အမျိုးသမီးစစ်မှုထမ်းစာရင်း စတင်ကောက်ယူ သတင်းကြောင့် မိဘနှင့်လူငယ်အမျိုးသမီးကြား စိုးရိမ်မှုမြင့်တက်လာ

မြန်မာနိုင်ငံဒေသအချို့တွင် အမျိုးသမီး စစ်မှုထမ်းစာရင်းများကို စတင် ကောက်ယူနေကြောင်း သတင်းများထွက်လာပြီးနောက် သျှမ်းပြည်အတွင်း လူငယ်အမျိုးသမီးများနှင့် မိဘများအကြား စိုးရိမ်ပူပန်မှုများစွာဖြစ်‌ပေါ်လာကြောင်း သိရသည်။

ဩဂုတ်လအတွင်း အမျိုးသမီးများကိုပါ စစ်မှုထမ်းစာရင်းကောက်ယူနေသည့်အတွက် CDM ဝန်ထမ်းဖြစ်သောကြောင့် ပို၍စိုးရိမ်နေရကြောင်း တောင်ကြီးမြို့တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် CDM ကျောင်းဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီ ၃ နှစ်မှာ တော်တော်လေး စုတ်ပြတ်သွားတာပါ၊ အလုပ်ကိုလည်း CDM လုပ်ထားတာ စစ်မှုထမ်းဖို့အတွက်ဆို ပိုဆိုးတာပေါ့၊ မိန်းကလေးတွေကိုပါ‌ ခေါ်နေပြီကြားတော့ တော်တော်လေး စိုးရိမ်နေရပြီ အိမ်မှာလည်း ညီမလေးတစ်ယောက်နဲ့ မိဘနဲ့ ဘယ်ကိုမှလည်း ရှောင်နိုင်တာမဟုတ်ဘူး၊ ခေါ်လာရင် ဘာလုပ်ရမလဲဆိုတာတောင် မသိတော့ဘူး” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ ဟိုပုံးမြို့နယ်ရှိ ရပ်ကွက်များတွင်လည်း စစ်ကောင်စီမှ စစ်မှုထမ်းခေါ်ရန်အတွက် ငွေကြေးကောက်ခံမှုများလည်းရှိခဲ့ပြီး၊ ရပ်ကွက်လူကြီးများမှ အမျိုးသမီးစစ်မှုထမ်းနာမည်ပေါက်သူများကို လာရောက် သတိပေးမှု ရှိနေကြောင်းလည်း သိရသည်။

စစ်ကောင်စီ အမျိုးသမီးစစ်မှုထမ်း

ထိုကဲ့သို့ အမျိုးသမီးများကိုပါ စစ်မှုထမ်းခေါ်ယူမည့်အကြောင်းများကြောင့် မိဘများအကြားတွင်လည်း စိုးရိမ်ပူပန်မှုများစွာဖြစ်နေပြီး ငွေကြေးအဆင်မပြေမှု၊ အလုပ်အကိုင် အဆင်မပြေမှုများကြားမှ နေ့စဉ်စိတ်သောကရောက်နေရကြောင်း ညောင်ရွှေမြို့တွင်နေထိုင်သည့် မိခင်တစ်ဦးကပြောသည်။

“မိန်းကလေးတွေကို စစ်မှုထမ်းခေါ်တယ်လို့ ကြားတည်းက ကျမတို့ က နေ့တိုင်း စိတ်ပူနေရတာ သူများတွေလို နိုင်ငံခြားပို့လိုက်ချင်ပေမယ့် ပိုက်ဆံကိစ္စကို တွေးမိလိုက်ရင် လက်လျော့လိုက်ရတယ်၊ ကျမတို့မှာ ရွေးစရာလမ်းမရှိသလိုပဲ” ဟု အဆိုပါ မိခင်ကပြောသည်။

ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူ လူငယ်များကိုလေဆိပ်ရဲများမှ ပြည်ပထွက်ခွင့်မပြုကြောင်း သတင်းများလည်း ထွက်ပေါ်လာခဲ့သည်။ ထိုသတင်းများကြောင့်စိတ်အလွန်အမင်းပူပင်နေရကြောင်း ပြည်ပသို့ ထွက်ခွာရန်ပြင်ဆင်နေသည့် သျှမ်းပြည်တောင်ပိုင်းမှ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကလည်းပြောသည်။

“ကျမတို့ ပြည်ပထွက်ဖို့တော့ စီစဉ်ထားတာ ဒီမှာလည်း အလုပ်တွေကအဆင်မပြေတော့တာ၊ ခုလိုလေဆိပ်မှာ ဖမ်းတာဆီးတာခံရမှာကို တော်တော်လေး စိတ်ပူတယ်။ ကျမတို့က ပြည်ပထွက်ဖို့ကို ရှိတာလေးအရင်းနှီးလုပ်ထားရတာ” ဟု သူကပြောသည်။

အင်အားပြုန်းတီးမှုများစွာဖြစ်ပေါ်နေသည့် စစ်ကောင်စီတပ်သည် စစ်မှုမထမ်းမနေရစနစ်အား အသက်သွင်းပြီးနောက် မြန်မာနိုင်ငံတွင်းရှိ လူငယ်များခြိမ်းခြောက်မှုများစွာကြုံတွေ့နေရခြင်းဖြစ်သည်။

ထိုကြောင့် လူငယ်အများစုသည် မြန်မာနိုင်ငံအား စွန့်ခွာပြီး အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများသို့ အခက်အခဲများကြားမှ ရသည့်နည်းဖြင့် တိမ်းရှောင်နေရသလို တော်လှန်ရေးတပ်ဖွဲ့များအတွင်းသို့ ဝင်ရောက်သွားသူများလည်းရှိနေကြသည်။

၂၀၂၄ ဧပြီလ မှ စတင်ပြီး စစ်ကောင်စီမှ စစ်မှုထမ်း အပတ်စဉ် (၁) နှင့် (၂) အတွက် အမျိုးသားများအား စတင်ခေါ်ယူခဲ့ပြီး လူငယ်အမျိုးသား ၁ သောင်းနီးပါး စစ်သားအဖြစ်စုဆောင်းခံခဲ့ရသည်။

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် ကြားဖြတ် သန်းကောင်စာရင်းများအရ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း၊ စုစုပေါင်း ၁၄ သန်းရှိသည်ဟု ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ လပိုင်းတွင် စစ်တပ်ပိုင် မြဝတီ ရုပ်မြင်သံကြားမှ တစ်ဆင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်အရွယ်သတ်မှတ်ချက်အတွင်း အကျုံးဝင်သည့် အမျိုးသမီးများအား စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) မှ စတင်ခေါ်ယူသွားမည်ဟုလည်း ပြောကြားခဲ့သည်။

စစ်သင်တန်းကာလကို ၃ လလျာထားပြီး တစ်နှစ်လျင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ပြောကြားထားသည့်အတွက် တစ်နှစ်လျှင် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူခံရမည် ဖြစ်သည်။

အလုပ်သင်သတင်းထောက် ယူဂျင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...