နိုင်ငံခြား ငွေလဲလှယ်နှုန်း ကျဆင်းသော်လည်း ကုန်ဈေးနှုန်းမကျ

နိုင်ငံခြား ငွေလဲလှယ်နှုန်း ကျဆင်းလာသော်လည်း ကုန်ဈေးနူန်းပြန်မကျသေးသဖြင့် အိမ်ရှင်မများ စိုးရိမ်ပူပန်မှုများရှိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လိုင်လ နောက်ဆုံးပတ်မှစပြီး ထိုင်းဘတ်ငွေဈေးနှင့် တရုတ်ယွမ်ဈေးမှာ အဆမတန်မြင့်တက်ခဲ့တာကြောင့် ကုန်ဈေးနှုန်းများလည်း သုံးဆ လေးဆထက်ပိုမိုမြင့်တက်ခဲ့သည်။

မြန်မာငွေတစ်သိန်းလျှင် ဘတ်ငွေ( ၄၉၀) နှင့် တရုတ်ယွမ် ၁၀၀လျှင် မြန်မာငွေ( ၉သောင်းကျော်) အထိမြင့်တက်ခဲ့ပြီး ယခုရပိုင်းအတွင်း ဘတ်ဈေး၊ ယွမ်ဈေးများကျဆင်းကာ ဘတ်ငွေ( ၆၂၅ )လျှင် ကျပ်ငွေတစ်သိန်းကျပ် ရရှိနေပြီး ၁၀၀ယွမ်လျှင် ကျပ်ငွေ (၇၄၀၀၀-၇၉၀၀၀) ကျပ်အထိ ကျဆင်းလာသည်။

ငွေလဲလှယ်မှုနှုန်း

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်နှင့် ကျိုင်းတုံမြို့ဘက်တွင် ဘတ်ဈေးကျနေသော်လည်း ကုန်ဈေးနှုန်းမကျသေးသေသဖြင့် ဝင်ငွေထွက်ငွေမမျှကာ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှုတွေ ကြုံနေကြသည်။

ပြီးခဲ့သည့် မေလနှင့် ဇွန်လတွင် သျှမ်းဆန် တစ်အိတ်လျှင် ၁သိန်း၊ ဆီတစ်ဗူးလျှင် ကျပ်၂သောင်းမျှသာ နှင့် ကြက်ဥတစ်လုံးလျှင် ကျပ်ငွေ ၃၀၀ လောက်သာရှိခဲ့သော်လည်း ယခုတွင် ဆန်တစ်အိတ်လျှင် သုံးသိန်းကျော်၊ ဆီတစ်ဗူးလျှင် ကျပ်ငွေ ၅သောင်းနှင့် ကြက်ဥတစ်လုံးလျှင် ၆၀၀ကျော် အထိရှိနေသည်။

“ အိမ်ရှင်မတွေကတော့ ခေါင်းကိုက်ကြပြီပေါ့ ။ ဝင်ငွေထွက်ငွေက မမျှဘူးလေ။ အရင်က လစာက တစ်သိန်းခွဲဆို ခုလဲ တစ်သိန်းခွဲပဲ။ ကုန်ဈေးနှုန်းတက်လို့ လစာတက်လာတယ်လို့မရှိဘူးလေ။ ခုဆို မာမားတစ်ထုတ်ကို ၁၅၀၀ တောင်ရှိနေပြီ၊မျက်စောင်းတောင်မထိုးရဲဘူး။” ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုင်းဘတ်ငွေ

ငွေဈေးမတည်ငြိမ်မှုများကြောင့် ဘတ်ငွေသာလျှင် ကိုင်ဆောင်ထားကြပြီး စက်သုံးဆီများလည်း ပြတ်လပ်နေတာကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်သွားမည်ကို စိုးရိမ်နေကြောင်း အဆိုပါ ဒေသခံတစ်ဦးကထပ်လောင်းပြောသည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မူဆယ်နှင့် လားရှိုးဘက်တွင်လည်း ကုန်စျေးနှုန်း မြင့်တက်နေသဖြင့် လားရှိုးစစ်ရှောင်များအနေဖြင့် ခေါက်ဆွဲထုတ် နှင့် ကော်ဖီမစ်ထုတ်တို့ကိုသာ စားသောက်နေရကြောင်းသိရသည်။

“ ခုက စစ်ကလည်းရှောင်လာတယ်။ ဝင်ငွေလည်းမရှိဘူး။ ယွမ်ဈေးကျနေလည်း ဈေးနှုန်းက မကျတော့ ဘာမှ မထူးဘူး။ ဒီမှာက ကုန်ဈေးနှုန်းက သုံးဆလောက်တက်နေတာ။ စားသောက်ကုန်အတွက်က ခက်ခဲတာပေါ့လေ။အခုဆို ပရဟိတ အဖွဲ့က ကူညီပေးတဲ့ ပိုက်ဆံနည်းနည်းပဲရှိတာ။ အိမ်ရှင်မအနေနဲ့ စီမံခန့်ခွဲဖို့ ခက်တယ်။ မလောက်ငှတော့”ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိသျှမ်းမြောက်တွင် ဆန်တစ်အိတ်လျှင် ၂သိန်း၊ ကြက်ဥတစ်လုံး ၇၀၀ ၊ စိန်ပတ္တမြား တစ်ပိဿဗူး နှစ်သောင်းခွဲ၊ ကြက်သွန်နီတစ်ပိဿလျှင် ကျပ်ငွေ တစ်သောင်းခွဲနှင့် ဝက်သားတစ်ပိဿလျှင် ကျပ် ၅သောင်းအထိ ပေးဝယ်နေရကြောင်းသိရသည်။

ယခုကဲ့သို့ကုန်ဈေးနူန်းတက်လာခြင်းသည် စက်သုံးဆီများပြတ်လပ်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးအတွက်ပါ ခက်ခဲနေကြောင်း သျှမ်းပြည်လူထုက ပြောသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အာဏာသိမ်းသမ္မတ လာအိုခရီးစဉ်အပြီး မြန်မာ-လာအိုနယ်စပ်ဂိတ် ပြန်ဖွင့်

0
စစ်အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် ၃ ရက်ကြာသွားပြီးနောက် မြန်မာ-လာအိုနယ်စပ် ရေကြောင်းဖြတ်သန်းမှုကို (ဇူလိုင် ၁၆ ရက်)တွင် တရားဝင် ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ စစ်အာဏာသိမ်း သမ္မတ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ရွာငံနှင့် ပင်းတယတွင် ဇွန်လအတွင်း အမျိုးသား သုံးဦး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တွင် ဇွန်လအတွင်း အမျိုးသားသုံးဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွာငံနှင့် ပင်းတယတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် အရပ်သားများ မကြာခဏ သတ်ခံနေရကြောင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ပထမပတ်တွင် ရွာငံမြို့နယ် မြိုင်ကျေးရွာမှ ပျူစောထီး တစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့မှ လာရောက်သတ်ဖြတ်ခဲ့ပြီး အလားတူ...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

နိုင်ငံရေးမတည်ငြိမ်တည့်ကြား ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စစ်တပ်ဖိတ်ခေါ်

0
မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး နိုင်ငံရေးအရ မတည်ငြိမ်မှုများ ကြုံတွေ့နေရသော်လည်း အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံအတွင်းရှိ ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုဝင်ဝင်ရောက်လာစေရန် ပြောကြားလိုက်သည်။ ယမန်နေ့ (ဇွန်လ ၉ ရက်) က နေပြည်တော်တွင် ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အစည်းအဝေးတွင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း...