နောင်ချိုမှာ TNLA နဲ့ PDF ပူးပေါင်းတပ်များ အလံဖြူထောင်ပြီး ဆုတ်ခွာခဲ့ရတယ်ဆိုတဲ့ သတင်းအမှား

20 August 2024 By (SHAN News+Kantarawaddy Times)

ရှမ်းပြည် နောင်ချိုမြို့နယ်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းခဲ့တယ်ဆိုပြီး ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် KO CHIT (MDY) ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “ နောင်ချိုမှာ ပလောင်နဲ့ လက်ပဒီးတွေ ဆုတ်လမ်းတောင်း၊ တပ်မတော်မှ အလံဖြူထောင်ပြီး ၅၀ တစ်အုပ်စု ဆုတ်လာခဲ့” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၄၅,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/zz9GF

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြန်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

နောင်ချိုမြို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပေမဲ့ နောင်ချိုမြို့ကိုတော့ ဆက်လက်ထိန်းချုပ်ထားနိုင်တယ်လို့ ၂၀၂၄ သြဂုတ် ၁၄ ရက်နေ့က DVB သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းလင့်ခ် – https://burmese.dvb.no/post/664721

သျှမ်းပြည်မြောက်ပိုင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနမှာလည်း “TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နောင်ချိုမှာ တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၂ လုံးလာကြဲခဲ့တယ်” ဆိုကာ မြို့ခံတစ်ဦးကို ကိုးကားပြီး ၂၀၂၄ သြဂုတ် ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုလိုင်ပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/ThCR5

ဒါ့အပြင် နောင်ချိုမြို့ကို စစ်ကောင်စီ အင်အားမဖြည့်နိုင်ဖို့ အင်းဝိုင်းရှိ ဆင်းရွှေလီသကြားစက် အဝင်လမ်းကိုလည်း TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တောက်လိုက်ကြောင်း သျှမ်းသံတော်ဆင့်သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://burmese.shannews.org/archives/43561

လက်တလော နောင်ချိုမြို့တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြို့ခံတစ်ဦးကို မေးမြန်းခဲ့ရာ “ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတော့ နောင်ချိုနဲ့ ရှမ်းတောင်ကိုသွားဖက်လမ်းက တောင်းခမ်းဘက်မှာတော့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ အဲ့မှာစစ်ကောင်စီအမြောက်တပ်ရှိတယ်။ ပြီးတော့ နောင်ချိုနဲ့ ပြင်ဦးလွင်သွားတဲ့ဖက် ဘန်းဘွေးဖက်မှာ ပစ်ခတ်မှုရှိတယ်။ ဒီရက်ပိုင်းတော့ ပစ်ခတ်မှုတိုက်ပွဲမကြားတော့ဘူး။ ငြိမ်နေတယ်” လို့ ပြောပါတယ်။

သုံးသပ်ချက်

နောင်ချိုမှာ TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ရှိခဲ့တာ မှန်ပါတယ်။

TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက နောင်ချိုမှာ အလံဖြူထောင်ပြီး ဆုတ်ခွာဖို့အတွက် စစ်ကောင်စီတပ်ထံ ခွင့်တောင်းတယ်ဆိုတဲ့ အကြောင်းအရာက မှားယွင်းနေတာတွေ့ရှိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချိသူတွေက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီး TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က အလံဖြူထောင်ပြီး လက်နက်ချသယောင် လုပ်ကြံဖန်တီးရေးသား ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နောင်ချိုမြို့နဲ့ အနီးအနားကို TNLA ပါဝင်တဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနေဆဲဖြစ်သလို တိုက်ပွဲဖြစ်ပွားနေဆဲအခြေအနေမှာ အခုလို အထင်မြင်မှားလွဲစေတဲ့ သတင်းမှားတွေကို စစ်ကောင်စီ ဝါဒဖြန့်ချိသူတွေဖြန့်ချိနေတာကို လွယ်လင့်တကူမယုံဖို့ လိုအပ်ပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

By (SHAN News+Kantarawaddy Times)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...