တောင်ကြီးတွင် ဆီမှောင်ခိုရောင်းချနေသူများကို ဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီ လက်အောက်ခံ ဌာနများမှ ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် တောင်ကြီးမြို့နယ်တွင် ဆီမှောင်ခိုရောင်းချနေသူများနှင့် တောင်ကြီး-ကျောင်တလုံးလမ်းဘေးတလျှောက်တွင် ခုံများချကာ ပုလင်းများဖြင့်ရောင်းချနေသူများကို စစ်ကောင်စီ လက်အောက်ခံ ဌာနများမှ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“မနက်ခင်းက ကံကြီးကနေ လွယ်ကောင်းရွာအထိ တောင်ကြီး-ကျောက်တလုံးလမ်းတလျှောက်က ပုလင်းတွေ၊ ဗူးတွေ၊ ပုံးတွေနဲ့ ရောင်းနေတာအကုန်လုံးကို လိုက်ဖမ်းနေတာပါ။ လူတော့မဖမ်းဘူး၊ ဆီပဲသိမ်းသွားပါတယ်။ နေ့လည်ပိုင်းကနေ အချိန်ထိ လိုင်းပေါ်ကရောင်းနေတာတွေ၊ မြို့ထဲကရောင်းနေတာတွေကို အကုန်လိုက်ဖမ်းနေပါတယ်။ ဆီကော၊ လူကောဖမ်းတာဗျ” ဟု ၎င်းကပြောသည်။

တောင်ကြီး စက်သုံးဆီ ရဖို့အတွက် တန်းစီစောင့်ဆိုင်းနေပုံ

စက်သုံးဆီအား လိုသလောက်ရောင်းချနိုင်ချင်းမရှိသောကြောင့် စက်သုံးဆီပြတ်လပ်မှုဆိုးဝါးစွာ ကြုံတွေ့နေရပြီး မှောင်ခိုဈေးကွက်များလည်း ကြီးထွားလာကြောင်း ဒေသခံများထံမှသိရသည်။

အလားတူ ညောင်ရွှေမြို့နယ်တွင်လည်း ဆီဝယ်ယူရသည့် အခါအချိန်များစွာ ပေးနေရကြောင်း မြို့ခံတစ်ဦးကပြောသည်။

“မနက် ၆ နာရီလောက်တည်းကတန်းစီတာ ဆိုင်မဖွင့်ခင် မနက်ပေးမယ်ဆိုလို့ အကြာကြီးစောင့်ပြီးမှ ဆိုင်မဖွင့်လို ပြန်ကြရတယ် နေ့လည် ၂ နာရီလောက်ပြန်တန်းစီတာ ည ၇ နာရီလောက်မှ ပြီးတယ် ဒါတောင် တချို့တွေမရဘူး” ဟု သူကပြောသည်။

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့် မြို့နယ်အများအပြားတွင် စက်သုံးဆီ အကန့်အသတ်နှင့်ရောင်းချနေမှုများကြောင့် တစ်ရက်ကြိုတင်၍ ညအိပ်တန်းစီကာစောင့်ဆိုင်းဝယ်ယူနေကြပြီး အခက်အခဲမျိုးစုံကြုံတွေ့နေကြရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...