မိုးမောက် ခမရ-၄၃၇ ကို KIA သိမ်းပိုက်၊ မြို့ကို ထိန်းချုပ်နိုင်သော်လည်း အုပ်ချုပ်ရေးယန္တရား မချမှတ်နိုင်သေး

ကချင်ပြည်နယ် မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ကချင်လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်နိုင်သော်လည်း အုပ်ချုပ်ရေးယန္တရား မချမှတ်နိုင်သေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်က မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ကချင်လွတ်လပ်ရေးတပ် KIA က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ (၁၉) ရက်နေ့တွင် တပ်ရင်းတစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုသည်။

“မှန်ပါတယ်၊ မိုးမောက်က ခမရ-၄၃၇ စခန်းကို ဇူလိုင်လ ၂၄ ရက်ကနေ စပြီးတော့ ဩဂုတ်လ ၁၉ ရက်မှာ အပြီးကတော့ ၂၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ပါတယ်။ ခမရ-၄၃၇ ရဲ့ တာဝန်က သူတို့ရဲ့ ဗန်းမော် လုံခြုံရေးအတွက် အဓိက ဖြစ်ပါတယ်။ ခမရ-၄၃၇ ကို ကျနော်တို့ သိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဗန်းမော်ရဲ့ လုံခြုံရေးကတော့ စိုးရိမ်ရတာပေါ့”ဟု ဗိုလ်မှူးကြီး နော်ဘူ က သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုသည်။

ဗန်းမော်မှ မိုးမောက်သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်

ကချင်လွတ်လပ်ရေးတပ် KIA မှ သိမ်းပိုက်ရရှိသည့် မိုးမောက်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-၄၃၇ တပ်ရင်းသည် တိုက်ခိုက်ရေးတပ်ရင်း (၁၀) ခု အထိ ရှိထားပြီး ထောက်ပို့တပ်အပါအဝင် စုစုပေါင်း တပ်ရင်း(၁၂) ခုအထိ အင်အားစုဝေးလျက် ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၎င်းတပ်ရင်းများသည် ပြီးခဲ့သည့် မတ်လမှ စတင်ခဲ့သည့် KIA ၏ ထိုးစစ်ကြောင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမကြီးနှင့် ဗန်းမော်-လွယ်ဂျယ် ကားလမ်းမတလျှောက်ရှိ စစ်ကောင်စီ တပ်ရင်းများမှ ထွက်ပြေးလာသည့် တပ်များဖြစ်ပြီး မိုးမောက်မြို့ရှိ ခမရ-၄၃၇ တပ်ရင်းတွင် စုဝေးနေခြင်း ဖြစ်သည်။

“မိုးမောက်မြို့ကိုတော့ ထိန်းချုပ်နိုင်လို့ ရပါတယ်၊ အုပ်ချုပ်ရေးယန္တရား ချနိုင်တဲ့ အနေအထားတော့ မရှိသေးဘူး။ (ဗန်းမော်မှာ) အချင်းချင်းကတော့ တော်တော်ကပ်လာတဲ့ အနေအထားတော့ ရှိပါတယ်။ ဒါပေမယ့် သူတို့ကလည်း ထိုးစစ်ဆင်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ”ဟု ဗိုလ်မှူးကြီးနော်ဘူ က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ဗန်းမော်မှ မိုးမောက်သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်

မိုးမောက်အခြေစိုက် ခမရ-၄၃၇ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ် KIA မှ တိုက်ခိုက်စဉ်အတွင်း စစ်‌ကောင်စီတပ်မှ လက်နက်အင်အား၊ လူအင်အား အများအပြားဖြင့် ခုခံတိုက်ခိုက်ပြီး လက်နက်ကြီး၊ လေကြောင်းပစ်ကူအပြင် ဒရုန်းများလည်း အသုံးပြုခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးဆုံးရှုံးမှု များပြားကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ဗန်းမော်မြို့ဘက်မှ လက်နက်နှင့် လူအင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းကိုလည်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကားလေးစီးနှင့် သံချပ်ကာယာဉ်တစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...