နမ့်လန်မြို့အနီး စစ်ကောင်စီနှင့် MNDAA တိုက်ပွဲကြား ခရီးသည်(၂) ဦး သေနတ်ကျည်ထိမှန်သေဆုံး
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ နှစ်ဘက်တိုက်ပွဲအကြား ခရီးသည်(၂)ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၉) ရက် ည ၉ နာရီကျော်တွင် နမ့်လန်မြို့အနီး နားမခေါ်နှင့် ကောင်းဟက်ကျေးရွာ အကြား စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA...
မိုင်းရယ်မြို့နယ် MNDAA စစ်အင်အားဖြည့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA သို့စစ်အင်အားဖြည့်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခဲ့ကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မိုင်းရယ်မြို့နယ် ဟိုယကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် စစ်အင်အားများဖြည့်တင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ကိုးကန့်တွေ နဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေက...
လားရှိုးမြို့ ရပ်ကွက် (၈) စစ်ကောင်စီ ဗုံးကြဲမှု ထိခိုက်ပျက်စီးမှု များပြား
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို.၊ (၈) ရပ်ကွက်ကို ယမန်နေ့၊(စက်တင်ဘာလ ၂၈ ရက်) ည ၈ နာရီခွဲခန့် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လူနေအိမ်အဆောက်အအုံများစွာ သာမက ကားများ ထိခိုက် ပျက်စီးခဲ့ရကြောင်း မြို့ခံများက ပြောသည်။ ကိုးကန်တပ်- MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ပေါ် လေကြောင်းမှ...
SHAN -
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...
SHAN -
သျှမ်းမြောက် မြို့တော် လားရှိုးကို ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက် အစောပိုင်း ၃ နာရီခွဲခန့် လူအိပ်မောကျချိန် စစ်ကောင်စီ လေကြောင်းမှ ဗုံး ၃ ကြိမ်ကြဲချ တိုက်ခိုက်သဖြင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၆ ဦး...
တိုင်းရင်သားနှင့် PDF များ လက်နက်စွန့်၍ ရွေးကောက်ပွဲဝင်ရန် စစ်ကောင်စီ ဖိတ်ခေါ်
SHAN -
လက်နက်ကိုင် တော်လှန်နေသည့် တိုင်းရင််းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင်ရန် ကမ်းလှမ်းကြောင်း စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) နေ့က...
မိုးမောက်မြို့ တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်
ကချင်ပြည် မိုးမောက်မြို့ကို တန်ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၄) ရက်မှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မိုးမောက်မြို့ရှိ ခြေမြန်တပ်ရင်း ခမရ-၄၃၇ ကို ပြန်လည်ရရှိရန်...
ဆီဆိုင်မြို့တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်နေသည်ဟု စုံစမ်းသိရသည်။ ဆီဆိုင်မြို့တွင် စက်တင်ဘာလ ဒုတိယပတ်လောက်မှ စစ်ဆေးမှုတွေ တင်းကြပ်လာပြီး ကုန်ပစ္စည်းအများအပြား သယ်လာသည့် ကုန်ကားကြီးများကို ဖြတ်သန်းခွင့်မပြုကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ ဒုတိယပတ်လောက်မှ စစ်ဆေးတာပိုတင်းကြပ်လာတယ်။ ဆိုင်ကယ်တော့ ပေးဖြတ်တယ်။ ကုန်ကားကြီးတွေဆို မပေးဖြတ်ဘူး။ ပစ္စည်းအများကြီးတင်တဲ့ကားတွေဆိုလည်း...
သျှမ်းမြောက်သို့ အင်အားထပ်ဖြည့်လာသည့် စစ်ကောင်စီတပ်ထဲ သျှမ်းတောင်မှ ပြည်သူ့စစ်များလည်း ပါဝင်လာ
သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များထံ လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများထံသို့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းလျက်ရှိရာ ပြည်သူ့စစ်များလည်း အချိုးကျ ပါဝင်လာကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်မှ စတင်ပြီး တန့်ယန်းနှင့် မိုင်းရယ်မြို့ဘက်သို့ ဦးတည်၍ သျှမ်းပြည်တောင်ပိုင်းရှိ မြို့များမှ စစ်ကောင်စီတပ်များအပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှ တပ်အင်အားအများအပြားဖြင့် ထပ်မံဖြည့်တင်းနေကြောင်း ဒေသခံများက...
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးရွာတွင် အမျိုးသမီးတစ်ဦးအသတ်ခံခဲ့ရကြောင်း သိရသည်။ ရွာငံမြို့နယ် နွားဘန်းကြီးရွာတွင်နေထိုင်သည့် အသက် ၄၇နှစ်အရွယ် ဒေါ်မှိုင်းဝေယမန်နေ့ (စက်တင်ဘာလ ၂၁) ရက်တွင် ကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာရှိ မြင်းကပတ် တောင်ယာစိုက်ခင်း၌ ရှိနေစဉ် အသတ်ခံခဲ့ရပြီး ဓားထိုးဒဏ်ရာ သေနတ်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည့်အလောင်းကို ဒေသခံများက တွေ့ရှိခဲ့သည်။ “သူ့ကို...






