မှောင်ခိုရောင်းချနေ
တောင်ကြီးတွင် ဆီမှောင်ခိုရောင်းချနေသူများကို ဖမ်းဆီးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် စက်သုံးဆီမှောင်ခိုရောင်းချနေသူများကို စစ်ကောင်စီ လက်အောက်ခံ ဌာနများမှ ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၉ ရက်) တွင် တောင်ကြီးမြို့နယ်တွင် ဆီမှောင်ခိုရောင်းချနေသူများနှင့် တောင်ကြီး-ကျောင်တလုံးလမ်းဘေးတလျှောက်တွင် ခုံများချကာ ပုလင်းများဖြင့်ရောင်းချနေသူများကို စစ်ကောင်စီ လက်အောက်ခံ ဌာနများမှ ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ “မနက်ခင်းက ကံကြီးကနေ...





