သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားကို ပြန်လည်တည်ဆောက်နေ

သျှမ်းပြည် သီပေါမြို့နယ်အတွင်း မိုင်းခွဲဖျက်ဆီးခံထားရသည့် စဉ့်အင်တံတားနှင့် ဆွတ်လန်းတံတားတို့ကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြင်ဆင် တည်ဆောက်နေကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ တတိယပတ်မှ စတင်ပြီး သီပေါမြို့နယ်အတွင်း မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဆွတ်လန်းကျေးရွာအနီး ပန်စောက်တံတားနှင့် စဉ့်အင်တံတားတို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က ပြန်လည်ပြင်ဆင် တည်ဆောက်နေကြောင်း သီပေါဒေသခံများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ပျက်စီးသွားသည့် တံတားပြန်ပြင်ဆင်နေ

“စဉ့်အင်တံတားကြီးကတော့ ကိုးကန့်တပ်က သံဘောင် ပြန်လာတပ်ပေးနေတယ်၊ ပြီးသွားရင်တောင် ကားသေးပဲ ဖြတ်လို့ရဦးမယ်။ လောလောဆယ်တော့ စဉ့်အင် ဖောင်ဆိပ်ကနေ ကမ်းကူးပေးတာတော့ ပုံမှန်ပြန်ဖွင့်ပေးနေတယ်။ ဆွတ်လန်းရွာနားက မိုင်းခွဲခံရတဲ့ ပန်စောက်တံတားကတော့ ပြင်ပြီးလို့ ဖြတ်သွားနေကြပြီ”ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့မှ လာသည့် စစ်ဘေးရှောင် အိမ်စီးကားများကို စဉ့်အင်ဖောင်ဆိပ်တွင် ပုံမှန်အတိုင်း စက်လှေဖြင့် ကမ်းကူးပေးနေပြီး ထိုမှတဆင့် သီပေါ၊ နမ့်လန်ဘက်သို့ ဆက်သွား၍ ရကြောင်း သိရသည်။

ပျက်စီးသွားသည့်တံတားပြန်ပြင်ဆင်နေ

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သီပေါမြို့ ပတ်ပတ်လည်ရှိ အရေးပါသည့် တံတားကြီးများဖြစ်သော ကျောက်မဲ-သီပေါအကြား ကျင်သီတံတား၊ သီပေါ-နမ္မတူအကြား မိုးတေတံတားနှင့် သီပေါ-လားရှိုးကြားရှိ စဉ့်အင်တံတားကြီးများ မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ဒေသခံပြည်သူများမှာ လမ်းခရီးကြန့်ကြာပြီး အဆင်မပြေမှုများစွာ ဖြစ်ပေါ်ခဲ့ရသည်။

လက်ရှိတွင် သီပေါမြို့ပေါ်ကို TNLA ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-(၂၃)၊ ခမရ-(၅၀၃၊ ၅၀၄) တပ်ရင်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

အလားတူ သီပေါမြို့နယ်အတွင်းရှိ နောင်ကော်ကြီးအခြေစိုက် စစ်ကောင်စီတပ် ခလရ-(၁၄၇) ကိုလည်း ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ထားပြီး နမ့်လန်မြို့ အနီးတဝိုက်သို့ ဆက်လက်အင်အားဖြည့်တင်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...