ရွှေညောင် ရာအိမ်မှူးမှ စစ်မှုထမ်းအတွက် ပိုက်ဆံအတင်းအကြပ်ကောက်ခံနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်မြို့နယ် မြို့ပေါ်ရပ်ကွက် အချို့တွင် ရာအိမ်မှူးမှ စစ်မှုထမ်းအတွက် ငွေအတင်းအကြပ်ကောက်ခံမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လအတွင်း ရွှေညောင်မြို့၊ မြို့ပေါ်ရပ်ကွက်အချို့တွင် စစ်မှုထမ်းအကြောင်းပြကာ ငွေအတင်းအကြပ်ကောက်ခံမှုများရှိနေကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ယောကျ်ားလေးရှိတဲ့ အိမ်တိုင်းကိုကောက်တာ တအိမ်ကို ၃ သောင်းကျပ်၊ အစည်းအဝေးတွေ ခေါ်တာမျိုးလည်း မကြားမိဘူး။ အိမ်တိုင်ရာရောက်လိုက်ကောက်နေတာ၊ ယောကျ်ားလေးမရှိတဲ့ အိမ်တွေကိုလည်း ရသလောက် လိုက်ကောက်နေတာ” ဟု မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထိုသို့လိုက်လံကောက်ခံနေသည့် အတွက် ပြည်သူများ အဆင်မပြေမှုများစွာကြုံတွေ့နေရပြီး လက်လုပ်လက်စား မိသားစုများအတွက် အခက်အခဲများစွာကြုံတွေ့နေကြောင်းလည်းသိရသည်။

“မထည့်ရင်လည်း မဲနှိုက်ခိုင်းပြီး ကျတဲ့ သူကိုမသွားမနေရလုပ်မယ်လို့လည်းပြောတယ်၊ ရတဲ့နည်းနဲ့တော့ ယူနေတာပဲ၊ မိဘတွေကလည်း စိုးရိမ်တော့ ထည့်ကြရတာပေါ့” ဟု ၎င်းဆက်ပြောသည်။

ငွေကောက်ခံနေသည့် ရာအိမ်မှူးသည် အမျိုးသမီး ဖြစ်ပြီး၊ ယခင်ကလည်း စစ်ကောင်စီနှင့် ပူးပေါင်းပြီး သတင်းပေးသည့် အလုပ်များလုပ်နေသောကြောင့် ရွှေညောင် PDF မှ သတိပေးစာပေးပို့ခံထားရဖူးကြောင်းလည်းသိရသည်။

“အရင်ကလည်း PDF တွေဆီက သူ့ကို စစ်တပ်နဲ့ ပူးပေါင်းနေတာရပ်ဖို့ ကျည်ဆံနဲ့ သတိပေးစာပို့ခံရဖူးတယ် ဒါလည်း ဆက်လုပ်နေတာပါပဲ” ဟု မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကလည်း တောင်ကြီးနှင့် ညောင်ရွှေမြို့နယ် နန်းပန်မြို့များတွင်လည်း စစ်မှုထမ်းရန်အကြောင်းပြချက်များဖြင့် ငွေကျပ် ၁ သိန်းခွဲမှ ၄ သိန်းထိ ကောက်ခံမှုများရှိခဲ့ကြောင်းလည်းသိရသည်။

လက်ရှိတွင် နိုင်ငံတဝန်း၌ စစ်ကောင်စီမှ အင်အားပြုန်းတီးမှုများစွာဖြစ်ပေါ်နေပြီး စစ်အင်အားဖြည့်တင်းရန်အတွက် စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်မှုထမ်းဥပဒေအားအကြောင်းပြကာ ငွေကြေးကောက်ခံမှုများလည်း ဆိုးဝါးလာကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

အသက်ရှူသံကို နားထောင်ပါ

0
မင်္ဂလာပါခင်ဗျာ။ ကျနော်နာမည်က မိုးတိမ်ပါ။ ဒီတစ်ပတ် ကျနော် ပြောချင်တဲ့ အကြောင်းအရာကတော့ ကျနော်တို့တွေ နေ့တိုင်း အသက်ရှူနေကြတယ်ဆိုတာ ဟုတ်တယ်မလား။ ဒါပေမဲ့ ကျနော်တို့ရဲ့ အသက်ရှူသံကိုရော ကျနော်တို့ကိုယ်တိုင် ပြန်ပြီး နားထောင်ဖြစ်ကြရဲ့လား……။ ခင်ဗျားတို့ကတော့ ကျနော်ရဲ့ အူကြောင်ကြောင်နိုင်လှချည်လားလို့ ထင်ကောင်းထင်ကြမှာပါ။ “အသက်မရှူရင် သေမှာပေါ့” လို့လည်း ခင်ဗျားတို့က ကျနော်ကို...