Tuesday, May 7, 2024

CATEGORY

စစ်ရေး

စစ်ကောင်စီ ဗုံးကြဲ ဖယ်ခုံ သူနာပြု အပါအဝင် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရ၊ စစ်ရှောင်များထပ်မံ တိမ်းရှောင်နေရ

သျှမ်းပြည် ဖယ်ခုံမြို့နယ် စစ်ရှောင်များ အားကိုးနေရသည့် ဆောင်းဖွေးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ရာ သူနာပြုတစ်ဦးအပါအဝင် စစ်ရှောင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး စစ်ရှောင်များ ထပ်မံ ထွက်ပြေးနေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၅ ရက်) မွန်းလွဲ ၁ နာရီခန့် ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်များ အသုံးပြုသည့်...

ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ စစ်ရှောင်များ ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ ဆောင်းဖွေးဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ရှောင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီလ ၂၅ ရက်) နေ့လယ် ၁ နာရီကျော် အချိန်ခန့် ၌ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် အသုံးပြုပြီး စစ်ရှောင်များ အသုံးပြုနေသည့်...

လဲချားပြည်သူ မြေမြှုပ်မိုင်းကြောင့် ခြံသွားရန် စိုးရိမ်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စ၍ လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး...

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းနောင်မြို့ကျေးရွာအချို့ စစ်ရှောင်နေရ

သျှမ်းပြည် လဲချားမြို့နယ် နှင့် မိုင်းနောင်မြို့ နယ်စပ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် မိုင်းနောင်မြို့ရှိ မင်္ဂလာရန်အောင် ကျောင်းတိုက်မှာ စစ်ဘေးရှောင် (၁၀၀) ကျော် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါ စစ်ရှောင်များသည် မိုင်းနောင်မြို့ ဝမ်တုံကျေးရွာ၊ လုံယန်းကျေးရွာ၊...

နောင်ချို တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၄ ထောင် နီးပါးရှိလာ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၄ ထောင် နီးပါးရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က နောင်ချိုမြို့နယ်တွင် တိုက်ပွဲတစ်ဖန် ပြင်းထန်ခဲ့မှုကြောင့် ဒိုးပင်၊ ဟိုခို၊...

နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အပါအဝင် တပ်သား ၁၀၀ နီးပါးသေဆုံး

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲကြားတွင် စစ်ကောင်စီ ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြတ်မင်းထွန်း အပါအဝင် စစ်ကောင်စီ တပ်သား ၁၀၀ နီးပါး သေဆုံးကြောင်း MDY PDF...

ကျိုင်းတုံ စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်တစ်ဦး ကြိုးဆွဲချ သေဆုံး

သျှမ်းပြည် ကျိုင်းတုံမြို့ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) မှ တပ်ကြပ်တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီလ ၂၂ ရက်) မွန်းလွဲ ၁ နာရီအချိန်တွင် ကျိုင်းတုံမြို့ အမှတ် (၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးတပ်အတွင်း၌ အသက် ၄၀ နှစ်အရွယ်ရှိ တပ်ကြပ်တစ်ဦး ကြိုးဆွဲချ...

နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ

သျှမ်းပြည် ကျောက်မဲခရိုင် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ပြီခဲ့သည့် (ဧပြီလ ၅ ရက်)မှ စ၍ နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ MDY - PDF...

လဲချားမြို့နယ် သျှမ်းတပ် (၂)တပ် ပစ်ခတ်သံကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာမှုကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးရပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးမှု လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းတပ် (၂) တပ် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့်...

ကျောက်မဲခရိုင်အတွင်း စစ်ကောင်စီက လက်နက်ကြီး အများအပြား ပစ်ခတ်

သျှမ်းပြည် ကျောက်မဲခရိုင်အတွင်းတွင် တစ်ရက်တည်း အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က လက်နက်ကြီးဖြင့် ၁၀ လုံးထက်မနည်း ပစ်ခတ်မှု ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီ ၁၉) ရက် ညနေပိုင်း ၇ နာရီမှ စတင်ကာ ကျောက်မဲမြို့နယ် မြောက်ဘက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း...

Latest news