MNDAA ထိန်းချုပ်ဒေသ တရုတ်ဘာသာစကား အဓိကအသုံးပြုနေ

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားနိုင်သည့် ဒေသများတွင် တရုတ်စာများကို အဓိက အသုံးပြုလာသည့်အတွက်ကြောင့် ဒေသခံများအတွက် အခက်အခဲ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းတွင်လည်း ကိုးကန့်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များထဲတွင် တရုတ်ဘာသာဖြင့်သာ ထုတ်ပြန်လေ့ရှိသည်။

လက်ရှိ ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့်ဒေသများတွင် တရုတ်ဘာသာကိုသာ ရုံးသုံးဘာသာအဖြစ် အသုံးပြု နေသည့်အတွက်ကြောင့် ဒေသခံများအတွက် အခက်အခဲ ရှိနေကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွမ်းလုံ MNDAA

“အခက်အခဲ ရှိတာပေါ့။ ကိုးကန့်က လာအုပ်ချုပ်သွားပြီဆိုရင် လဝကရုံး၊ စည်ပင် စတဲ့ ရုံးတွေမှာ တရုတ်ဘာသာစကားပဲ သုံးလာရင်တော့ ခက်တယ်လေ။ ကျနော်တို့ လားရှိုးမြို့မှာက တရုတ်လူမျိုးပဲ နေတာမဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံရှိတယ်” ဟု လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင် သျှမ်း၊ တအာင်း(ပလောင်)၊ ကချင်၊ ဗမာများနှင့် အခြားလူမျိုးများလည်းရှိကြောင်း၊ MNDAA အနေဖြင့် တရုတ်ဘာသာစကားကိုသာ အဓိကသုံးစွဲပြီး အုပ်ချုပ်ပါက သဟဇာတ ကိုက်ညီမှု မရှိနိုင်ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက ဆိုပြန်သည်။

ယခုတွင်လည်း လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စတင် ဖော်ဆောင်နေကြောင်း သိရသည်။

MNDAA ထုတ်ပြန်ချက်

“ကိုးကန့်တပ်ဖွဲ့က နဂိုကတည်းက သူတို့ဘာသာစကားကို တရုတ်ဘာသာစကားအနေနဲ့ ရုံးသုံးဘာသာစကားကို အသုံးပြုလာခဲ့တယ်လို့ ပြောလို့ရတယ်။ လားရှိုးမြို့က တိုင်းရင်းသားပေါင်းစုံ နေတော့ နောက်ကျရင်တော့ သူတို့လည်း တခြားဘာသာစကားကို အသုံးပြုလာမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တရုတ်လွှမ်းမိုးလာနိုင်မလား ဆိုတာတော့ အခုတရုတ်စကား သုံးတာနဲ့တော့ ဆုံးဖြတ်လို့မရဘူး” ဟု စစ်ရေး၊ နိုင်ငံရေး သုတေသီတစ်ဦးက ပြောသည်။

အခြားတစ်ဖက်တွင်လည်း လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်များကို ကိုးကန့်တပ်ဖွဲ့က နေရပ်ပြန်ဖို့ ခေါ်ယူနေကြောင်း သိရသည်။

သို့သော် လားရှိုးမြို့သို့ နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်များသည် ၃ ပုံ ၁ ပုံသာ ရှိကြောင်း၊ အချို့ နေရပ်ပြန်သွားသူများသည် မိမိနေအိမ် အခြေအနေကို ပြန်သွားကြည့်ပြီးနောက် နေထိုင်ခြင်းမရှိဘဲ ပြန်ထွက်လာကြောင်း လားရှိုးမြို့ဒေသခံတစ်ဦးက ပြောသည်။

“တကယ်တမ်းတော့ မြို့တွင်းပြန်သွားတဲ့သူက နည်းနည်းပဲရှိတာ။ ၃ ပုံမှ ၁ပုံလောက်ပဲ ပြန်သေးတယ်လို့ ပြောလို့ရတယ်။ တချို့က ပြန်သွားပြီး အိမ်ပြန်ကြည့်ကြတာ။ ပြီးရင် ပြန်ထွက်လာကြတယ်။ ဘယ်သူမှ ပြန်မနေရဲသေးဘူးလေ။ ပြန်သွားရင်လည်း လေယာဉ်နဲ့ ဗုံးလာကြဲခံမှာကို ကြောက်ရသေးတာပေါ့”လို့ လားရှိုးမြို့ဒေသခံက ပြောသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ရမခ ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့က ဩဂုတ် ၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လားရှိုးမြို့အုပ်ချုပ်ရေးကို လွှဲပြောင်းယူလိုက်ကြောင်း ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...