ဆက်ကြေးမဆောင်သည့် ယာဉ်များကို PNOမှ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် စံကားဒေသအတွင်းရှိ အခွန်(ဆက်ကြေး) မဆောင်သည့် ယာဉ်များကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ သိမ်းဆည်းသွားမည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ် စံကားဒသေ၏ အနောက်ဘက်တပ်စခန်းတွင် PNO မှ ဗိုလ်ယက္ခ ဦးဆောင်ကာ ထောက်ခံစာစာရွက်ဖြင့် (ဩဂုတ်လ ၁၈ ရက်)နေ့ ဆက်ကြေး လိုက်ခံကောက်ပြီး ဖြတ်ပိုင်းစာရွက်ပါဖြတ်ပေးလိုက်သည်။

လက်ရှိ PNO ကောက်ခံနေသည့် ဆက်ကြေးစျေးနှုန်းများမှာ ယာဥ်ငယ်ဖြစ်ပါက ကျပ်ငွေ ၅သောင်းပေးဆောင်ရပြီး၊ ယာဉ်ကြီးတစ်စီးလျှင် ကျပ်ငွေ တစ်သိန်းကျပ်ပေးဆောင် ရကြောင်း စံကားဒေသမှ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်၊

‘’အနောက်ဘက်တပ်စခန်းက ဗိုလ်ယက္ခ ဦးဆောင်ပြီး လိုက်ကောက်တယ်။ ထောက်ခံစာနဲ့လာတယ် ပြီးတော့ ဖြတ်ပိုင်းပါပေးတယ်။ ကားအသေးဆိုရင် ၅သောင်း ကျပ်‌ပေးရတယ် ကားအကြီးရှိတဲ့အိမ်ဆို ၁သိန်းကျပ်ပေးဆောင်ရတယ် ‘’ ဟု ၎င်းက ပြောသည်။

အင်းလေး‌ဒေသ အနောက်ဘက်ခြမ်း မှော်ဘီရွာ တံတားအောက်ဘက်ခြမ်းတွင်းရှိ ကျေးရွာဒေသများကို ကောက်ခံပြီးသွားပြီဖြစ်သည်။ အခွန်မဆောင်နိုင်သည့်ပြည်သူများသည် သေနတ်သံဖြင့်သာ ခြိမ်းခြောက်မှုတွေ ရှိနေသည်ဟု မြို့နယ်ခံ အသက် ၄၈ ရှိ အမျိုးသားတစ်ဦးက ပြောသည်။

‘’ အင်းလေး‌ဒေသ အနောက်ဘက်ခြမ်း မှော်ဘီရွာ တံတားအောက်ဘက်ခြမ်းရှိ ကျေးရွာဒေတွေဆို သူတို့ကောက်ပြီးသွားပြီ။ အခွန်မဆောင်နိုင်တဲ့သူတွေဆို သေနတ်သံနဲ့လည်း ခြိမ်းခြောက်သေးတယ် ‘’ ဟု ၎င်း ပြောသည်။

ထို့အပြင် အင်းလေး‌ဒေဘက်ရှိ ကျေးရွာအချို့တွင် PNO က တစ်ဖြေးဖြေးဖြင့် ဆက်ကြေးကောက်မှု ကြမ်းလာကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...