CATEGORY

စစ်ရေး

နမ့်လန်မြို့တွင်း စစ်ရေးပြင်းထန်လာမည်ကို ပြည်သူများစိုးရိမ်နေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ စစ်ရေးပြင်းထန်လာမည်ကို ဒေသခံပြည်သူများ လုံခြုံရေး စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ်လ ၁၄ ရက်)တွင် သီပေါမြို့နယ် နောင်ကော်ကြီးရွာ အခြေစိုက် စစ်ကောင်စီတပ် ခလရ-(၁၄၇) ကို ကိုးကန့်တပ်ဖွဲ့ MNDAA က...

ဆီဆိုင်မြို့နယ် သား၊အမိ လက်နက်ကြီးထိ၊ မိခင်ဖြစ်သူပွဲချင်းပြီးသေ၊ ကလေးဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် ပန်အောင်ရွာတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် သားအမိနှစ်ဦးထိမှန်ကာ မိခင်ဖြစ်သူပွဲချင်းပြီးသေဆုံးကာ သားဖြစ်သူ ပြင်းထန်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (သြဂုတ် ၁၄)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် PNO ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင်း အသက် ၄၀အရွယ်ရှိ...

သျှမ်းမြောက်စစ်ရေးပဋိပက္ခ တရုတ်က ဘယ်ဘက်ကို အမှန်တကယ် ရပ်တည်နေလဲ

သျှမ်းပြည်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ စစ်ရေးပဋိပက္ခ တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံစဉ်...

ဟိုပုံးမြို့နယ် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကောင်စီ စတင်ခေါ်ဆောင်တော့မည်

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းရန် စတင်သတိပေး ခေါ်ဆောင်သွားမည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ ဟိုပုံးမြို့နယ်ရှိ ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းခေါ်ရန် အတွက် ပိုက်ဆံကောက်ပြီးနေပြီး၊ ရပ်ကွက်လူကြီးများလည်း အမျိုးသမီးစစ်မှုထမ်းနာမည်ပေါက်သူများကို လာရောက် သတိပေးမှု ရှိနေကြောင်း ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဦးက...

စစ်တက္ကသိုလ်နှင့် စစ်ကောင်စီ၏ ဝန်ထမ်းများရှိသည့် ပြင်ဦးလွင်မြို့ကို ၁၃မျဉ်းစောင်းများ ဝင်ခွင့်ပိတ်ထားဟုဆို

ပြင်ဦးလွင်မြို့ဘက်မှ တဆင့် မိမိနေရပ်ဘက်သို့ ပြန်မည့် ၁၃မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများကို စစ်ကောင်စီကပေးမဝင်ဘဲ ပြန်လှည့်ခိုင်းကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် ဇူလိုင် ၂၇ရက်တွင် ကျောက်မဲမြို့၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားပြီး ၁၃မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများသည် မန္တလေးမြို့ဘက်သို့ အများအပြားထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။ သြဂုတ် (၆)ရက် နံနက်ပိုင်းတွင် TNLA နှင့်...

ရွာငံ စက်သုံးဆီပြတ်လပ်နေပြီး ဒေသခံများ ခြံသွားရန်အခက်တွေ့

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဒေသခံများ စိုက်ခင်းခြံနှင့် ခရီးဝေးသွားရန်အတွက် အခက်ခဲ ဖြစ်နေကြောင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်မှ စတင်ကာ ဆီဆိုင်များပိတ်ထားခြင်းကြောင့် စက်သုံးဆီဖြင့် ခြံအလုပ်လုပ်ရသော လုပ်ငန်းများကို ရပ်နားထားရပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ရပ်နားထားရပြီး ဆီများကိုလည်း ရက်အနည်းငယ်ကြာမှ ရောင်းပေးသည့်အတွက် စက်သုံးဆီးများခက်ခဲနေကြောင်း...

ပင်လောင်း ပြောင်းခင်း ကို PNO ဖျက်ခိုင်း

သျှမ်းပြည် ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွာဒေသခံတောင်သူများ စိုက်ပျိုးထားသော ပြောင်းများကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပြန်ဖျက်ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယခုသြဂုတ်လပထမပတ်တွင် ဖျတ်ဆီးခိုင်းခဲ့ပြီး အရင်းနှီးများစွာဖြင့်ရင်းထားပြီး ယခုလို ပြန်ဖျတ်ရခြင်းကြောင်း ဒေသခံများကစိတ်ထိခိုက်ကြရပြီး သောကပူပြင်မှုများနှင့်ကြုံတွေ့နေရသည်။ "မစိုက်ခင်ပြောပါလားနော် ခုပြောင်းက အသီးသီးတော့မယ် ။မဖျတ်ချင်ရင်လည်း သူတို့က ကျပ်ငွေ သိန်၂၀၀...

နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက် စစ်ကောင်စီတပ်‌ လေကြောင်းဗုံးကြဲ၊ အရပ်သား (၃) ဦး ဒဏ်ရာရ

သျှမ်းပြည် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃)ဦး ဗုံးဆံထိမှန်ပြီး ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၁၃ ရက်) နံနက် ၂ နာရီခန့်မှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF...

ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီ ပိတ်ထားပြီး မိုးကုတ်ဒေသခံများ နောင်ချိုမှတဆင့် စစ်ဘေးရှောင်နေရ

သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ စစ်ဘေးရှောင်များသည် ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီတပ်မှ ပိတ်ထားခြင်းကြောင့် နောင်ချိုဘက်မှတဆင့် စစ်ဘေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင်-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ထားလိုက်ပြီး ဖြတ်သန်းခွင့် မပေးတော့ကြောင်း...

PNO တပ်ထဲဝင်မှ နေရပ်ပေးပြန်မည်ဟုဆိုသော်လည်း စစ်ယူနီဖောင်း မရှိသည့်အတွက် နေရပ်မပြန်ရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ထဲဝင်မှ နေရပ်ပေးပြန်မည်ဟုဆိုသော်လည်း စစ်ယူနီဖောင်းမရှိသည့်အတွက် နေရပ်ပြန်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကစပြီး အသက် ၁၈နှစ်မှ အသက် ၄၀ အရွယ် ဆောင်းပြောင်းဒေသခံများကို (PNO) တပ်ထဲ စစ်မှုထမ်းရမည်ဟုဆိုပြီး ဖောင်ဖြည့်ခိုင်းကာ စစ်မှုမထမ်းလျှင် နေရပ်ပေးမပြန်တာကြောင့်...

Latest news