Friday, April 26, 2024

CATEGORY

စစ်ရေး

နောင်ချိုမှာ ပြည်သူတစ်ဦး မိုင်းနင်းမိ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ခင်းသွားသည့် ပြည်သူတစ်ဦးက မိုင်းနင်းမိကြောင်း စုံစမ်း သိရ သည်။ ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းတွင် နောင်ချိုမြို့နယ် ကုန်းညောင်ကျေးရွာမှ ကြံစိုက်ခင်း သွားသည့် ဒေသခံ အမျိုးသား တစ်ဦးသည် မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ...

UWSA တပ်ဖွဲ့ မိုင်းယော်တိုက်နယ်သို့ အလုံးအရင်း ဝင်ရောက်လာ

သျှမ်းပြည် လားရှိုးခရိုင် မိုင်းယော် တိုက်နယ်အတွင်းသို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် ( UWSA ) တပ်ဖွဲ့ အင်အား ၃၀၀ ခန့် ဝင်ရောက် လာကြောင်း စုံစမ်း သိရသည်။ ယခုရက်သတ္တပတ်အတွင်းတွင် အင်အား ၃၀၀ နီးပါးရှိသည့် UWSA စစ်ကြောင်း တစ်ခုသည်...

NCA လက်မှတ်ထိုးထားသည့် RCSS နှင့်PNLO တို့ တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားနေ

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA  နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့သည် မောက်မယ်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၃၀ ရက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပထမအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပြီး နောက် မတ်လ ၃၁ ရက်တွင်လည်း ကဒူးကြီးဒေသရှိ နမ့်ပါတက် ကျေးရွာအနီးမှာလည်း ဒုတိယ အကြိမ် ထိတွေ့ တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်းသိရသည်။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး PNLO/PNLA တပ်သားများ နယ်မြေကျူးကျော်ဝင်ရောက်လာက ပါတက် ကျေးရွာမှ RCSS/SSA တပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ရခြင်း ဖြစ်ကြောင်း RCSS/SSA  ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။ ထို့အပြင် PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေတွင်းသို့ ကျူးကျော် ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း Tai Freedom မှ ထုတ်ပြန်ထားသည်။ သို့သော်လည်း PNLO/PNLA ဘက်ကမူ တစ်ဖက်၏ လုံခြုံရေးတပ်သားများ နယ်မြေကျော်လွန် လာမှုကြောင့် ပစ်ခတ်မှု ဖြစ်ရကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) မှ မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က အသိမပေးဘဲ ဒီဘက်နယ်မြေထဲ ရောက်လာတော့ ပစ်ခတ်မှု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း တပ်ဖွဲ့တွေ ရှိနေကြတဲ့ နေရာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အချင်းချင်း နယ်မြေ တစ်ခု နဲ့ တစ်ခုကြား ဒီလို ထိတွေ့မှု ကတော့ ရှိမှာပဲလေ၊အသေးစိတ်တော့ မသိရသေးဘူး” ဟု PNLO/PNLA အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ် ဝန်းကျင် ခန့် ကြာပြီး လက်ရှိအချိန်၌ မြေပြင် စစ်ရေး ငြိမ်သက်နေကြောင်းလည်းအထက်ပါ အရာရှိ ပုဂ္ဂိုလ်က ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ ထိုအဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာလည်း စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်နေသေးသည့်အဖွဲ့များဖြစ်ကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ RCSS/SSA  နှင့် PNLO / PNLA တပ်ဖွဲ့နှစ်ခုသည် သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွ...

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁ ဦး သေဆုံး ၊ ၄ ဦး ဒဏ်ရာရရှိ

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၊ ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KNDF BO 3 က ထုတ်ပြန်ထားသည်။ ယမန်နေ့ ဧပြီ ၂...

မန်တုံမြို့ TNLA မှ အမျိုးသမီးများကိုပါ အတင်းအဓမ္မ တပ်သားစုဆောင်းနေ

သျှမ်းပြည် ကျောက်မဲခရိုင် မန်တုံမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့သည် အမျိုးသမီးများကိုပါ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းနေကြောင်း သတင်းရရှိသည်။ ယခုနှစ် မတ်လ မှစပြီး ယနေ့ ဧပြီလထိ မန်တုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့ထဲတွင် TNLA တပ်ဖွဲ့သည် တပ်သားသစ်ကောက်ယူနေပြီး၊ အမျိုးသားမရှိပါက အမျိုးသမီးကို ယူဆောင်သွားကြောင်း သား/သမီး...

ဓာတ်ပုံများမှ သတင်းစကား သို့မဟုတ် စစ်ခေါင်းဆောင်၏ အကြောက်တရား

နိဒါန်း မတ်လ ၂၇ ရက်တွင် ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်၏ နှုတ်ထွက်သတင်း စကားများကို ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှတဆင့် ကြားသိခဲ့ရပြီဖြစ်သည်။ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် ၎င်းတို့အား ကူညီနေသော တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)အချို့ကို ပြတ်ပြတ်သားသားအရေးယူမည်ဟု ဗိုလ်ချုပ်မှူးကြီး က...

အရပ်သားပြည်သူများအား ပစ်မှတ်ထားလာသော စစ်အုပ်စု၏ လေကြောင်းရန်

နိဒါန်း မိမိတို့ BNI-Myanmar Peace Monitor အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ်၊ လက်ယက်ကုန်းရွာ ကိုယ်ထူကိုယ်ထစာသင်ကျောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်၊ ဖားကန့်မြို့နယ် အနန့်ပါ(ANang...

PPST အဖွဲ့ဝင် ဖြစ်သည့် RCSS နှင့် PNLA က မောက်မယ်အတွင်း ထိတွေ့တိုက်ပွဲ ဖြစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLO/PNLA) တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ကြောင်းစုံစမ်းသိရသည်။ ယနေ့ (မတ်လ ၃၀ )ရက် နံနက်ပိုင်း ၅ နာရီဝန်းကျင်တွင် လင်းခေးခရိုင် မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း၌ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေး ကင်းလှည့်သည့် တပ်သားများ မှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း နှင့် ပတ်သက်ပြီး RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးခမ်းစံကို ဆက်သွယ်မေးမြန်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်သည်ဟုသာ သိရပြီး အသေးစိတ်ကို မသိရသေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လုံခြုံရေး ကင်းလှည့်တဲ့ တပ်သားအချင်းချင်း ထိတွေ့မှုဖြစ်တာလို့ပဲ သိရတယ်၊ ကျနော်တို့ဘက်က သွားပြီး စပစ်တာတော့မဟုတ်ဘူး၊ ခုလည်း သူတို့ဘက်ကပဲ လာပစ်တာလို့ သိရတယ်၊ ဒီနေရာက ကျနော်တို့ အရင် ကတည်း သွားလာလှုပ်ရှားတဲ့ နေရာလေ၊ ဒီနေ့ ပစ်ခတ်မှု အသေးစိတ်ကိုတော့ ကျနော်မသိရသေးဘူး” ဟု ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ ထိတွေ့တိုက်ပွဲသည် ၁ နာရီအထိ ဖြစ်ပွားကြောင်း ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။ ယင်းထိတွေ့ တိုက်ပွဲ နှင့် ပတ်သက်ပြီး  (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်ကို ဆက်သွယ်မေးမြန်းရာ သတင်း သာကြားရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ခုနကတော့ အသိတစ်ယောက်က ကဒူးကြီးဘက် ထိတွေ့တိုက်ပွဲ ဖြစ်လား ဆိုပြီးတော့ လာမေးတယ်၊ ကျနော့် ဆီတော့ သတင်းအချက်အလက် မရောက်လာသေးဘူး၊ အဲ့ဘက်က ဆက်သွယ်ရေး တာဝန်ခံတွေဆီ မေးကြည့် လည်း ဖုန်းက မရဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကလည်း အတည်လည်း မပြုနိုင်သေးဘူး” ဟု (PNLO) ၏ ဒုဥက္ကဌ (၁) ခွန်ထွန်းတင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။ RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့ နှစ်ခုကြား ထိတွေ့ ပစ်ခတ်မှုများက ရှိနေကြသည်။ မောက်မယ်မြို့နယ် ကဒူးကြီး ဒေသ အတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

နမ့်ခမ်းမြို့အနီး TNLA တပ်သားများ အင်အားဖြည့်တင်းလာပြီး ဒေသခံနေအိမ်များထဲ ဝင်ရောက်နေထိုင်

သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့ပြင်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်သားတို့က စစ်အင်အားဖြည့်တင်းလာပြီး ဒေသခံပြည်သူများ နေအိမ်များထဲလာရောက်နေထိုင်ကြောင်း စုံစမ်းသိရသည်။ ယခု မတ်လ တတိယပတ်က စတင်ပြီး TNLA တပ်သားများသည် နမ့်ခမ်းမြို့ပြင်တွင် စတင်ဝင်ရောက်လာပြီး ယနေ့ မတ်လ ၃၀ တွင် မြို့တွင်း နှင့်...

ပင်လောင်းစစ်ရှောင်များ ရာသီဉတုအပြောင်းအလဲကြောင့် ချောင်းဆိုး၊ ဖျားနာ

သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီဉတုအပြောင်းအလဲကြောင့် စစ်ရှောင်များချောင်းဆိုးခြင်း၊ ဖျားနာခြင်း ကြုံတွေ့ရကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ ရွာနှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ဦးရေ (၅၀၀၀) ကျော်ထဲမှ စစ်ရှောင်စခန်းများသည် (၁၄) နေရာရှိကြောင်း သိရသည်။ ထို စစ်ရှောင်စခန်း (၁၄)...

Latest news