Tuesday, January 31, 2023

CATEGORY

စစ်ရေး

လားရှိုးမြို့နယ်အတွင်း အစိုးရတပ်မတော်ထိုးစစ်ဆင်သည့်အတွက် ဒေသခံ ၁၀၀ ကျော်စစ်ဘေးရှောင်ရောက်

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA အား အစိုးရတပ်မတော်ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ဒေသခံရွာသား ၁၀၀ ကျော် နေရပ်မှထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၄ နာရီခန့်ကတည်းက မိုင်းယော်တိုက်နယ် တောင်ဘက် ပန်လော့ရွာနှင့်လွယ်စန်းရွာတို့ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများလက်နက်ကြီးကျည် ပစ်ခတ်သံများကြား ရပြီးနောက် မိုးလင်းချိန်တွင်...

သျှမ်းပြည်သားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း စစ်ရေးတင်းမာမှုကြောင့် စစ်ရှောင်ရာချီ မြို့ပေါ်ရောက်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွါးသဖြင့် အီနိုင်းအုပ်စုဒေသခံများ လားရှိုးမြို့နယ် မန်ဆူဘုန်းတော်ကြီးကျောင်းသို့စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေကြောင်းသိရသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှစပြီး အီနိုင်းအုပ်စုမှဒေသခံများ မန်ဆူဘုန်းတော်ကြီးကျောင်းသို့  တဖွဲဖွဲရောက် ရှိလာနေကြောင်း ရရှိထားသောစာရင်းအရ ၄၀၀ ဦးခန့်ရှိကြောင်း လားရှိုးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက...

သျှမ်းမြောက်ဒေသတွင် အောက်တိုဘာ အတွင်း မြေမြှုပ်မိုင်း ၄ ဦးနင်းမိ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် အောက်တိုဘာလအတွင်း အရပ်သား ၄ ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း သတင်းရရှိသည်။ အဆိုပါ မြေမြုပ်မိုင်းနင်းမိသည့် အရပ်သားများမှာ အောက်တိုဘာ ၁၉ ရက်တွင် နမ့်ဆန်မြို့နယ် မန်ကန်အုပ်စု၊ မန်ကန်ကျေးရွာ တွင် တဦး၊ အောက်တိုဘာ ၂၁ ရက်နေ့ တွင်...

နမ္မတူ ရောက် မိုင်းရင်စစ်ဘေးရှောင် ၉၀၀ ကျော်အနက် တချို့နေရပ်ပြန်

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ ပေါ်သို့ စစ်ဘေးရှောင်ရောက်ရှိလာသည့် မိုင်းရင် ကျေးရွာ ဒေသခံများ ယနေ့ နေရပ်သို့ ပြန်ရန် စီစဉ်နေကြကြောင်းသိရသည်။ သီတင်းကျွတ်လပြည့်နေ့ ( အောက်တိုဘာ ၂၄) ရက်နေ့တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA ) နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ နမ္မတူမြို့...

လင်းခေးခရိုင်အတွင်း PNLO နဲ့ RCSS တို့ကြား တင်းမာမှုဖြစ်ပွါး

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA အတူတကွလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ PNLO နဲ့ RCSS တို့ဟာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်မှာ ၂ ဖက်စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။ အောက်တိုဘာလဆန်းပိုင်းကတည်းကစပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် နဲ့ မောက်မယ်မြို့နယ် ထဲမှာ လှုပ်ရှားသွားလာနေတဲ့ ဒီ...

သီတင်းကျွတ်လပြည့်နေ့ နမ္မတူမြို့နယ်အတွင်း သျှမ်းပြည်သားအချင်းချင်းတိုက်ပွဲဖြစ်ပွါး

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းရင် ကျေးရွာ တွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မအခါတော်နေ့တွင် တိုက်ပွဲများကြောင့် နမ္မတူမြို့နယ်ရွှေမြင်သာ ကျောင်းသို့ စစ်ရှောင်များရောက်ရှိနေကြောင်း သိရသည်။ မြောက်ပိုင်းမဟာမိတ်တပ် နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ အောက်တိုဘာလ ၂၄ ရက်...

နမ္မတူမြို့နယ်အတွင်း ပစ်ခတ်မှုသံကြောင့် ဒေသခံများ ထိတ်လှန့်

အဘိဓမ္မာအခါတော်နေ့ ၊ သီတင်းကျွတ်လပြည့်နေ့မတိုင်ခင် ၂ ရက်အလို နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများကြားရသဖြင့်ဒေသခံများ ထိတ်လှန့်မှုဖြစ်ရကြောင်းသိရသည်။ နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ဘက်တွင် အောက်တိုဘာလ ၂၂ ည နှင့် ၂၃ ရက်နေ့မနက်ပိုင်းတို့တွင် ပစ်ခတ်တိုက်ခိုက်မှုအသံများကြားရခြင်းဖြစ်ပြီးအဆိုပါဒေသတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၊ အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA...

PNLA နှင့် RCSS/SSA တို့ မိုင်းပန်တွင် ထိတွေ့မှုဖြစ်ပွါး

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားလာသော   PNLA တပ်ဖွဲ့နှင့်  သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တရက်အတွင်း ၂ ကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၁၆ ရက် မနက် ၅ နာရီ ၄၅ မိနစ်က   PNLA တပ်ဖွဲ့နှင့်   RCSS/SSA တို့ မိုင်းပန်မြို့နယ်...

ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် သီပေါမြို့နယ် ဒေသခံများထိတ်လန့်မှုဖြစ်

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲသဖြင့် ဒေသခံများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ချိန်ကိုက်ဗုံးသည် သီပေါမြို့နယ် နားမွန်းကျေးရွာ နှင့် နားကျိုင်း ကျေးရွာ ကြားတွင် ယမန်နေ့ အောက်တိုဘာ ၉ ရက် နေ့လည် ၃ နာရီကျော်အချိန်က ပေါက်ကွဲခဲ့...

ကွတ်ခိုင်မြို့နယ်အတွင်း စစ်ရေးတင်းမာ မန့်ပြိန်းဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန့်ပြိန်း ကျေးရွာတွင် မြန်မာတပ်မတော်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) တို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံများ တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်မှုများဖြစ်ပွားနေကြကြောင်းသတင်းရရှိသည်။ စက်တင်ဘာ ၂၉ ရက်နေ့တွင် TNLA တပ်ဖွဲ့သည် မန့်ပြိန်း ကျေးရွာ တွင် ကားဘီးလှိမ့်ခွန် (ဆက်ကြေး)...

Latest news