုင်ငံရေးအရ အယူအဆ မတူသူတွေကို သတ်ဖြတ်ဖို့ လှုံ့ဆော်မှုတွေ ၊ စစ်ကောင်စီတပ်ကိုအထိနာအောင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ကိုယ်စားပြုထားတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ မြို့ခံပြည်သူတွေကြား ပဋိပက္ခဖြစ်အောင် သွေးထိုးမှုတွေ အကြီးအကျယ် ရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၁၄ လအကြာ ၂၀၂၂ ခုနှစ် ၊ ဧပြီလအတွင်း သွေးသောက်အဖွဲ့ အမည်ခံ လူသတ် အဖွဲ့ ဟာ မန္တလေးက စတင်ပေါ်ထွက်လာပါတယ်။ သွေးသောက်အဖွဲ့ဟာ အနီရောင်စက်ဝိုင်းအတွင်း ဆံပင်သျှောင်ထုံး ထုံးထားပြီး အပေါ်ပိုင်းဗလာကျင်း၊ ထိုးကွင်းမှင်ကြောင် ထိုးထားတဲ့ ရှေးခေတ်အမျိုးသားတစ်ဦး ဓားနှစ်လက်နဲ့တိုက်ခိုက်နေဟန်ပုံကို အဖွဲ့အစည်း အမှတ်သင်္ကေတ အဖြစ် ထားရှိခဲ့ပါတယ်။ ဒီအဖွဲ့မျိုးဟာ ရှေးမြန်မာဘုရင် လက်ထက်ကတည်းကရှိနေတာဖြစ်ပြီး တိုင်းပြည်ရဲ့အမျိုးဘာသာ၊ သာသနာကို ထိပါးလာချိန်မှ ထွက်ပေါ်လာတဲ့လူစွမ်းကောင်းတွေဖြစ်တယ်လို့ သူတို့က ကြိုတင် ဝါဒဖြန့်ထားကြပါတယ်။

သွေးသောက်အဖွဲ့ဟာ သူတို့ရဲ့စစ်ဆင်ရေးကြေညာချက်ကို၂၀၂၂ ခုနှစ် ၊ ဧပြီလ ၂၁ ရက်ရက်စွဲနဲ့ လူမှုကွန်ရက်မှာ စတင်အသိပေးခဲ့တာပါ။ စစ်ဆင်ရေးကို အနီရောင်စစ်ဆင်ရေးလို့အမည်ပေးထားပြီး ” NLD ပါတီဝင်တွေ ၊NLD ပါတီထောက်ခံသူတွေ၊ PDF အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ မိသားစုဝင်တွေကို လက်စတုံးချေမှုန်း” မယ်လို့ ရေးသားထားပါတယ်။

သွေးသောက်အဖွဲ့ ရဲ့ စစ်ဆင်ရေးကို ကြေညာပြီးနောက် ရက်သတ္တပတ် ၂ ပတ်တာအတွင်း NLD ပါတီဝင် ၇ ဦး၊ ပါတီဝန်းရံသူ ၇ဦး စုစုပေါင်း ၁၄ ဦး သတ်ဖြတ်ခံရတယ်လို့ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်မှာ NLD ဗဟိုအလုပ်ကော်မတီ က ထုတ်ပြန်ခဲ့တာရှိပါတယ်။ အသတ်ခံရသူအချို့မှာ သူတို့ လက်ရာခြေရာဖြစ်တယ်ဆိုတာကို သိအောင် သွေးသောက် အဖွဲ့ကတ်ပြားကို ချန်ရစ်ထားတာ တွေ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းသွေးသောက်အဖွဲ့ရဲ့ခြေလှမ်းတွေ မန္တလေး မှာ တိတ်ဆိတ်ပျောက်ကွယ် သွားခဲ့ပါတယ်။ ဒါပေမယ့် မန္တလေးမှာ တခြားသော လှုံ့ဆော်မှု ထပ်ဖြစ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်က စစ်မြေပြင်မှာ AA ရဲ့ထိုးစစ်ကြောင့် စစ်ကောင်စီတပ် အကြီးအကျယ် အထိနာချိန်မှာ ရခိုင်ဆန့်ကျင်ရေးကို မန္တလေးကနေ စတင်လှုပ်ရှားတာတွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက်က ကျောက်တော်မြို့၊ ကုလားတန်မြစ်ထဲမှာ ဆုတ်ပြေးလာတဲ့ စစ်သင်္ဘော AA ရဲ့ တိုက်ခိုက်တာခံရအပြီးမှာ ရခိုင်ဆန့်ကျင်ရေးကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက စတင်လှုံ့ဆော်ခဲ့တာပါ။ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အရောင်းဆိုင်တွေကို အားမပေးဖို့ ၊ သွားရောက်ဝယ်ယူတာမျိုး မလုပ်ဖို့ တားမြစ်တဲ့စာတွေကို မြို့ရဲ့နေရာအချို့မှာ စာကပ်တာတွေ ရှိခဲ့ပါတယ်။

အလားတူပါပဲ အခုလဆန်းပိုင်း ၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်က ရှမ်းမြောက်ဒေသမှာ စစ်တပ်အားကိုးအားထားပြုရတဲ့ လားရှိုးအခြေစိုက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တစ်ခုလုံး ကိုးကန့်တပ်(MNDAA) ရဲ့ လက်အောက် ကျသွားချိန်မှာ MNDAA ဆန့်ကျင်ရေး စာတွေ ဖြန့်ဝေလာကြပါတယ်။

လာရှိုးကို ကိုးကန့်တရုတ်တွေ နယ်မြေ ကျုးကျော်သိမ်းပိုက်နေတာလို့ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေက အင်တိုက်အားတိုက် တရုတ်မုန်းတီးရေး ဝါဒဖြန့်နေချိန်နဲ့တပြိုင်တည်းမှာပဲ MNDAA ကို ဆန့်ကျင်တဲ့ စာတွေ မန္တလေးမှာ ဖြန့်ဝေလာတာပါ။

မန္တလေးနေ ကိုးကန့်တိုင်းရင်းသားတွေရဲ့ သဘောထားကြေညာချက်ဆိုတဲ့ခေါင်းစဉ်နဲ့ စာရွက်တွေကို လူစည်းကားရာနေရာတွေက ဓာတ်တိုင်တွေမှာ ကပ်တာ ၊လမ်းသွားလမ်းလာ ပြည်သူတွေကို ဖြန့်ဝေတဲ့ပုံတွေကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ပြိုင်တူ ဖော်ပြကြပါတယ်။

တဆက်တည်းမှာပဲ မန္တလေးမြို့တွင်းမှာ မြန်မာနိုင်ငံအလံ လွှင့်ထားတဲ့ အိမ်စီးကားအချို့ လှည့်ပတ်မောင်းနှင်တာ ၊ ကုန်းကျော်တံတားတွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ နိုင်ငံအလံလွှင့်တာတွေ နိုင်ငံကိုချစ်မြတ်နိုးဖို့ လှုံ့ဆော်ဝါဒဖြန့်တဲ့လုပ်ရပ်တွေ ရှိလာပါတယ်။

ဒီလုပ်ရပ်တွေဟာ စစ်တပ် နဲ့ စစ်တပ်ကိုအားပေးထောက်ခံသူတွေ ကြားထဲမှာ မည့်သူကိုမဆို စစ်တပ်က တန်ပြန်နိုင်တယ်ဆိုတဲ့ သတင်းစကားမျိုး ပေးဖို့အတွက် ဖြစ်တယ်လို့ Burma Civil War Museum အဖွဲ့ရဲ့ သုတေသီဖြစ်တဲ့ ကိုရဲဟိန်းအောင်က ပြောပါတယ်။

“စစ်တပ်ထဲမှာရှိတဲ့သူတွေ ဝါဒဖြန့်ဖို့နဲ့ စစ်တပ်ကိုထောက်ခံအားပေးတဲ့အုပ်စုတွေကို အသုံးပြုဖို့အတွက်ပဲ သူကတရုတ်ဆန့်ကျင်ရေးအသံတွေ ထွက်လာတာရှိတယ်။ မြန်မာစစ်တပ်အနေနဲ့ တရားဝင် ဒီတရုတ်ကိုကျော်ပြီးတော့ အာခံပြီးလုပ်ရတဲ့ဟာ သူမလုပ်ရဲဘူး” လို့ ကိုရဲဟိန်းအောင်(သုတေသီ)က ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့ လူမျိုးရေး စတင်သွေးထိုးလှုံ့ဆော်မှုများ

ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဒေသက လုံခြုံရေးတပ်စခန်းများနဲ့ ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ MNDAA ၊ TNLA ၊ AA တို့က စတင်သိမ်းပိုက်ခဲ့ပြီး ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုံးကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ၊ သိန္နီ စတဲ့ မြို့ ၈ မြို့ကို MNDAA ၊ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ စတဲ့မြို့ ၇ မြို့ကို TNLA၊ မဟာမိတ် ၃ ဖွဲ့က သိမ်းပြီး လွှဲပေးလို့ ဟိုပန်နဲ့ပန်လုံကို UWSA ကရရှိသွားခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အတွင်းမှာ ညီနောင်မဟာမိတ်က သိမ်းယူထားတဲ့ လောက်ကိုင်မြို့ ဆီအောကျေးရွာ ပွိုင့် ၂၂၀၂ တောင်ကုန်းပေါ်က စေတီတစ်ဆူကို မြန်မာအမျိုးသား ဒီမိုကရက်တစ် တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်တစ်ဦးက တူနဲ့ ထုတဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာပြီးတဲ့နောက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအမည်ခံ (မဘသ) အဖွဲ့အစည်းမှ ဦးဆောင်ပြီး အမျိုးဘာသာသာသနာကို ဖျက်ဆီးနေတဲ့ (MNDAA) ကို ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။

၂၀၂၄ ဇန်နဝါရီ ၁၁ ရက် The Irrawaddy- Burmese Editoin ရဲ့ သတင်းဖော်ပြချက်အရ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ MADAA ရဲ့ လုပ်ရပ်ဟာ မြန်မာတစ်မျိုးသားလုံးကို စော်ကားနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလှုပ်ရှားမှုတွေဟာ ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်ကိုလာရောက်ပြီးနောက်ပိုင်းမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားတာတွေ့ရပါတယ်။

အိမ်ကြက်ချင်း အိုးမဲသုတ်

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း ရှမ်းမြောက်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှုံးနိမ့်မှုတွေနဲ့ နယ်မြေဆုံးရှုံးမှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တစ်ဖက်မှာအသာစီးရဖို့အတွက် ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေအကြား လူမျိုးရေး၊ ဘာသာရေး တင်းမာမှုတွေ လှုံ့ဆော်နေလျက်ရှိ ပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ရာ ရှမ်းပြည်မှာလည်း အလားတူ တိုင်းရင်းသားလက်နက်ကိုင်တွေ အချင်းချင်းကြား၊ တိုင်ရင်းသားလက်နက်ကိုင်နဲ့ ပြည်သူအကြား၊ ပြည်သူတွေ အချင်းချင်းကြား လူမျိုးရေး ဘာသာရေး သွေးခွဲဝါဒမှိုင်းတိုက်ကာ ပဋိပက္ခဖြစ်ပွားအောင် စစ်ကောင်စီက အစဉ်တစိုက် ဖန်းတီးနေတာကို တွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ အပစ်အခတ် ရပ်စဲပြီးနောက် ရှမ်းမြောက်မှာ စစ်ကောင်စီ အုပ်ချုပ်ရေး ချုပ်ငြိမ်းသွားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အုပ်ချုပ်ရေး ထူထောင်ကြရာမှာ အဲ့ဒီပဋိက္ခတွေ ဖြစ်ပွားခဲ့တာတွေ့ရပါတယ်။

နမ့်ဆလပ်မှာလည်း SSPP နဲ့ MNDAA ကြားတိုက်ပွဲဖြစ်ပွားခဲ့သလို မုံးကိုးဒေသမှာ MNDAA နဲ့ ကချင်လူထုကြား ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ အဓိကအားဖြင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသီးသီးက အုပ်ချုပ်ရေး အာဏာထူထောင်လာကြတဲ့အခါတွေ့ရတဲ့ ပဋိပက္ခဖြစ်ပါတယ်။

ဥပမာ အားဖြင့် KIA သတင်းပေးလို့ TNLA တပ်စခန်းကို စစ်ကောင်စီဗုံးကြဲခဲ့တဲ့အကြောင်း၊ စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ်လိုက်တဲ့အကြောင်း၊ သျှမ်းလူမျိုးတွေ၊ သျှမ်းဆရာတော်တွေအနေနဲ့ ညီညီညွတ်ညွတ်ရှိရင် ပလောင်တွေကို တံတွေးနဲ့ထွေးလို့ရတယ်ဆိုပြီး ပေါက်ကိုယ်တော်က ပြောတဲ့အကြောင်းအရာတွေအပါအဝင် စတဲ့ လူမျိုးရေး၊ သာသာရေး သွေးထိုးလှုံ့ဆော်မှုအကြောင်းတွေလည်း ဖြန့်ချိထားကြပါတယ်။

တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကနေ ပထမအကြိမ် တရုတ်-ဗမာ အဓိကရုဏ်း

တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံဟာ ဦးနုလက်ထက်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို ချမှတ် ပြီး တရုတ်-ဗမာ တစ်နိုင်ငံနဲ့တစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ‘ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး’ဆိုပြီး နေထိုင်လာခဲ့ ပေမဲ့ ၁၉၆၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာတော့ တရုတ်-ဗမာ အရေးအခင်းစတင်ဖြစ်ပွားခဲ့ပြီး ဆက်ဆံရေး ပျက်ပြားခဲ့ပါတယ်။

၁၉၆၆ တရုတ်မှာ စခဲ့တဲ့ ယဉ်ကျေးမှု တော်လှန်ရေးက မြန်မာကို ကူးစက်လာကာ မော်စီတုန်းတံဆိပ်ကို ဝတ်ပြီး ကျောင်းကိုလာတဲ့ တရုတ်ကျောင်းသားတွေကို မဝတ်ဖို့ စည်းကမ်းထုတ်ရာကနေ တရုတ်-ဗမာ အရေးအခင်း စတင်ခဲ့တာလို့လည်း ဆိုကြပါတယ်။ ဒီလိုနဲ့ တရုတ်ကျောင်းသားတွေက ဗမာဆရာမ ၂ ဦးကို မုဒိမ်းကျင့်လိုက်ပြီ စတဲ့ ကောလာဟလတွေမျိုးစုံ ထွက်ပေါ်လာပြီတော့ ခုခေတ်လို ဒေါသထွက်နေတဲ့ ဘယ်က ရောက်လာမှန်းမသိတဲ့ လူအုပ်ကြီးကနေ ရိုက်နှက်သတ်ဖြတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဇွန်လကုန်မှာတော့ တရုတ်-ဗမာအရေးအခင်းဟာ ထိန်းမနိုင်တဲ့အဆင့်ကို ကျော်သွားခဲ့ပြီး တုတ်တွေဓားတွေ ကိုင်ဆောင်ထားတဲ့ လူအုပ်ကြီးဟာ တရုတ်ကျောင်းသား/သူတွေနေတဲ့ ကျောင်းတွေ၊ တရုတ်တန်းနဲ့ တရုတ် သံရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ရန်ကုန်တခုတည်း မဟုတ်ဘဲ တရုတ်-ဗမာအရေးအခင်းဟာ မန္တလေး၊ မော်လမြိုင်၊ မြင်းခြံ၊ ပုသိမ်၊ တောင်ကြီးနဲ့ ရေနံချောင်း အစရှိတဲ့ မြို့ကြီးများကိုလည်း ပျံ့နှံ့သွား ခဲ့တာ ဖြစ်ပါတယ်။ Link

လူမျိုးနှင့် ဘာသာရေးမုန်းတီးမှုကြောင့်ထိခိုက်မှုများ

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်နီမော်ရွာမှာ ရခိုင်ဗုဒ္ဓဘာသာဝင် အမျိုး သမီးတစ်ဦးဖြစ်တဲ့ (မသီတာထွေး၊ သပြေချောင်းရွာ) နေသူကို အမည်မသိလူတစ်စုက မုဒိမ်းကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာမှာ တရားခံကို တိတိကျကျမသိရသေးခင်မှာပဲ အမုန်းစကားလှုံ့ဆော်မှုတွေ စတင်ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကို အခြေခံပြီး အဲ့ဒီနှစ် ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့မှာပဲ ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းမှာ နေထိုင်ကြတဲ့ ရခိုင် လူမျိုးစုတွေနဲ့ ရိုဟင်ဂျာလူမျိုးစုတွေကြား တဘက်နှင့် တဘက် အကြမ်းဖက်တိုက်ခိုက်ကြတဲ့ ဖြစ်ရပ်များ ဖြစ်အောင် မသီတာထွေးကွယ်လွန်ခဲ့တဲ့ ဓာတ်ပုံတွေနဲ့အတူ လူမျိုးရေးလှုံ့ဆော်တဲ့ အမုန်းစကားပါ စာသားတွေနဲ့ကပ်ကာ လူထုကြားထဲကို အဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုရဲ့နောက်မှာ ဘာသာရေးအားထုတ်နေတဲ့ မြန်မာမွတ်စလင် ၁၀ ဦး တောင်ကုတ်မြို့မှာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပြီး ချက်ချင်းဆိုသလို ရခိုင် ပြည်နယ် အနှံ့အပြား ပဋိပက္ခအသွင်ဆောင်လာခဲ့ကာ ရိုဟင်ဂျာလူမျိုးတွေနဲ့ ရခိုင်လူထုကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒီကနေ ၂၀၁၃ ခုနှစ် အထိကို ပဋိပက္ခတွေက မီးစသဖွယ် တအုံ့နွေးနွေးဖြစ်နေပြီး အမုန်းစကားတွေကလည်း ဟိုကဒီကထပ်ပြီး ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အရောက်မှာ မန္တလေး၊ မိတ္ထီလာ၊ လားရှိုး စတဲ့ မြို့ကြီးတွေမှာ အထိကရုဏ်းဖြစ်ပြီး ပျက်စီးဆုံးရှုံးများ၊ လူသေဆုံးမှုများနှင့် ဒေသတွင်းနေထိုင်တဲ့ ပြည်သူအချင်းချင်းယုံကြည်မှုများလည်းပျက်စီးခဲ့ရပါတယ်။

သတိထားသင့်သည့် လူမျိုးရေးမုန်းတီးမှုလှုပ်ရှားမှုများ

မန္တလေးမှာ အခြေတည်ပြီးပေါ်ပေါက်လာတဲ့ သွေးသောက်အဖွဲ့အစည်းဟာ တိုင်းပြည်ရဲ့အမျိုးဘာသာ၊ သာသနာကို ထိပါးလာတဲ့ အကြောင်းပြချက်နဲ့အတူ အပြစ်မဲ့ ပြည်သူများစွာကို လူမဆန်စွာ သတ်ဖြတ် မှုတွေကို လက်တွေ့လုပ်ဆောင်လာခဲ့ပါတယ်။

ထိုအတူ စစ်တပ်ရဲ့ ဗိုလ်မှူးကြီးဖြစ်ခဲ့ဖူးတဲ့ ဘူးလတ်လှဆွေမှ သူရဲ့လူမှုမီဒီယာ အကောင့်ကနေ လားရှိုးမြို့ကို ရှော့တိုက်ဒုန်း တစ်လုံးကျရင် လောက်ကိုင်ကို ပေါင် ၅၀၀ ဗုံးကြဲ ဆိုပြီးပြောဆိုခဲ့ပါတယ်။ ဘူးလတ်လှဆွေ ဝါဒဖြန့်သည့် အတိုင်း လားရှိုးစစ်ဆေးရုံကို MNDAA တိုက်ခိုက်မှုအပြီးမှာ လောက်ကိုင် ပြည်သူဆေးရုံကို ဗုံးကျဲ တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

အရှေ့မြောက်ပိုင်း ရမခ စစ်တိုင်းအခြေစိုက် လားရှိုးမြို့ကို လက်လွတ်လိုက်မှုအပြီးမှာတော့ မန္တလေးမှာ တရုတ် လူမျိုးမုန်းတီးရေးကို ပြုလုပ်လာခဲ့ပါတယ်။

မန္တလေးမြို့မှာ နေအိမ်တစ်အိမ်ပျက်ဆီးလျှင် တရုတ်နေအိမ် ၁ အိမ် ကို မီးရှို့မည်ဖြစ်ကြောင်း၊ မန္တလေးသားတစ်ယောက်သေလျှင် တရုတ်အမျိုးသမီးနှင့်တရုတ်အမျိုးသား ၁ဦး သေမည်ဖြစ်ကြောင်းနှင့် မန္တလေးတွင် တရုတ်လူမျိုးပိုင် နေအိမ်များအများအပြားရှိသည်ဟု ခြိမ်းခြောက်ဖြန့်ဝေထားပါတယ်။ တရုတ်နေအိမ်များစာရင်းပြုစုထားပြီးလက်နက်ကြီးတစ်လုံးကျသည်နှင့်တပြိုင်နက် တရုတ်နေအိမ် ၁၀ လုံး မီးလောင်တိုက်သွင်းပြီး ကလေးပါမကျန်သတ်ပစ်မည်ဖြစ်သည်ဟု မန်းလေးဇိုးလူငယ်အဖွဲ့က ခြိမ်းခြောက်ထားသည့် စာများလူမှုမီဒီယာတွေမှာပျံ့နှံ့ခဲ့တယ်လို့ The Red Flag အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ လက်ရှိအနီးစပ်ဆုံး ညွှန်းဆိုရမည်ဆိုလျှင် သွေးသောက်အဖွဲ့အစည်း ထုတ်ပြန်သလို လုပ်ဆောင်လာခဲ့တဲ့ သတိထားဖွယ် အခြေအနေတရပ်ဖြစ်ပါတယ်။
အကြံပြုချက်

Myanmar Fact-checking Network အဖွဲ့ဝင်တွေအနေနှင့်လည်း စစ်ကောင်စီ၏ စစ်ရေးဆုံးရှုံးမှုနဲ့အတူ နိုင်ငံ အနှံ့အပြားမှာ သတင်းအမှား၊ ကောလဟလတွေနဲ့ လူမျိုးရေး ဘာသာရေး မုန်းတီးသွေးထိုး လှုံ့ဆော်မှုများ ပြုနေခဲ့တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ပြည်သူတွေအနေဖြင့် စစ်ကောင်စီ၏ သွေးထိုးလှုံ့ဆော် သတင်းအမှားဖြန့်ဝေမှုများကို ဆန့်ကျင်ပြီး လွတ်လပ်ပြီးအမှီခိုကင်းတဲ့ သတင်းဌာနတွေက သတင်းတွေကို လေ့လာစောင့်ဖတ်ပြီး မှန်ကန်သည့်သတင်းအချက်အလက်များနဲ့ လူမျိုး ဘာသာရေး ပဋိပက္ခများကို အတူတူတွန်းလှန်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

(SHAN+People’s Spring+DNA+Araken Express News)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...