လွိုင်ကော် စစ်ကောင်စီနှင့် PNO တို့ ပူးပေါင်းပြီး လူနေများသည့်ရပ်ကွက်ထဲ လိုက်လံဖမ်းဆီး ငွေညှစ်တောင်းရမ်း

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် ( PNO) တပ်တို့ ပူးပေါင်းပြီး လူနေများသည့် ရပ်ကွက်ကို ရှောင်တခင် လိုက်လံဖမ်းဆီး စစ်ဆေးပြီး အဆမတန်ငွေညစ်တောင်းရမ်းနေသည်ဟု စုံစမ်းသိရသည်။

လွိုင်ကော်မြို့ပတ်လည်တစ်လျှောက်တွင် နေရာအပြည့်ယူထားသည့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့သည် လူနေများသည့် ရပ်ကွက်တွင် ရှောင်တခင် လိုက်လံစစ်ဆေးနေပြီး အမှုမဖွင့်နိုင်သူများကို ကျပ်သိန်း(၂၀) ဝန်းကျင်အထိ ငွေညှစ်တောင်းရမ်းနေသည်ဟု လွိုင်ကော်မြို့နယ်ခံ အမျိုးသားတစ်ဦးက ပြောသည်။

“လွိုင်ကော်မြို့ဘက်မှာ စစ်‌တပ်နဲ့ PNO ပတ်ဖွဲ့တွေက ပိုက်ဆံရှိတယ် ထင်တဲ့သူတွေ သိန်း (၂၀)ဝန်းကျင်အထိ တောင်းတယ်။ အမှုမလိုက်နိုင်ဘူးထင်ရင် ရုတ်တရက်ဖမ်းတာ ငွေညှစ်တောင်းတာတွေ လုပ်တယ်၊ သေနတ်နဲ့ ခြိမ်းခြောက်တယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

လက်ရှိ လွိုင်ကော်မြို့ထဲ ပြန်ဝင်လာသူများသည် မြို့မှပြန်ထွက်ရန် စစ်တပ်ထောက်ခံစာပါမှသာ ပြန်ထွက်ခွင့်ပြုကြောင်း၊ ပစ္စည်းယူဖို့ ပြန်လာသူကိုလည်း ယူသွားသည့် ပစ္စည်းအမျိုးအစားတွေပါ စာရင်းအတိအကျ ပေးရသည်ဟု လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြောသည်။

“ဟုတ်တယ် မြို့ထဲဝင်လာတဲ့သူဆို ထောက်ခံစာပါမှ အဝင်အထွက်ပေးတာ။ ပစ္စည်းယူဖို့ ခဏပြန်လာယူတာတောင် ယူ‌သွားတဲ့စာရင်း အတိအကျ ပေးရတယ်။ တိုက်ပွဲပြန်ဖြစ်ဖို့ရှိလို့ ပြည်သူတွေ စိုးရိမ်နေကြတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လွိုင်ကော်မြို့ ပတ်ပတ်လည်တွင် ရောက်ရှိနေပြီး လွိုင်ကော်မြို့ကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားနေကြောင်း၊ နေရပ်ပြန်စစ်ရှောင်များအနေဖြင့် တိုက်ပွဲ ပြန်ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...